Part_5

5.6K 729 37
                                    

        မနက်ခင်းစောစောစီးစီးအစာရှာထွက်လာတဲ့ ဌက်‌ကလေးတွေရဲ့ အော်မြည်သံနှင့်အတူ နေ့တစ်နေ့ကိုစတင်ဖို့ ရှောင်ကျန့်လည်းနိုးထလွန့်လူးလာ၏။ နောက်လဆိုဆောင်းရာသီ ရောက်တော့မှာမို့ အပူပေးစက်မဖွင့်ထားသည့် အခန်းထဲမှာအနည်းမျှအေးလို့နေ၏။ စားပွဲပေါ်ကနာရီလေးကိုလှမ်းကြည့်မိတော့ မနက်ခြောက်နာရီဆယ့်ငါးကိုညွှန်ပြနေ၏...ပုံမှန်အိပ်ယာထချိန်ထက်စောနေသေးပေမဲ့လည်း ထတော့ပါမည်လေ....။

      ရှောင်ကျန့်တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီး အောက်ထပ်ဆင်းလာတော့ ထမင်းစားခန်းလေးက ခါတိုင်းနေ့တွေလိုမဟုတ်ပဲ တိတ်ဆိတ်လို့နေသည်။ ပုံမှန်ဆိုဒီအချိန်က ဝမ်ရိပေါ်တစ်ယောက်မနက်စာပြင်နေကျဖြစ်တာမို့ ရှောင်ကျန့်ခေါင်းထဲ‌ရောက်လာသည့်အတွေးက........။

      *ဝမ်ရိပေါ် ဖျားနေပြီနဲ့တူတယ်...*

      "ဒေါက်...ဒေါက်...ဒေါက်"

       သူများအခန်းကို လက်လွတ်စပယ်မဝင်လိုတာကြောင့် ရှောင်ကျန့်အခန်းတံခါးကိုခေါက်လိုက်သော်လည်း ခဏကြာသည့်အထိ တံခါးလေးကပွင့်လာခြင်းမရှိ....။ သော့အပိုသွားယူကာ တံခါးဖွင့်ရမည်ဟုတွေးရင်း ဘာရယ်မဟုတ် တံခါးလက်ကိုင်ဘုလေးကိုလှည့်လိုက်မိတော့ အသာတကြည်ပဲပွင့်သွားသည့် တံခါးကြောင့် အခန်းထဲသို့ရှောင်ကျန့်အသာလေးဝင်လိုက်သည်။

        တွေ့ပါပြီ စောင်ပုံကြားနေမှာ တဟင်းဟင်းညည်းသံလေးတွေ ထွက်ရင်းအိပ်ပျော်နေသည့်ကောင်လေးက မျက်နှာလေးတွေလည်းဖြူဖျော့နေလျက်....။

        ကိုယ့်ကြောင့်ဖြစ်ရတာမို့ရှောင်ကျန့်အားနာရသလို သနားလည်းသနားမိရသည်။ ဝမ်ရိပေါ်ရဲ့နဖူးလေးကိုသွားစမ်းကြည့်လိုက်တော့ ခြစ်ခြစ်တောက်ပူနေတဲ့ ခန္ဓာကိုယ်အပူချိန်ကြောင့် စိတ်ပူသွားရသည်မို့ မိသားစုဆရာဝန်ကိုဖုန်းဆက်ပြီး လှမ်းခေါ်လိုက်ရသည်။

         ရိပေါ်ကစောင်တွေနှင့်လုံးပြီးအိပ်နေတာကြောင့် ချွေးတို့နှင့်စို့နစ်‌နေ၍စောင်တွေကိုအသာခွာချပြီး ဆရာဝန်မလာခင်လေးအကျီလဲပေးရန်ပြင်ရသည်။ အကျီကြယ်သီးတွေအကုန်ဖြုတ်ပြီးသွားတော့ ပေါ်ထွက်လာသည့်ကျစ်လစ်တဲ့ရင်အုပ်ကျယ်ကျယ်နှင့် ဝမ်းဗိုက်က အမြှောင်းမြှောင်းထနေသည့်ကြွက်သားတို့ကြောင့် ရှောင်ကျန့်မျက်နှာတွေပူလာရသည်။

The Chef Lover🧡🧡 (Completed)[Mini Story]حيث تعيش القصص. اكتشف الآن