🔶 Unicode version 🔶
" တိမ်..လွှာ..ဆက်.. ဒါဘာလုပ်နေတာလဲ ဟမ် ?"
" ဟင်...ဖေဖေ? "
.
.
.
.
.
.
."ဝုန်း...."
ဖခင်ရဲ့ စောင့်တွန်းလိုက်တဲ့ ဒဏ်ကြောင့် တိမ်လွှာမှာ ဧည့်ခန်းက စာပွဲခုံနဲ့တိုက်ကာ ပစ်လဲကျသွားသည်။
ဒေါ်သန္တာလဲ အိမ်ရှေ့ကအသံကြားသဖြင့် မီးဖိုခန်းမှထွက်လာခဲ့သည်။"ဟယ်...သားလေး..ကိုမာန်ဆက် ကလေးကို ဘယ်လိုလုပ်လိုက်တာလဲ "
ပြောလဲပြော သားကိုပြေးထူလေသည်။ တိမ်လွှာမှာ ခုံစောင်းနဲ့ နဖူးတိုက်မိပြီးသွေးထွက်သွားရလေသည်။
" ဟင့်...မင်းသားလုပ်ပုံကဟုတ်ရောဟုတ်ရဲ့လားလို့ မေးကြည့်အုံး... ငါတို့မှာ တစ်ဦးတည်းသောသားမို့ အရာရာအလိုလိုက်ခဲ့သမျှ မင်းကဒီလိုကျေးဇူးဆပ်လိုက်တာလား ဟမ် "
"ရှင်ဘာတွေပြောနေတာလဲ... သန္တာတော့ တစ်ခုမှနားမလည်ဘူး ပြောပြပါအုံး ဘာဖြစ်လာတာလဲ ဆိုတာ "
"အဲ့ကောင်သာ မေးကြည့်တော့ ပြောလိုက်လေ မင်းအမေကို ဘာလဲ ခုကြ ေ-ာက်အဖြစ်သွားပြီလား ဟမ် ငဆက် "
"ရှင် ကလေးကို ဘယ်လိုစကားတွေပြောနေတာလဲ သား မေမေကိုပြောပြပါအုံး "
"ဟျောင့် ပြောလိုက်လေ ခုမှမထုံတတ်တေးလာလုပ်မနေနဲ့ ဟာ... ခွပ် "
ဦးမာန်ဆက်လဲ စိတ်တိုတိုနဲ့ ဆွဲထိုးပစ်လိုက်သည်။ တိမ်လွှာသိတယ် ဒါ ဖေဖေအရမ်းစိတ်ဆိုးနေလို့ မိမိကိုလက်ပါခြင်းဖြစ်တယ်ဆိုတာ တိမ်လွှာလဲ ဘယ်ကစပြောရမှန်းမသိတော့ပေ....ငိုနေရုံကလွဲလို့သာ...
" တော်ပြီး ရှင်..သားကို လက်ပါစရာမလိုဘူး...သားအခန်းထဲ သွားတော့ သွား သားနားလိုက်အုံး.."
မေမေက အခန်းထဲသွားခိုင်းတာနဲ့ တိမ်လွှာလဲ အပေါ်ထပ်ပြေးတက်ကာ မိမိအခန်းထဲဝင်၍ ငိုနေလိုက်သည်။
"ဘာဖြစ်လာတယ်ဆိုတာ သန္တာကို စိတ်အေးအေးထါးပြီးပြောပြပါ... ကိုမာန်ရယ်... ဒေါသကိုရှေ့တန်းမတင်ပါနဲ့ သားလေး ဘယ်လောက်တောင်ဝမ်းနည်းသွားမလဲ "
" မင်း သူ့လုပ်ရပ်ကို ကြားရင် ဒီစကားပြောနိုင်မှာမဟုတ်ဘူး "
YOU ARE READING
သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete)
Romanceပထမဦးfic လေးမို့ အမှားပါရင် ခွင့်လွတ်ပါနော် Oc လေးပါ