🔶 Unicode version 🔶
" ဖွား.....သူ့ကိုတွေ့ပြီလား... ရာရာကိုတွေ့ပြီလား.
သားပျော်လိုက်တာ.."သက္ကရာဇ် အရမ်းပျော်တယ်...ရာရာလေးကိုအရမ်းတွေ့ချင်နေပြီ
ခွဲခဲ့တာ 4နှစ်တောင်ရှိပြီ.. အရင်ထက်ပိုပြီးချစ်ဖို့ကောင်းလား သိချင်တယ်..မျက်နှာလေးကိုတွေ့ခြင်နေပြီ...သူခေါ်တဲ့ ကိုကို ဆိုတဲ့ အသံလေးကိုကြားခြင်နေပြီ..." မြေး....ဘာတွေစဥ်းစားနေတာလဲ..."
"ကျွန်တော် အရမ်းဝမ်းသာနေတာ.သူအဆင်ပြေရဲ့လား အန်တီ သူဇာရောနေကောင်းတယ်မလား
.သူ့ကိုတွေ့ခြင်တယ်..ဖွား.ခုသား VC ခေါ်မယ်လေ...ဒါမှမဟုတ် ကျွန်တော်လာတွေ့ရမှာလား""အောင်မလေးမြေးရယ်...အချိန်တွေအများကြီးရှိပါသေးတယ်...ဖွား.သူ့ကိုအပျောက်မခံတော့ပါဘူး..မြေးအတွက် သိမ်းထားပေးမှာပါ.( အဖွားလဲ..တို့လိုဖူဂျိုရှီလား 😁) "
"ဟုတ်ကဲ့... ဖွားလဲအိပ်တော့လေ ပင်ပန်းလာတာဆိုတော့...ကျန်းမာရေးလဲဂရုစိုက်နော် "
"ဟုတ်ပါပြီ မြေးရယ်..."
တစ်ဖက်ကဖုန်းချသွားပေမယ့်..ဖွားခင်မှာ
* အော်.....မြေးလေးက ရာစုလေးကိုအတော်ချစ်တာပဲ...ဒါပေမယ့်...မြေးလေးရာရာနဲ့ သမီးသူဇာရဲ့ အဖြစ်ကိုမြေးကို ဘယ်ကစပြီးပြောရမှန်းမသိဘူး..မြေးလေးရယ်..*
တွေးတောရင်း ဖွားခင်လဲအိပ်စက်ခြင်းဆီသို့သာ....တစ်ဖက်မှာတော့....သက္ကရာဇ် မှာ
* ပျော်လိုက်တာရာရာရယ်...ကိုယ်အရမ်းပျော်တယ်
ကိုယ့်ကိုတွေ့ရင် မုန်းနေအုံးမှာလား..မင်းကိုယ့်ကို မျက်နှာချင်းရော ဆိုင်ခြင်ပါ့မလား..ကိုယ့်ကိုတော့ မမုန်းပါနဲ့နော်..ကိုယ်မင်းခွင့်လွတ်တဲ့အထိကိုတောင်းပန်ပါ့မယ်....ဒီတခါဆုံရင်တော့ ကိုယ် မင်းကိုမထားခဲ့တော့ပါဘူးကွာ...*တွေးတောကာ ငယ်ငယ်တုန်းကအကြောင်းတွေ
စဥ်းစာ..အိပ်ပျော်သွားခဲ့တယ်..." ကိုကို.. ကိုကိုရေ"
" ရာရာ....ကိုကို ဒီမှာ.."
သက္ကရာဇ် အိမ်ရှေ့မှာ ထိုင်နေတုန်း ရာရာရဲ့ ခေါ်သံလေးကိုကြားလို့ မိမိထိုင်နေရာမှအသံလေး လှမ်းပေးလိုက်တော့ မိမိရှေ့ကိုရောက်လာတဲ့ ရာစုလေး
YOU ARE READING
သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete)
Romanceပထမဦးfic လေးမို့ အမှားပါရင် ခွင့်လွတ်ပါနော် Oc လေးပါ