🔶 Unicode version 🔶
" မြေး...ဖွား စိတ်ချမယ်နော်...ကျန်းမာရေးလဲ ဂရုစိုက်နော် "
"ဖွားရယ်....မြေးကိုစိတ်မပူပါနဲ့...ဖွားသာကျန်းမာရေးဂရုစိုက်... မတည့်တာတွေမစားနဲ့နော်..ဟိုရောက်တာနဲ့ အနားယူအုံး...ရာရာလေးကိုရှာရင်လဲလူလွှတ်ပြီးပဲရှာပါ..ဖွားကိုယ်တိုင်မလိုက်သွားပါနဲ့ ပင်ပန်းလို့ပါ နော်...ပြီးတော့ မြေးကိုလဲ သတိရနေပေးနော် အချိန်တိုင်း ဟီးးးးး"
"အော် မြေးရယ်...သတိရနေမှာပါ..ခုတောင်လွမ်းသလိုပဲ"
"ဟာ..ဖွားကလဲ မခွဲရသေးဘဲနဲ့ စနေသေးတယ်"
"မြေး..ရဲ့ အပြုံးလေး မြင်ချင်လို့ စလိုက်တာပါ "
ဖွားခင်မှာမြေးကိုမခွဲခြင်ပေမယ့်လဲ မဖြစ်လို့သာထား
ခဲ့ရတာ စိတ်လဲမချဘူး...တော်ကြာ နွယ်သီက သူ့သမီးနဲ့ အမိဖမ်းလိုက်မှာလဲ စိုးရိမ်ရသေးတယ်။"မြေး...ဖွား ထပ်ပြီးတော့မှာပါရစေ..ဒေါ်နွယ်သီ တို့ကို သတိထားနော်..အထူးသဖြင့် သူ့သမီး..သူတို့စိတ်ဓာတ်က company ကိုသာရရင် ဘာမဆိုလုပ်လိမ့် သတိထားနော်..."
"ဖွားရယ်..စိတ်ချပါ...သားစိတ်ကိုဖွားသိပါတယ် ဟုတ်တယ်မလား..ဖွား.."
"omm သိပါတယ် ဖွားလေယာဥ်ပေါ်တက်တော့မယ် သားလဲ ပြန်တော့လေ "
"ဖွာ....ထွက်သွားတာကိုကြည့်ပြီးမှ သားပြန်မယ်နော်...ဖွားဝင်တော့လေ သွားပါ..သာကိုစိတ်ချ..တာ့တာ..."
ဖွားမှာသူ့ကိုစိတ်မချစွာ နောက်ကိုလှည့်ကြည့် လှည့်ကြည့်နဲ့ လေယာဥ်ပေါ်တက်ရန် ဝင်သွားသည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
" မာမီရေ...မာမီ ""ဘာဖြစ်လာတာလဲ သမီးရဲ့ ဖြည်းဖြည်းပြောလဲရပါ တယ်"
" ဝမ်းသာစရာ မေမေရေ...ဟိုအဖွားကြီးလေ မြန်မာပြည်ပြန်သွားပြီတဲ့ ပျော်လိုက်တာ "
" ဘယ်အဖွားကြီးလဲ "
ဒေါ်နွယ်သီ အလှပြင်နေရင်းမှ သမီးပြောစကားကို နားမလည်စွာမေးလိုက်သည်။
"ဟာ...မေမေ ကလဲ ဒေါ်ထိပ်ထားခင်လေ ဘယ်သူရှိရမှာလဲ "
"ဟယ် တကယ်လား...ဒါဆိုမေမေတို့သူမရှိတုန်း company ကိုရအောင် ကြံစည်ရမယ် "
YOU ARE READING
သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete)
Romanceပထမဦးfic လေးမို့ အမှားပါရင် ခွင့်လွတ်ပါနော် Oc လေးပါ