Thank you Note

9.1K 843 201
                                    

Unicode

Fic တစ်ပုဒ်ပြီးတိုင်း ကျေးဇူးတင်စကားပြောမယ်လို့ တွေးထားတာမို့ လေကြောရှည်ပါရစေရှင် 😁

အစကနေအဆုံးထိ အတူရှိပေးခဲ့ကြသူတွေကိုရော ၊ အဆုံးသတ်နိုင်ခဲ့တဲ့ ကိုယ့်ကိုကိုယ်ရော appreciate သင့်တယ်ယူဆလို့ပါ 😁

ဖတ်ပေးကြတဲ့သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ဆိုတာထက် ပိုလေးနက်တဲ့စကားရှိရင် ပြောချင်ပါတယ်ရှင်။

Rainbow (သက်တန့်) fic လေးက လေးငယ်အတွက် ထင်မှတ်မထားတဲ့ တုန့်ပြန်မှုတွေရခဲ့တဲ့ fic လေးတစ်ပုဒ်ပါ။ ဒီလောက်ထိ ကြိုက်ကြမယ် မထင်ခဲ့ဘူး။ အများကြီး သဘောကျပေး ၊ ဖတ်ပေးခဲ့ကြလို့ ပျော်ခဲ့ရပါတယ်။ ကိုကိုနဲ့ ပေါက်စလေးကို မခွဲချင်ကြသေးဘူးဆိုလို့ လည်း ဒီလောက်ထိချစ်ပေးကြတယ်ဆိုပြီး ပီတိဖြစ်ရပါတယ်။

၁။ Rainbow (သက်တန့်) fic ရေးဖြစ်ပုံ
() ကိုကို
Rainbow က ဇာတ်လမ်းအကြောင်းအရာ ဘာရေးရမယ်ဆိုတာ မစဉ်းစားခင် character type ကို အရင် စ စဉ်းစားခဲ့တာပါ။ အထူးသဖြင့် ကိုကို့ character ပါ။ ကိုကို့ကို ပြီးပြည့်စုံတဲ့ လူတစ်ယောက် အဖြစ် ဖန်တီးချင်ခဲ့ပါတယ်။ ပြီးပြည့်စုံတယ်ဆိုတာ ... စီးပွါးရေးလောကမှာ ဘုရင်တစ်ဆူလား ?  ဉာဏ်ပညာအရာမှာ ဆရာတစ်ဆူဖြစ်နေတာမျိုးလား ? အဲ့ဒါတွေထက်ပိုချင်ပါတယ်။ အဓိက က ကိုယ်ကျင့်တရားပိုင်း ၊ လူ့ကျင့်ဝတ်စောင့်ထိန်းမှုပိုင်း ၊ ဂုဏ်သိက္ခာကြီးမြတ်မှုပိုင်း  တွေမှာ ၃၆၀ ဒီဂရီလုံး ဘယ်ထောင့်ကကြည့်ကြည့် အပြစ်အနာအဆာမရှိ ပြည့်စုံမြင့်မားနေတာမျိုး ပြချင်ခဲ့ပါတယ်။

ကိုကိုက ဒီလိုအရှိန်အဝါကြီးတဲ့သူတစ်ယောက်မို့  သူတို့နှစ်ယောက်ကြား အသက်အရွယ် တော် တော်ခွါထားဖို့ပါ တွေးလိုက်ပါတယ်။

() ပေါက်စလေး
ကိုကို့ကိုတည်ပြီးမှ ပေါက်စလေး character ကို စဉ်းစားခဲ့ပါတယ်။ ဖြူစင်ရိုးသားတဲ့ အဖြူရောင်ကောင်လေးတစ်ယောက် ၊ တကယ့်ကို ရိုးသားဖြူစင်လွန်းသူလေး ၊ ဘယ်နေရာရောက်ရောက် အချစ်ခံဖို့ ထိုက်တန်သူလေး အဖြစ်ပုံဖော်ပြချင်ခဲ့ပါတယ်။

Rainbow (သက်တန့်) (Completed)Where stories live. Discover now