🔶 Unicode version 🔶
တိမ်လွှာ.. သုတရဲ့တိုက်တွန်းမှုကြောင့်..ကိုအာကာ ကားနဲ့ အိမ်ပြန်ရန်လိုက်ခဲ့ရသည်။ သုတတို့ကိုနှုတ်ဆက်ပြီး..ကားလေးက ခြံထဲကထွက်လာပြီး..ဘယ်လောက်မှမကြာဘူး ထိုးရပ်သွားတဲ့အတွက်ကြောင့် တိမ်လွှာလန့်သွာရသည်။ ဘေးဘယ်ညာကြည့်တော့လဲ လမ်းကနည်းနည်းရှင်းနေသည်။ ထိုအချိန်မှာပဲ ထိုလူမှာ မိမိဘက်လှည့်လာပြီး သူ့မျက်နှာက ရှေ့သို့တိုးကာ ခန္ဓာကိုယ် ပါ ကိုင်းလာသောကြောင့်
" ခင်ဗျား.! ဒါဘာလုပ်တာလဲ..?''
မေးလဲမေး လက်ကလဲတွန်းထုတ်လိုက်တာကြောင့် အာကာမှာ နောက်သို့ပြန်လှန်သွားပြီး..."ကိုယ်...မင်းကို ခါးပတ်ပတ်ပေးမို့မလို့ပါ.. ဘာမှမလုပ်ပါဘူး "
ထိုအခါမှ တိမ်လွှာမှာ မိမိအတွေးလွန်သွားမှန်းသိလိုက်ပြီး.(ကိုယ်လဲအတွေးလွန်သွားတယ် 😁).. ရှက်ရှက်နဲ့
"ခင်ဗျား...ပြောပါလား.ခုလိုလုပ်ပေးစရာမလိုပါဘူး"
"ကိုယ်..မင်းကိုလှမ်းသတိပေးနေတာပဲ..မင်းကအတွေးလွန်နေတာလေ..ဟီးးးး..ဘာတွေတွေးနေလဲမှမသိတာ 😁😁''
"ဘာမှမတွေးဘူး..ဟွန့် " ထိုသို့ပြောပြီး ပြတင်းပေါက်ဖက် မျက်နှာမူကာ * အောင်မလေး ရှက်လိုက်တာ...ငါဘာတွေတွေးနေတာ လဲ နေစမ်းပါအုံး အထဲကအကောင်ကလဲ ဘာလို့ခုမှအဲ့လောက်တောင်ထခုန်နေရတာလဲ ဟူးးး*
စိတ်ထဲပြောဆိုကာ မိမိဆင်းရမယ့်နေရာကိုပြပြီး အိမ်ဘက်ကိုလမ်းလျောက်ပြန်ခဲ့သည်။နှစ်ဆန်းတစ်ရက်နေ့ ရောက်တော့ သုတတို့ ဘုရားသွားကျတယ်...ဖွားကတော့ အိမ်မှာပဲ ဘုရားရေသပ္ပါယ်ရင်းကျန်ခဲ့တယ်...
ကားလေးနှစ်စီးအတူတူရပ်ပြီး ကားပေါ်မှ ကောင်လေးလေးယောက်ဆင်းလာတာနဲ့ ဘေးမှလူများကဝိုင်းကြည့်ကာ တီးတိုးစွာပြောနေကျသည်။
"ဟယ်...ချောလိုက်ကြတာ "
"ဟယ်အတွဲတွေလားမသိဘူး..."
"ဟဲ့ အဲ့လောက်ငမ်းမနေနဲ့ ရှခံရမယ် "(ဟုတယ် ညီမလေးတို့ရေ😁😁)
"ဟယ်...ဟိုဖြူသေးသေးနဲ့ ကောင်းလေးကချစ်စရာလေးတော့''
"ဟဲ့ ညည်းက လဲငမ်းမယ်ဆိုလဲ ကြည့်ငမ်းအုံး ဟိုမှာ အကြည့်တွေက ညည်းပြာကျလောက်နိုင်တယ် "
YOU ARE READING
သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete)
Romanceပထမဦးfic လေးမို့ အမှားပါရင် ခွင့်လွတ်ပါနော် Oc လေးပါ