Unicode
_________ညအမှောင်တို့က ကြီးစိုးလာသည်။လမ်းမီးရောင်အောက်မှာလမ်းသွားလမ်းလာလည်း ခပ်ကျဲကျဲသာရှိတော့သည်။သူ နည်းနည်းတော့ ကြောက်စိတ်ဝင်မိသား။ဒီတစ်ညတော့ ဘယ်မှာ အိပ်ရမယ်မှန်းမသိ။ကားပေါ်တွေ့ခဲ့တဲ့ ဒေါသအိုးကြီးက လည်း သူ့ကိုတစ်ချက်မှတောင် လှည့်ကြည့်မသွား။တော်တော်ဒေါသကြီးတဲ့လူ။
ပခုံးပေါ်က ကျောပိုးအိတ်ကြိုးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ရင်း တည်းခိုဖို့တစ်နေရာရာ ရှာမိသည်။
အခုအချိန်သူအလိုအပ်ဆုံးက စိတ်ချယုံကြည်ရတဲ့ သူငယ်ချင်းတစ်ယောက်သာ။ငယ်ငယ်ကတည်းက သူများနည်းတူ စာသင်ကျောင်းမှာလည်း စာမသင်ရ။သူ့ကို စိတ်မချလို့ဆိုတဲ့အကြောင်းပြချက်နဲ့ အိမ်မှာပဲဆရာခေါ်ကာ သင်ပေးသည်။တက္ကသိုလ်တက်ရမယ့်အရွယ်ရောက်တော့လည်း စာအုပ်တစ်ပုံတစ်ခေါင်းကို ဆရာနဲ့အိမ်ခေါ်သင်စေပြန်သည်။
ကျောင်းသား ဘဝဆိုတာ ဘာလဲ။လူငယ်တစ်ယောက်ရဲ့ပျော်ရွှင်မှုဆိုတာရော ဘာလဲ။သူငယ်ချင်းဆိုတာလည်း ဘာမှန်းမသိ။အိမ်ထဲကနေ အိမ်ပြင်ပေးမထွက်တဲ့ဘဝ။အခုလို အိမ်က ခိုးထွက်လာဖို့ဆိုတာ သူ့အဖို့အိမ်မက်တောင် မမက်ဖူး။တကယ့်ကို ဧရာမစွန့်စားခန်းကြီးတစ်ခုလို။
ဟူး...ဗိုက်ကလည်းဆာလိုက်တာ။ခုချိန် ပဲခေါက်ဆွဲပူပူလေးတစ်ပွဲလောက်ဆွဲလိုက်ရရင် ဘယ်လောက်ကောင်းမလဲ။
ထိုအချိန်မှာပင် သူ့ရှေ့က ယိုင်တိယိုင်တိုင်လျှောက်လာသည့် လူနှစ်ယောက်ကြောင့် မမြင်ချင်ယောင်ဆောင်ပြီး ခပ်သွက်သွက်လျှောက်လိုက်သည်။
ထိုသူနှစ်ယောက်က ရှောင်မသွားဘဲ သူ့ဆီကိုတည့်တည့်လာနေကြသည်။အနားရောက်တော့ ရီဝေဝေမျက်လုံးတွေနဲ့ သူ့တစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဆုံးကြည့်ကာ..
"ကောင်လေး....ဟား...ချောလှချည်လား။ပန်းရောင်နှင်းဆီလေး..ဟုတ်တယ်..ပန်းရောင်နှင်းဆီ.."
ပါးစပ်ဟလိုက်တိုင်း တထောင်းထောင်းနံနေသော အနံ့အသက်များက မကောင်းလှ။မျက်လုံးတွေကလည်း နီရဲနေသည်။အရက်မူးသမားဆိုတာ ဒါကိုပြောတာလား။
YOU ARE READING
For Your Eyes Only【မင်းအတွက်သာ】|| JINKOOK ✓