ZAWGYI
ဆူညံနေသော မြေအောက်ခန်း Clubတစ်ခုအတွင်း
မီးရောင်စုံများကြား တေးသွားသံများနောက် စီးမျောစွာ
ကခုန်နေကြသည့် လူတစ်စု ။ထိုလူစုများကြား ဆံပင် အပြာရောင်ရှိသော
ထင်ထင်ရှားရှား လူငယ်တစ်ဦး ။ဘေးနားကို အလိုက်သင့်လေး ချဉ်းကပ်လာသော
ချစ်စရာ မိန်းမပျိုလေးကြောင့် သူ သဘောကျစွာ
ကြည့်နေမိသည် ။ထိုမိန်းကလေးက မျက်စပစ်ပြရင်း
အထာပေးလိုက်တော့ ခြေလှမ်းတို့က အလိုလို
သူမ အနားသို့ ရောက်သွားဆဲ ။"Hello Lady !အဖော်မပါဘူးလား
တစ်ယောက်တည်း ပျင်းနေရင် ကိုယ်နဲ့တွဲကမလား ""အို..Youက သိပ်အလိုက်သိတာပဲ.."
ဆူညံနေသော တေးဂီတသံများကြောင့် ကျွန်တော့်
နားကို ကပ်ကာ ကြားအောင် ပြောလိုက်တဲ့ သူမ ။
သူမ လက်တစ်စုံက လည်ပင်းကို သိုင်းဖက်လာတာ
နဲ့ တစ်ပြိုင်နက် ကျွန်တော်ကပါ သူမရဲ့ ခါးသွယ်သွယ်
လေးကိုဖက်ကာ ခန္ဓာကိုယ်ကို အစီအရီ လှုပ်ရှားကာ
ကနေမိတော့သည် ။အချိန်တွေကြာလာတော့ ကခုန်ရတာလည်း
မောလာပြီဖြစ်တာမို့ အတွင်းဘက်ကျကျစားပွဲဝိုင်းဆီသို့
သူမလက်ကိုဆွဲရင်း ကျွန်တော်ခေါ်လာမိသည် ။"မင်း သောက်တတ်လား "
"ဟွန့်...Youကအထင်သေးတာလား
ကျွန်မက ဘာဖြစ်ဖြစ်သောက်နိုင်တယ်
အေးဆေးပဲ "ထိုမိန်းကလေး၏ စကားကိုစိတ်တိုင်းကျသလိုဖြစ်သွား
တာနဲ့ ဖန်ခွက်ရှည်ရှည်လေးထဲသို့ ယမကာရည်တစ်ချို့ကို
သူမအတွက် ထည့်ပေးမိသည် ။"များများသောက်နော် ကောင်မလေး "
တစ်ခွက်ပြီးတစ်ခွက်ကို အချိန်ဆွဲခြင်းမရှိ
မော့သောက်နေသော မိန်းကလေး တဖြည်းဖြည်း
မူးလာတော့ သူမလက်တွေက ကျွန်တော့်ကျောပြင်ကို
တဖြည်းဖြည်းသိုင်းဖက်လို့လာတယ် ။
