🔶 Unicode version 🔶
သုတတို့ ကျောင်းတွေတောင် ပြန်တက်ရတော့မယ်.
"Hello "
"Hello ငသု မင်းကလဲနော် အိမ်ဘက်လေးတောင်မလာဘူး "
"မဟုတ်ပါဘူးကွာ ဟိုတခါလာလည်ပြီးထဲက မင်းအဖေက မကြိုက်ဘူးထင်လို့မလာတာပါ "
သုတသည် ပွင့်လင်းစွာ ပြောတတ်သည်။ မဟုတ်မခံစိတ်ရှိကာ ပြောစရာရှိလဲ ပြောတတ်သူဖြစ်တာကြောင့် တိမ်လွှာတို့မှာ အကြောင်းသိမို့ နားလည်နိုင်ပေမယ့် မသိသူတွေဆို သုတကို လူကသာ နွဲ့တတ်တတ် စိတ်က ဂွစာ အာနာမှုမရှိတတ်သူလို့ ထင်ကြလေသည်။
"မဟုတ်ပါဘူး... ငါပျင်းတယ်ကွ လာပါအုံး "
"Omm ပါ ကျောင်းလဲဖွင့်တော့မယ် မင်းတက်ခွင့် တော့ရှိသေးတယ်မလား "
"တက်ရမှာပါ...ငါ့မေမေက ငါ့ဘက်ကရှိပါတယ်... ဘယ်သူမှမရှိရင်နေ မင်းတို့နဲ့ အကိုရှိရင် ငါအားရှိပါတယ် "
"စိတ်ချပါ...ငါတို့ကမင်းဘက်မှာအမြဲရှိပါတယ်"
"Omm ပါ ဒါဆို မင်းအားတဲ့နေ့လာလည်အုံးနော် ငါမျှော်နေမယ် "
"Ok ကိုကို ပြန်လာလို့ ဒါပဲလေနော်"
"Omm bye"
"Ok bye "
တိမ်လွှာကို သူ့အဖေ အပြင်ထွက်ခွင့်ပိတ်ထားတာ 2ပတ်ပင်ရှိခဲ့ပြီ...တိမ်လွှာကိုတော့ သနားပါတယ် ဒါပေမယ့် သူ့အဖေရဲ့ အပြောစကားကြောင့် သွားမတွေ့ခြင်းပင်...
Flashback.....
"တိမ်လွှာရေ...တိမ်လွှာ.. "
သုတ အော်ခေါ်ကာ အိမ်ထဲဝင်လာခဲ့သည်။ သုတသည် တိမ်လွှာအိမ်ကို 5ခါမက ရောက်ဖူးသဖြင့် တိမ်လွှာရဲ့မိခင် ဒေါ်သန္တာနှင့်ပင် ခင်မင်ရင်းနှီးနေကာ တိမ်လွှာအဖေနဲ့တော့ တခါသာဆုံဖူးသည်။ တိမ်လွှာအဖေက ခရီသွားနေရတာများသည် ဒါကြောင့် တခါတလေ တိမ်လွှာက ဒီကcompany ကို ကူရလေသည် ။ တိမ်လွှာက စီးပွားရေးအကြောင်းကို
နားလည်လေသည်..သူ့အဖေကြောင့်..."ဟယ်..သား သုတလေး အိမ်ကိုလာလည်တာလား တိမ်လွှာလေးလဲ ပျင်နေတာနဲ့ အတော်ပဲတော့ "
YOU ARE READING
သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete)
Romanceပထမဦးfic လေးမို့ အမှားပါရင် ခွင့်လွတ်ပါနော် Oc လေးပါ