Part_8

5.7K 671 26
                                    

        ညအိပ်ယာဝင်ကာနီးတိုင်းသွားတိုက်လေ့ရှိတာမို့ ရိပေါ်သွားတိုက်ပြီးအခန်းထဲဝင်လာတော့ ကျန့်ကောက သူတို့အခန်းလေးရဲ့အပြင်ဘက်လေးကဝရံတာလေးလို လုပ်ပေးထားသည့်နေရာလေးမှာထွက်ထိုင်ကာ ကောင်းကင်ကိုမော့ကြည့်လို့နေ၏။ ရိပေါ်က ရှောင်ကျန့်အနားသို့လျှောက်သွားကာ....။

        "ကျန့်ကော အပြင်မှာရာသီဥတုကအေးနေတာကိုဘာလို့အပြင်ထွက်ထိုင်နေတာလဲ အအေးပတ်ဦးမယ်ကွာ..."

        "မနက်ဖြန်ပြန်တော့မှာဆိုတော့ မပြန်ခင်လေးချင်းနမ်ရဲ့ကောင်းကင်ကိုကြည့်နေတာ အအေးမပတ်....ဟတ်..ဟတ်ချိုး..."

        ပြောနေရင်းကြားထဲကနှာကထချေလာတာမို့ ရှောင်ကျန့်က ရိပေါ်ကိုကြည့်ကာမလုံမလဲလေးပြုံး၏။

        "တွေ့လား ကျွန်တော်ပြောတယ် အအေးပတ်ပါမယ်လို့ဆိုနေတာကို..."

        ရိပေါ်က ရှောင်ကျန့်ကိုဆူသလိုလေးပြောရင်းအခန်းထဲဝင်သွားကာ ပြန်ထွက်လာတော့ ဂွမ်းစောင်တစ်ထည်ပါလာ၏။ ပြီးတော့ ရှောင်ကျန့်ကိုစောင်နှင့်လွှမ်းခြုံပေးကာ ရိပေါ်ကပါပူးပူးကပ်ကပ်နှင့်ဘေးမှာဝင်ထိုင်၏။

       "ရိပေါ် နောက်တစ်ထည်သွား‌ယူလေ စောင်ကသေးတော့နှစ်ယောက်ခြုံလို့အဆင်မပြေဘူးထင်တယ်...."

        လွတ်တွတ်တွတ်ဖြစ်နေသည့်စောင်လေးကိုကြည့်ကာရှောင်ကျန့်ကပြောတော့ ရိပေါ်ကရှောင်ကျန့်ဘေးနားကနေထကာ အနောက်မှာဝင်ထိုင်ပြီးရှောင်ကျန့်ကိုရင်ခွင်ထဲသွင်းထည့်ထားကာ ဖက်သည်။ ထို့နောက် စောင်အစွန်းအစနှစ်ဖက်ကိုဆွဲယူ၍ အရှေ့ဘက်မှာစုကိုင်ထားလိုက်၏။

        "ဒီလိုဆို လုံပြီးပိုနွေးသွားတယ်မဟုတ်လားကော..."

        ရိပေါ်ကရှောင်ကျန့်ရဲ့နားနားကိုကပ်ကာ လေသံလေးနှင့်ဆိုတော့ ရင်ခုန်သံတို့ကတဒုတ်ဒုတ်နှင့်ကခုန်နေကြ၏။ ရိပေါ်ဟာ တကယ်ပဲသူ့ကိုရင်ခုန်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွမ်းကျွမ်းကျင်ကျင်နားလည်၏။

         တချိန်ထဲမှာပဲခေါင်းထဲဝင်လာသည့် အတွေးတို့ကအရင်ကရောရည်စားထားခဲ့ဖူးသလား...ထားခဲ့ဖူးတဲ့ရည်းစားတွေကိုရောဒီလိုပဲ ဆက်ဆံခဲ့ဖူးသလား....။

The Chef Lover🧡🧡 (Completed)[Mini Story]Where stories live. Discover now