Part-7

5.7K 711 31
                                    

အိပ်ယာနိုးနိုးချင်းမှာ ရင်ခွင်ထဲရောက်နေသည့်ချစ်ရသူကြောင့် ရိပေါ်ပြုံးလိုက်မိသည်။ ညကအနည်းငယ်ရီဝေဝေဖြစ်နေပေမဲ့ နှစ်ယောက်သားအတော်ကြာအောင် အနမ်းခြွေခဲ့မိသည်ကိုရှင်းရှင်းလင်းလင်းမှတ်မိနေသည်။ ပြီးတော့မှသာကျန့်ကောကအိပ်ပျော်သွားတာမို့ သူဘေးနားထားကာအတူအိပ်စက်ခဲ့ခြင်းဖြစ်သည်။ အခုလည်းသူ့ရင်ခွင်ထဲတိုးဝင်ပြီး သူ့ခါးကိုပါဖက်ထားကာ အိပ်ပျော်နေသည့်ကျန့်ကောက မြတ်နိုးဖွယ်အတိ....။အခုအခြေအနေအတိုင်းသာကျန့်ကောနိုးသွားပါက ရှက်လွန်း၍သူ့ကိုရှောင်သွားနိုင်သည်ကိုတွေးမိရင်း ပြုံးမိရပြန်သည်။ ရိပေါ်အမြတ်တနိုးငေးနေတဲ့အချိန်မှာပဲ ရှောင်ကျန့်ကိုယ်လေးကလွန့်လူးလာတာမို့ မျက်စိမှိတ်ကာအသာလေးငြိမ်နေလိုက်ရသည်။

အင့် ခနဲ့တချက်ညည်းညူလိုက်မိပေမဲ့ ခေါင်းတွေအုံကာကိုက်ခဲနေတာမို့ ချက်ချင်းမျက်စိမဖွင့်နိုင်သေး...သို့ပေမဲ့လည်းခန္ဓာကိုယ်ကနွေးထွေးနေပြီး တစ်ကိုယ်လုံးတင်းကျပ်ကျပ်ခံစားမှုကြီးကြောင့် အားယူကာမျက်လုံးကိုဖွင့်လိုက်မိတော့...အရင်ဆုံးတွေ့လိုက်ရသည့်က ရင်အုပ်အကျယ်ကြီးတစ်ခု ပိုဆိုးတာကထိုရင်အုပ်ပိုင်ရှင်၏ရင်ခွင်ထဲမှာသူကအဖက်ခံထားရသည်...မဟုတ်သေးဘူး သူကလည်းထိုသူ့ခါးကိုပြန်ဖက်ထားလိုက်သေးသည်...ပြီးတော့သူ့ကိုဒီအတိုင်းဖက်ထားရုံတင်မဟုတ်ပဲ တစ်ကိုယ်လုံးသိမ်းကျုံးကာခြေထောက်တွေကပါခွထားတာမို့ ရှောင်ကျန့်အလန့်တကြားမော့ကြည့်မိတော့ ရိပေါ်ဖြစ်လို့နေ၏။

ဘာကဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ကုန်ပါလိမ့် ညကအခြေအနေတွေကိုသေချာစဉ်းစားမိတော့ သူအပင်အောက်ထိုင်နေတုန်းရိပေါ်လာခေါ်တာကို အတင်းချီပိုးခိုင်းခဲ့သည်မဟုတ်ပါလား...ပြီးတော့..ပြီး‌တော့ သူ့တို့နှစ်ယောက်နမ်းခဲ့ကြသေးသည်လား..သေချာမမှတ်မိ မှတ်ဉာဏ်တွေကဝိုးတဝါးဖြစ်လို့နေ၏။ သေလိုက်ပါတော့ ရှောင်ကျန့်ရယ်ဟု ဆိုကာကိုယ့်ကိုကိုယ်ပဲအပြစ်တင်မိတော့သည်..မသောက်နိုင်ပဲနဲ့များသွားသောက်ရတယ်လို့...အခုတော...အတွေးနှင့်အတူရိပေါ်မျက်နှာလေးကိုမော့ကြည့်မိသည်။

The Chef Lover🧡🧡 (Completed)[Mini Story]Where stories live. Discover now