🔶 Unicode version 🔶
"ဟင်...ကလေး ကိုယ့်ကို လက်ထပ်မယ်မလား "
သုတမှာ ဘာပြန်ပြောရမှန်းမသိတဲ့အထိ ဆွံအသွားခဲ့ ပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာခဲ့သည်။
မိမိမျက်စိရှေ့တွင် တွေ့နေရသော မောင်းကွင်းလေးနှစ်ကွင်း က မိမိကိုလက်ခံလိုက်ပါဟု ပြောနေသလိုပင်..."ဟင်...ကလေး လက်ခံမယ်မလား "
"အင်း....."
အင်း ...တစ်လုံးသာပြောနိုင်ပြီး ခေါင်းတွေကို အဆက်မပြတ်ညိမ့်ပြကာ ငိုနေသော သုတကြောင့် တေဇာမှာ ဝမ်းသာသွားပြီး
"တိတ်..တိတ် မငိုနဲ့ မျက်လုံးတွေအောင့်လာလိမ့်မယ်"
"ကိုကို...."
"ပြောလေ....ဘာဖြစ်လို့လဲ "
"ကျေးဇူးပါ ကိုကို "
"ဘာလို့လဲ "
တေဇာမေးသော်လဲ ခေါင်းသာ ခါပြသဖြင့် သုတဘေး ဝင်ထိုင်ကာ မျက်ရည်လေးတွေကို သုတ်ပေးလိုက်သည်။
"တော်ပြီနော် မငိုတော့နဲ့ လာ ကိုကို လက်စွပ် ဝတ်ပေးမယ် "
ပြောလဲပြော သုတရဲ့ ညာလက်လေးကိုဆွဲကာ လက်သကြွယ်မှာ စွပ်ပေးလိုက်သည်။ တခါမျက်ရည်တွေကျလာပြန်ရော...
"ဟော...ကလေး ငိုပြန်ပြီ"
"ဝမ်းသာလို့ပါ..ပျော်လို့ကျတဲ့ မျက်ရည်တွေပါ ကိုကိုရဲ့ "
" ရော့ ကိုကို ကိုလဲပြန်ဝတ်ပေးအုံး "
သုတလဲယူကာ တေဇာကိုပြန်ဝတ်ပေးလိုက်သည်။
ဒီနေ့ဟာ သုတဘဝမှာ ဘယ်တော့မှမမေ့တော့မယ့် နေ့တနေ့ပဲဖြစ်လောက်တယ်။ အပျော်တွေကိုယ်စီဖြင့် ပျော်ရွှင်နေကြတဲ့ ရုံးခန်းလေးဟာတော့ ချစ်ဌက်လေးတွေရဲ့ တီတီတာတာ အသံတွေဖြင့် ပျော်စရာ ကောင်းနေကြသည်။"တောက်....."
ရုံးခန်းရှေ့မှ အံကိုကြိတ်ကာ ခံပြင်းစွာ တောက်ခေါက်ပြီး ထွက်သွားတဲ့ သူတစ်ယောက်ကိုတော့ ပျော်ရွှင်နေတဲ့ ကောင်လေးတွေ မတွေ့လိုက်ရပေ.....
.
.
.
.
.
.
.
.
.
.
.သုတ အိပ်ရာမှ မထခြင်ထခြင်နဲ့ ထလာကာ မျက်နှာသစ်ရန် ရေချိုးခန်းဝင်ကာ မှန်ရှေ့ရပ်နေလေသည်။ မျက်နှာအရင်သစ်ကာ ပြီးမှး သွားတိုက်နေရင်း မှန်းထဲမှကိုယ့်ကို ပြန်ကြည့်နေရင်းမှ လက်ကလက်စွပ်ဆီ အကြည့်ရောက်သွားကာ...
YOU ARE READING
သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete)
Romanceပထမဦးfic လေးမို့ အမှားပါရင် ခွင့်လွတ်ပါနော် Oc လေးပါ