Part_1

14.4K 901 48
                                    

           မနက်စာစားဖို့ ထမင်းစားပွဲမှာဝင်ထိုင်ပြီး စားသောက်စရာတွေကိုဝေ့ကြည့်လိုက်ပြီးကတည်းက အဆင်မပြေတော့ဘူးဆိုတာသိနေသည်။ သို့ပေမဲ့လည်း နောက်ဆုံးမျှော်လင့်ချက်ကလေးနှင့် အမြင်မလှပေမဲ့ အရသာများကောင်းမလားလို့တွေးပြီး တဇွန်းမြည်းကြည့်လိုက်ပေမဲ့ ဇွန်းကိုချက်ချင်းပြန်ချလိုက်မိသည်။

          "ကျန့်ကျန့် အဆင်‌မပြေပြန်ဘူးလား.."

            သူ့ပုံကိုကြည့်ပြီးမေးလာတဲ့ ဦးလေးဖြစ်သူရှောင်ဖန် ကြောင့် ခေါင်းသာငြိမ့်ပြလိုက်သည်။

             လက်လုပ်ခေါက်ဆွဲအစပ်လေးလုပ်တာကိုပင် ငရုတ်သီးအရောင်တွေက ရဲပတောင်းခပ် ခေါက်ဆွဲဖက်တွေကလဲ ပျော့နေသည့်အပြင် အသားလုံးကိုစားကြည့်တော့လည်း သေချာမကျက် အရွက်တွေကလည်း.....

           ဟင်းးး...ရှောင်ကျန့် သက်ပြင်းချလိုက်တော့ လေးလေးဆီမှအသံလေးကထွက်လာသည်။

            "လေးလေးစားသလိုပဲ ပြန်ပြင်ခိုင်းလိုက်ရမလား..."

            ဦးလေးဖြစ်သူ ရှောင်ဖန်ကတော့ လူကြီးဖြစ်တာမို့မနက်စာကိုပေါ့ပေါ့ပါးပါး နို့တစ်ခွက်နှင့် ပေါင်မုန့်မီးကင်သာစားလေ့ရှိတာမို့ အထွေအထူးကိစ္စမရှိပေမဲ့..ရှောင်ကျန့်ကတော့အစားအသောက်ကောင်းကောင်းကိုမက်သည်။သို့ပေမဲ့လည်း ခေါ်ထားတဲ့သူတွေက အဆင်မပြေတာမို့ စိတ်ညစ်နေရ၏။

           "တော်ပြီ လေးလေး ကျွန်တော်အလုပ်သွားတော့မယ်...မစားတော့ဘူး ..ဒီကောင်မလေးကိုလည်း ပြန်ပို့လိုက်တော့မယ်..."

             ထမင်းချက်ပေးမဲ့သူခေါ်ရတာလည်း အဆင်ကပြေမနေ...အသက်ကြီးကြီးခေါ်တော့လည်း ကိုယ့်ဦးလေးကို မထိတထိလုပ်သူနဲ့ ကိုယ်နဲ့မတိမ်းမယိမ်းခေါ်ပြန်လည်း ကိုယ်နဲ့အဆင်ကမပြေ...ငယ်တဲ့သူတွေကျတော့လည်း ဘာမှသေချာမချက်တက်မပြုတ်တက်နှင့်...။

            ပိုက်ဆံရှာနိုင်ပေမဲ့ ရှောင်ကျန့်ကအပြင်စာတွေစားရတာမကြိုက် အိမ်ကချက်တာကိုသာ ဖွယ်ဖွယ်ရာရာစားချင်တာဖြစ်သည်။ အရင်ကတော့ လေးလေးဖန်က ချက်ပေမဲ့ ‌နောက်ပိုင်းအသက်ရလာတော့ ချက်ရပြုတ်ရအဆင်မပြေတာကြောင့်မလုပ်ခိုင်းတော့ပဲ ထမင်းချက်ခေါ်နေရတာဖြစ်သည်။

The Chef Lover🧡🧡 (Completed)[Mini Story]Dove le storie prendono vita. Scoprilo ora