ရှောင်ကျန့်ပြန်သွားတာနဲ့ ရိပေါ်က ဟိုက်ခွမ်း၏ လက်ကိုဆွဲကာ ရုံးခန်းထဲအတင်းပြန်ခေါ်လာတာမို့ ဟိုက်ခွမ်းမှာ ဘုမသိဘမသိနဲ့ပါသွားရသည်။
"ရိပေါ်ဘာဖြစ်လို့လဲ..."
"ကော...ဟိုလေ..ဟို..."
ရိပေါ်က ပြောမဲ့အရေးကို တဟိုဟိုနဲ့ လည်ပင်းကိုပွတ်လိုက် ဆံပင်တွေကိုဖွလိုက်နဲ့လုပ်နေတာမို့ ဟိုက်ခွမ်းကပဲ မေးလိုက်ရသည်။
"ဒီလို ကောရေ ဝမ်ကြီး မြင်မြင်ချင်းသဘောကျတယ်ဆိုတဲ့ ကောင်လေးက စောစောက ကော ခေါင်းလျှော်ပေးပြီး ဆံပင်ပုံသွင်းပေးလိုက်တဲ့ တစ်ယောက်ပဲ...."
ရိပေါ်ကို ကြည့်ပြီးအားမရဖြစ်လာတာမို့ ယွီပင်ကပဲ ကြားထဲကနေဝင်ပြောလိုက်ရသည်။
"ဟင် တကယ်ရိပေါ်စိတ်ဝင်စားနေတာ ကျန့်ကျန့်ကိုလား..."
*အဖြူရောင်လေးရဲ့နာမည်လေးက ကျန့်ကျန့်တဲ့လား...*
"ရိပေါ် ကောမေးနေတယ်လေ..."
တခုခုကိုတွေးနေပုံရတဲ့ ရိပေါ်ကြောင့် ဟိုက်ခွမ်းမှာ အသံကိုမြှင့်၍ထပ်မေးလိုက်ရသည်။
"ဟုတ်ပါတယ် ဟိုက်ခွမ်းကော ....ကျွန်တော်တကယ် သူ့ကိုသဘောကျတာပါ ....အဲဒါကော ကူညီပေးပါလား"
"ဟင်း....."
ဟိုက်ခွမ်းကောက သူ့ကိုကြည့်ကာ သက်ပြင်းချ၏။
"ရိပေါ် ကိုယ့်စိတ့်ကိုကိုယ်သေချာအောင်ပြန်စမ်းစစ်ကြည့်ပါဦး တကယ်ဆိုရင်ကိစ္စမရှိပေမဲ့ ကျန့်ကျန့်အပေါ်စိတ်ကစားမိမှာစိုးတယ်..."
ရိပေါ်က တည်ငြိမ်လေးနက်သော အသွင်အပြင်နှင့် ဟိုက်ခွမ်းကောကို သေချာကြည့်ကာ....။
"ကော ကျွန်တော်တကယ် ကိုယ့်စိတ်ကိုကိုယ် စမ်းစစ်ကြည့်ပြီးပါပြီ သူ့ကိုတကယ်သဘောကျတာပါ...အရင်ကတော့ မိန်းကလေးတွေကို လှတာမြင်ရင် ယောကျာ်းလေးသဘာဝ လိုက်ကြည့်တက်ပေမဲ့ သူနဲ့ဆုံပြီးတကည်းက သူ့အကြောင်းပဲတွေးမိနေခဲ့တာပါ....ကောလည်း ကျွန်တော့်အကြောင်းသိပါတယ် အချစ်ရေးနဲ့ ပတ်သတ်ပြီး အခုချိန်ထိတကူးတက ထုတ်မပြောဘူးတာကို..."
أنت تقرأ
The Chef Lover🧡🧡 (Completed)[Mini Story]
أدب الهواة(Unicode/Zawgyi) အချစ်ကိုအယုံအကြည်မရှိမာနလည်းကြီးပေမဲ့ အစားကောင်းအသောက်ကောင်းမက်တဲ့ ရှောင်ကျန့် မိဘရဲ့စီးပွားရေးကိုစိတ်မဝင်စားပဲစားသောက်ဆိုင်ဖွင့်ဖို့ရည်ရွယ်ထားပေမဲ့ မြင်မြင်ချင်းချစ်မိသွားကောင်လေးကြောင့် ဟန်ဆောင်ပြီး ထမင်းချက်ဝင်လုပ်မဲ့ ဝမ်ရိပေါ် ...