🔶 Unicode version 🔶
" အိမ်ရှင်တို့.... " ရာစု အိမ်ရှေ့မှခေါ်သံကြား၍ မေမေ့ကိုကူနေရာမှထွက်ကြည့်သည်.. "ဟင်..ကိုကို" "ရာရာလေး " သားရဲ့ကိုကိုဆိုပြီးခေါ်သံကြောင့် ဒေါ်သူဇာအောင် အိမ်နောက်မှထွက်ခဲ့သည် အိမ်ရှေ့ရောက်တော့ လူကြီးတစ်ယောက်နဲ့ သူ့ကိုတွဲထားတဲ့ ကောင်လေးတစ်ယောက် သားထက်တော့ကြီးတယ်.. ငေးနေရာမှ ဒေါ်သူဇာအောင် စပြီး " အန်တီ ဝင်ခဲ့လေ ဘာကိစ္စလဲမသိဘူး " " အော် အန်တီတို့က နှစ်အိမ်ကျော်ကိုပြောင်းလာတဲ့သူတွေပါ နက်ဖြန် အိမ်တက်အတွက် လာဖိတ်တာ " " အော် ဟုတ်ကဲ့ လာခဲ့မှာပေါ့ အိမ်ပေါ်တက်ပါအုံးရှင့် " " မတက်တော့ပါဘူး သမီးရယ် အန်တီနောက်အိမ်တွေလိုက်ဖိတ်လိုက်အုံးမယ် ဒါက မြေးပြောတဲ့ ကလေးလေးလား " ဖွားမှပြောလာသောကြောင့် သက္ကရာဇ် မှာ " ဟုတ်တယ်ဖွား..ဒါမြေးပြောတဲ့ ရာရာ ညီလေးလေး" ရာစုကတော့ပြုံးပြနေရှာတယ် ဖွားခင်မှာ ရာရာလေးကိုကြည့်ပြီး အဲ့လောက်ချစ်ဖို့ကောင်းလို့ မြေးက ပါးစပ်ဖျားကကိုမချတာဟူ၍ စိတ်ထဲမှာမှတ်ချက်ချနေလေရဲ့ " ဖွား မြေးတို့သွား ရအောင်လေ ရာရာ နက်ဖြန် ကိုကို့အိမ်ကိုလိုက်ခဲ့နော် " " ဟုတ်ကဲ့ ကိုကို " နောက်နေ့ကျ ရာစုလေးမှာ သနပ်ခါးအဖွေးသားနဲ့ ဘောင်းဘီတိုနက်ပြာလေးနဲ့ အင်္ကျီအပြာကိုအဖြူစင်းလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေတာ မေမေ့လက်ကိုတွဲပြီး သက္ကရာဇ် တို့အိမ်ကိုရောက်လာတယ်...သက္ကရာဇ်မှာ လဲ မနက်ထဲက ရာစုလေးကိုမျှော်နေတာ အိမ်ရှေ့မှာတွေ့တာနဲ့ပြေးပြီးလက်ဆွဲကာ အိမ်ထဲကိုခေါ်လာပြီး " ဖွား အန်တီနဲ့ ရာရာလေး ရောက်ပြီ" " လာ.လာ သမီး ထိုင် မျိုးမျိုးရေ ဒီမှာ ငါ့သမီးအတွက် စားစရာလာချပေးအုံး " ဖွားခင်ရဲ့ ငါ့သမီးလို့ပြောလိုက်တဲ့ စကားကြောင့် ဒေါ်သူဇာအောင်မှာ ဝမ်းသာပြီး မျက်ရည်လေးဝဲရရှာတယ် ဘာလို့ဆို သူမကငယ်ငယ်ထဲက မိဘမဲ့ ရာစုအဖေနဲ့အိမ်ထောင်ကြပြီးတော့လဲ ရာစုအဖေကမိဘတွေမရှိတော့လို့ မိဘမေတ္တာမရခဲ့ဘူး ဒီလိုနဲ့ ရာစုလေးမွေးပြီးတော့ ယောကျာ်းကဆုံးသွားတော့ မိမိတစ်ယောက်ထဲ သားအတွက်ရုန်းကန်ခဲ့ရတာ ရာစုကိုမိမိလို မေတ္တာ ငတ်မှာအရမ်းစိုးတာ ခုတော့သားမှာလဲ သူခင်တွယ်ရတဲ့ ကိုကိုရှိတော့ နည်းနည်းစိတ်အေးရပြီ
ဒေါ်သူဇာအောင်မျက်ရည်လေးဝဲပြီးတွေးနေတာကို ဖွားခင်ကမြင်ပြီး" သမီးစားလေ ဘာလို့လဲမကောင်းလို့လား" " မဟုတ်ပါဘူး အမေ အဲ့ အန်တီ 😊 " "ရပါတယ်သမီးရယ် မေခင်လို့ခေါ်ပါ အန်တီနာမည်က ထိပ်ထားခင်တဲ့ " " ဟုတ်ကဲ့ သမီးနာမည်က သူဇာအောင်ပါ " အဲ့လိုနဲ့စကားတွေကောင်းနေတာ လုပ်ကိုင်သိမ်းဆည်းပေးပြီးမှ ရာစုလေးကိုသတိရမိတယ် " သမီး မြေးလေးကိုရှာနေတာလား " "ဟုတ်ကဲ့ ဘယ်ရောက်သွားလဲမသိ" " လာ..... မေခင်ပြမယ်လိုက်ခဲ့..." ဟောကြားရပြီ သားရဲ့ ရီသံလေးကို တံခါးဟနေရာကနေကြည့်လိုက်တော့ သားမှာပျော်ရွှင်နေတာ မဆော့ဘူးတဲ့ကလေးကဆော့နေလိုက်တာ စကားတွေလဲအရမ်းများပြီး ကိုကိုဆိုတဲ့နာမည်ကိ ုပါးစပ်ကကိုမချတာ မေမေ သားပျော်ရွှင်နေတဲ့အတွက် ဝမ်းသာပါတယ် ...
အချိန်တွေကုန်လာလိုက်တာ သက္ကရာဇ် တောင် ဆယ်တန်းဖြေထားပြီ ရာစုလေးလဲခြောက်တန်းဖြေထားပြီး အောင်စာရင်းစောင့်နေကျရင်း...." ကိုကို ဆယ်တန်းအောင်ရင် ကိုကိုဘာလုပ်မှာလဲဟင် " " ကိုကိုလား... ဆရာဝန်လုပ်မယ် ဘာလို့လဲသိလား " " သိဘူးလေ ကိုကို ရဲ့ " " ဘာလို့ဆို ရာရာလေးက ခနခန ဖျားတော့ ရာရာလေးကိုကုပေးမလို့ ရာရာလေးဖျားရင် ကိုကိုစိတ်ထဲဝမ်းနည်းသလိုပဲ " " ဝမ်းမနည်းပါနဲ့ ကိုကိုရဲ့ ရာစု မဖျားအောင်နေမှာပေါ့..ဘာလို့ဆိုရာစုက ဆေးထိုးဆေးသောက်ကြောက်တယ် ကိုကိုရဲ့ " " အဲ့တာဆို ကိုကိုကရာရာလေးကိုဆေးခါးမတိုက်ဘူး ဆေးချိုတိုက်မှာပေါ့ " " တကယ်နော်"
"တကယ်ပြောတာ "
"ကတိ"
"ကတိ..လက်မှတ်ထိုး.. တံဆိပ်ရိုက်"
"ဟားးးးးးးးးးးးးးး" သူတို့နှစ်ယောက်သာ ဝေးမယ်ဆိုတာသိခဲ့ရင် ဒီလိုမျိုးရီနိုင်ပါ့မလားနော်....🥺🥺🥺
YOU ARE READING
သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete)
Romanceပထမဦးfic လေးမို့ အမှားပါရင် ခွင့်လွတ်ပါနော် Oc လေးပါ