Unicode
_________"ကင်ဆော့ဂျင် မထသေးဘူးလား။ မနေ့ညကလည်း ထမင်းမစားဘဲ အိပ်တယ်..ထ တော့"
ဂျောင်ကု အခန်းတံခါးကို ခပ်ပြင်းပြင်းထုလိုက်ပေမဲ့ အခန်းထဲက ဘာတုံ့ပြန်သံမှ မကြားတာမို့ တံခါးကို ဆွဲဖွင့်ကာ ကြည့်လိုက်တော့ အထဲက မြင်ကွင်းကြောင့် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
ကုတင်ပေါ်မှာ စောင်ပုံကြီးတစ်ခုပဲရှိနေကာ လူက ပျောက်နေသည်။ခြေသံဖွဖွနင်းကာ အနားကို တိုးကပ်ကြည့်လိုက်တော့ မျက်နှာတစ်နေရာလေးပဲ ဖော်ထားကာ ကိုယ်လုံးတစ်ခုလုံးက စောင်ထဲမှာ အထုပ်လိုက်။
သစ်ရွက်တွေမှာ ကပ်နေတတ်သည့် ပိုးတုံးလုံးလေးလိုလို။ပင်ဂွင်းငှက်ပေါက်စလေးလိုလိုနဲ့။ မျက်ခွံလေးနှစ်ဖက်မို့အစ်နေကာ ပန်းရောင်သန်းနေသည်။ကင်ဆော့ဂျင်ရဲ့ နုဖတ်ချောမောမှုက တကယ့်ကို ပါရမီထူးတစ်ခုပင်။
နဖူးပေါ်ကျနေတဲ့ ဆံပင်လေးတစ်ချို့ကို သပ်တင်ပေးလိုက်တော့ ထိုပိုးတုံးလုံးက လှုပ်လှုပ်ရွရွဖြစ်သွားသည်။
"Jin..ထ တော့လေကွာ..အိပ်ပုပ်မကြီးရဘူး"
"ဘယ်မှာ အိပ်ပုပ်ကြီးနေလို့လဲ..မထချင်သေးဘူး"
လူကဖြင့် မျက်လုံးတောင်မပွင့်သေးဘူး။နှုတ်ခမ်းလေးထော်ထော်နဲ့ ရန်လုပ်နေတာကို ကြည့်။ဒီဟာလေးက ချော့ပြောရင် ရတဲ့ဟာလေးမဟုတ်သဖြင့် သူ ဘီလူးဆိုင်းတီးရပေဦးမည်။
"ထ မှာလား...မထဘူးလား ပြော"
"မထဘူး..တစ်နေ့လုံးအိပ်မှာ"
"ဘာကွ...မထရင် စောင်ရော လူရော အထုပ်လိုက်လွှင့်ပစ်မှာ "
ပြောကာမှ မထတဲ့အပြင် ပေါ်နေတဲ့မျက်နှာကိုတောင် စောင်နဲ့အုပ်လိုက်တာကြောင့် ဂျောင်ကု တစ်ယောက် ဒေါဖောင်းသွားရသည်။
"ဒီလောက်တောင် စကားနားမထောင်တာ..လာခဲ့စမ်း"
စောင်ရော လူရော အထုပ်လိုက် ပွေ့ချီ ခံလိုက်ရမှ အတင်းပြူးတူးပြဲတဲနဲ့ သူ့လက်ပေါ်က အတင်း ရုန်းဆင်းသည်။
"ဟာ...ထမယ်....ဒီ..Koo ကလည်း "
အဲ့ဒီတော့မှ စောင်ပုံထဲက ထွက်ကာ အိပ်ချင်မူးတူးနဲ့ ရေချိုးခန်းကို ဝင်ဖို့ပြင်သည်။ကယိုင်ကတိုင်နဲ့ ဟိုဝင်တိုက် ဒီဝင်တိုက်နဲ့မို့ လက်ပိုက်ပြီး ကြည့်နေတဲ့ဂျောင်ကု မှာ နောက်က တဟင်းဟင်း တဟဲ့ဟဲ့နဲ့ သတိပေးနေရသည်။
YOU ARE READING
For Your Eyes Only【မင်းအတွက်သာ】|| JINKOOK ✓