For your eyes only-6

5.8K 543 35
                                    

Unicode
_________

"Koo ရေ.....Koo"

ဆော့ဂျင် မျက်လုံးတွေ မပွင့်သေးခင် အရင်ဆုံးအသိထဲဝင်လာသူကို အားကိုးတကြီး အော်ခေါ်နေမိသည်။

"Koo ရော"

"စွတ်အော်နေတာပဲ...ငါ ဒီမှာရှိတယ်"

မြတ်နိုးတဲ့အရာတစ်ခုကို အသည်းအသန်လိုက်ရှာနေ
ဟန်မျက်နှာလေးက သူ့ကိုမြင်တော့မှ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချသည်။နာလန်ထစ အိပ်ချင်မူးတူးမို့ အဖျားသွေးကျန်ကာ နှာသီးဖျားလေးတွေ ရဲနေသည်။

"သက်သာလား..Jin"

နံရံကို မှီ​ပြီး ခြေဆင်းထိုင်နေသည့် ဂျောင်ကုမှာ အိပ်ထားပုံမရ။ဆံပင်တွေက အနည်းငယ်ရှုပ်နေကာ ဆော့ဂျင်ကို မျက်တောင်တွေ မှေးစင်းပြီးကြည့်​နေသည်။

"အင်း သက်သာတယ်။ ခေါင်းတော့ နည်းနည်းကိုက်သေးတယ်"

"ကိုက်မှာပေါ့။ မိုးရေထဲလျှောက်ပြေးတာကို"

"ဘာဖြစ်လဲ။ Koo မှ ကျွန်တော့်ကို လက်မခံချင်တာ"

"တော်တော့။ အပိုပြောမနေနဲ့။ပြီးရင် ဆန်ပြုတ်သောက်လိုက်"

"အင်း..."

သိပ်မကြာခင် ဂျောင်ကုက ဆန်ပြုတ်ပန်းကန်ကို ကိုင်ကာ အခန်းထဲဝင်လာသည်။

"ရော့..သောက်လိုက်။ ပြီးရင် ဆေးသောက်ရမယ်"

ဆော့ဂျင်က နာခံစွာ ခေါင်းငြိမ့်လိုက်ရင်း တစ်ဇွန်းခပ်သောက်လိုက်တော့ နှုတ်ခမ်းက ဖျဥ်းကနဲစပ်သွားသည်။ဒါဟာ မိုးရေကြောင့်ဖျားတာမဟုတ်ဘဲ တစ်စုံတစ်ယောက်နဲ့ ဆိုင်သွားသည်။နှုတ်ခမ်းလေးကို ရန်ရှာခဲ့သူအား မဝံ့မရဲ ကြည့်ရင်း ဆော့ဂျင်ပြောသင့် မပြောသင့်စဥ်းစားပြီးမှ...

"ပြီးတော့...နှုတ်ခမ်း....နှုတ်ခမ်းကအရမ်းနာနေတယ်..အဲ့တာ...Koo....."

ထိုအခါ ရဲနေတဲ့ ဆော့ဂျင် နှုတ်ခမ်းလေးကို သူတစ်ချက်လှမ်းကြည့်ပြီး ကပျာကယာ မျက်လွှာချပစ်သည်။ရင်ခုန်သံတွေက ကသောင်းမောင်းနင်းနဲ့ ပြောစရာ စကားတောင် လည်ချောင်းထဲက ထွက်လာအောင် အနိုင်နိုင် အားယူလိုက်ရသည့် အဖြစ်။

For Your Eyes Only【မင်းအတွက်သာ】|| JINKOOK ✓Where stories live. Discover now