"ဒေါက်...ဒေါက်...ဒေါက်.."
"ဝင်လာခဲ့ပါ..."
ဆိုင်မှာအာရုံစိုက်နေရတဲ့အလုပ်တွေကြောင့်ပင်ပန်းလာတာမို့ အိပ်ကာနီးရေချိုးခေါင်းလျှော်ထပ်လုပ်ကာ ကုတင်ခြေရင်းမှာဝင်ထိုင်တုန်းရှိသေးတံခါးခေါက်သံကြားတာကြောင့် ဝင်လာခိုင်းလိုက်ပြီးအလုပ်စားပွဲမှာပြောင်းထိုင်လိုက်သည်။
တံခါးဖွင့်ပြီးဝင်လာတော့ရိပေါ်လက်ထဲကဖန်ခွက်အကြည်ရောင်လှလှလေးထဲထည့်လာတဲ့ ခရမ်းရောင်အရည်လေးတွေကြောင့် ဘာလေးတွေလည်းလို့သိချင်သွားသည်။
"ရိပေါ် အဲဒါဘာတွေလဲ...."
ရိပေါ်ကလက်ထဲကခွက်လေးကိုရှောင်ကျန့်အားကမ်းပေးကာ....။
"Butterfly Pea(အောင်မဲညို)လို့ခေါ်တယ်ကောရဲ့...အဲ့ပန်းပွင့်ကိုအခြောက်ခံပြီးဖျော်ရည်ဖျော်လာတာ ကောအတွက်...နေ့ခင်းကနေ့လယ်စာလာပို့တော့ ကောအာရုံစိုက်တာတွေများလို့ မျက်စိနာပြီးမျက်ရိုးတွေကိုက်နေတယ်မဟုတ်လား...မျက်စဥ်းခပ်နေတာတွေ့တယ် အဲဒါသောက်လိုက် ကောင်းသွားလိုက်မယ်....သူ့မှာပါတဲ့ Antioxidant ကမျက်စိအတွက်အထောက်အကူပြုတာမို့ ကောလို တနေ့တနေ့ Screen ကိုအကြာကြီးကြည့်နေရတဲ့သူတွေသောက်သင့်တယ်..."
ရှောင်ကျန့်ကရိပေါ်ပြောတာကိုစိတ်ဝင်တစားနားထောင်နေပြီး ဖျော်ရည်ကိုတစ်ငုံသောက်ကာ....။
"သံပုရာသီးထည့်ဖျော်ထားတာလားရိပေါ်..."
"ဟုတ်တယ် သူ့မူလအရောင်ကမဲနယ်ပြာလေ ဒီအတိုင်းဆိုနဲနဲစိမ်းရွှင်ရွှင်အနံ့နံ့လို့ သံပုရာသီးနဲ့ဖျော်လိုက်တာ အဲဒါကြောင့်ခရမ်းရောင်ပြောင်းသွားတာ...."
"အော်...အဲလိုကိုး...ကောင်းလိုက်တာ အချက်အပြုတ်တော်တဲ့အပြင် ကျန်းမာရေးအတွက်ပါနားလည်တဲ့စားဖိုမှုးကအိမ်မှာရှိနေလို့...."
ရှောင်ကျန့်ကရယ်ရယ်မောမောနဲ့ပြောတော့ ရိပေါ်ကပြုံးသည်။
"ကောကို ကျွန်တော်ပြောစရာရှိလို့..."
"ပြောလေ ရိပေါ်ရဲ့ ဘာပြော....ဟက်ချိုး...."
YOU ARE READING
The Chef Lover🧡🧡 (Completed)[Mini Story]
Fanfiction(Unicode/Zawgyi) အချစ်ကိုအယုံအကြည်မရှိမာနလည်းကြီးပေမဲ့ အစားကောင်းအသောက်ကောင်းမက်တဲ့ ရှောင်ကျန့် မိဘရဲ့စီးပွားရေးကိုစိတ်မဝင်စားပဲစားသောက်ဆိုင်ဖွင့်ဖို့ရည်ရွယ်ထားပေမဲ့ မြင်မြင်ချင်းချစ်မိသွားကောင်လေးကြောင့် ဟန်ဆောင်ပြီး ထမင်းချက်ဝင်လုပ်မဲ့ ဝမ်ရိပေါ် ...