R 10

22.7K 2.1K 114
                                    

Unicode

လူတွေအားလုံးကို သေချာမြင်နိုင်လောက်တဲ့ ဆလိုက်မီးရောင် မှိန်ဖျော့ဖျော့ကျနေတဲ့ အပေါ်ထပ်တစ်နေရာကနေ ရှောင်းကျန့် ရပ် လျက် ရိပေါ်ရှိရာကို သေချာစိုက်ကြည့်နေသည်။

"Surprise အကြီးစားကြီးပဲ။ ငါ လုံးဝ ထင်မထားခဲ့ဖူးရှောင်းကျန့်"

သူ့အနားလာရပ်လို့ သူ ကြည့်ရာ လိုက်ကြည့်ရင်း ပြောလာတဲ့ ကျန်းဝမ်ရင် စကားကို ရှောင်းကျန့် က ဘာမှမတုန့်ပြန်ဘဲ လက်ထဲက ဝိုင်ကိုသာ ခပ်ဖြည်းဖြည်း ဆွဲသောက်နေလိုက်သည်။

"နောက် ၂ လမှ အလုပ်ခေါ်မယ့် Entertainment က အစီအစဉ်ပြောင်းပြီး ချက်ချင်းဝန်ထမ်းအသစ်တွေ ခန့်တယ်။ ခန့်လိုက်တဲ့ထဲမှာ ဒီကောင်လေးတစ်ယောက်ပဲ ဘွဲ့မရသေးဘဲ ပါလာတယ်။ တစ်ယောက်တည်း သီးသန့် ယန်လီဆီမှာ ထားပြီး train ခိုင်းတယ်။"

ကျန်းဝမ်ရင်က စကားကို ဖြတ်ပြီး ဗော့ကာကို မော့သောက်လိုက်သည်။ ဟိုက်ခွန်းက ဆက်ပြီး ဝင်ပြောလိုက်သည်။

"ဘယ်လိုလဲရှောင်းကျန့်.... ငါတို့လို သူငယ်ချင်းအရင်းခေါက်ခေါက်တွေကို တစ်ခုခုတော့ မင်း ဝန်ခံရမယ်မဟုတ်လား"

ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ရှိရာကိုအကြည့်မပြတ်သလို သူတို့ဘက်သို့ ယောင်လို့တောင့် လှည့်ကြည့်မလာ။ ကျန်းဝမ်ရင်နဲ့ ဟိုက်ခွန်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပခုံးတွန့်လိုက်ကြတော့သည်။

ကျန်းဝမ်ရင်က ရှောင်းကျန့်လက်မောင်းကို လက်သီးနဲ့ မနာအောင် ထိုးလိုက်ပြီး

"မင်း ဒီကလေးကို ဘယ်ကတည်းက ကြံစည်နေတာလဲ" တဲ့။

ရှောင်းကျန့် နှုတ်ခမ်းတစ်ဖက် ကွေးညွတ်သွားသည်။ ဘာအဖြေမှတော့ ထွက်မလာ။

"ကျန့်ကော ကျွန်တော်ရောက်ပါပြီ"

အသံနဲ့အတူ ရောက်လာသူက ယွီပင်း။ ကျန်းဝမ်ရင်က ယွီပင်းဆီ လျှောက်သွားပြီး ပခုံးကို ဖက်လျက်

"ယွီပင်း ... မင်း ဘော့စ် အကြောင်း သိပြီးပြီလား"

ဆိုကာ သွားမေးနေသည်။ ယွီပင်းက မသိမသာအပြုံးနဲ့ ခေါင်းငုံ့လို့။

Rainbow (သက်တန့်) (Completed)Où les histoires vivent. Découvrez maintenant