"ကျွတ်.....ဟာကွာ..."
သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေဆိုခြင်းမရှိပါဆိုသောဖုန်းအား ရိပေါ်ခေါ်နေသည်မှာငါးခါမြောက်ရှိပြီဖြစ်သည်။ ဒီနေ့ကောကိုဖွင့်ပြောမဲ့ကိစ္စရော ပါးတို့မားတို့နှင့်တွေ့ပေးမဲ့ကိစ္စတွေရယ်နှင့်ပါ လုံးပမ်းနေမိတာ ကောမိတ်ဆွေနှင့်ဘယ်မှာချိန်းထားသလဲဆိုတာကို မမေးလိုက်မိ။ အသုံးမကျသည့်ကိုယ့်ကိုကိုယ်သာစိတ်တိုမိသည်။
ဖုန်းဆက်မရတာမို့ ကောဆိုင်ကိုများပြန်ရောက်နေသလားဆိုပြီး သွားကြည့်တော့လည်းဆိုင်မှာမရှိ...၊ အိမ်ပဲပြန်သွားလားဆိုပြီးသွားပြန်ကြည့်တော့လည်း လေးဖန်ကပင်အံ့ဩနေလျက်ပြန်မရောက်လာသေးဘူးပြော၏။
တကယ်ပါ ရိပေါ်အရမ်းကိုစိတ်ပူနေပြီဖြစ်သည်။ နောက်ထပ်ဖုန်းကိုထပ်ခေါ်လိုက်တော့လည်း မကိုင်ပြန်ချေ...။
"ကျန့်ကျန့်ရာ ဘာဖြစ်လို့ဖုန်းမကိုင်တာလဲ ဘာများဖြစ်နေလို့လဲ မောင်ရင်တွေပူလှပြီကွာ...."
ကောသွားတက်သည့်နေရာတွေပတ်ရှာရအောင်လည်း ကောကအိမ်နှင့်ဆိုင်ရယ် ဟိုက်ခွမ်းကောရဲ့ဆိုင်ကိုသာ သွားတက်သည်မို့ ဟိုက်ခွမ်းကောဆီသွားရှာပြန်တော့လည်းမရောက်လာဘူးတဲ့....။
ပေကျင်းတစ်မြို့လုံးကိုရိပေါ်ဆိုင်ကယ်တစ်စီးနှင့်ပတ်နေသည်မှာ ညရှစ်နာရီပင်ထိုးနေလေပြီ...၊ မားကလည်းကောကိုခေါ်လာမည်ပြောတာကြောင့် ဘယ်အချိန်လာမှာလည်းဆိုပြီးဖုန်းဆက်မေးနေ၍ ဒီနေ့တော့မလာဖြစ်သေးဘူးဟုသာ ပြန်ပြောလိုက်ရသည်။ လေးဖန်ဆီဖုန်းထပ်ဆက်ကြည့်တော့လည်း အိမ်ပြန်မရောက်သေးဘူးဟု ပြောတာကြောင့် ကောရဲ့ဆိုင်ဘက်ကိုသာတစ်ခေါက်ပြန်လာခဲ့လိုက်သည်။
ဆိုင်ရှေ့ကနေအထဲကိုလှမ်းလိုက်တော့ ဝန်ထမ်းတွေအလုပ်လုပ်တဲ့အရှေ့ခန်းကမှောင်မဲနေပေမဲ့ ကောရဲ့ရုံးခန်းမှာတွေ့ရတဲ့မီးရောင်ဖျော့ဖျော့ကြောင့် တံခါးpassward တွေရိုက်ပြီးဝင်သွားတော့...တွေ့ပါပြီ သူချစ်ရတဲ့သူကို...။
ကောကခုံကိုမှီကခပ်လျော့လျော့ထိုင်နေလျက် နဖူးပေါ်လက်တင်ထားကာ မျက်လုံးအစုံတို့ကိုလည်း မှိတ်ထား၏။
YOU ARE READING
The Chef Lover🧡🧡 (Completed)[Mini Story]
Fanfiction(Unicode/Zawgyi) အချစ်ကိုအယုံအကြည်မရှိမာနလည်းကြီးပေမဲ့ အစားကောင်းအသောက်ကောင်းမက်တဲ့ ရှောင်ကျန့် မိဘရဲ့စီးပွားရေးကိုစိတ်မဝင်စားပဲစားသောက်ဆိုင်ဖွင့်ဖို့ရည်ရွယ်ထားပေမဲ့ မြင်မြင်ချင်းချစ်မိသွားကောင်လေးကြောင့် ဟန်ဆောင်ပြီး ထမင်းချက်ဝင်လုပ်မဲ့ ဝမ်ရိပေါ် ...