Unicode
_________ဆောင်းဦးရဲ့ မြောက်လေ တစ်ချက်အဝှေ့မှာ ဆော့ဂျင် ခိုက်ခိုက်တုန်အောင် ချမ်းသွားသည်။
ဒီနေ့တော့ သူ အိပ်ရာစောစော ထပြီး မနက်စာချက်ပြုတ်ဖို့ ပြင်ဆင်မိသည်။အရင်လို နောက်ကျမှ ထပြီး ဂျောင်ကု လာနှိုးရသည့် အထိအိပ်မနေချင်တော့။တတ်နိုင်သမျှ အလိုက်တသိနေချင်သည်။သူ လုပ်နိုင်တာလေးတွေ ဘာပဲဖြစ်ဖြစ် လုပ်ပေးခဲ့ချင်သည်။
ထယ်ယောင်း ချက်ပြုတ်တာကို နေ့တိုင်းကူညီလုပ်ကိုင်ပေးနေတဲ့ သူ့အဖို့ ပေါင်မုန့်မီးကင်တာတို့ ခေါက်ဆွဲပြုတ်တာတို့လောက်ကတော့ ကျွမ်းကျင်နေပြီလေ။
ကြက်ဥကို အချပ်ပါးပါးလေးဖြစ်အောင် ကြော်ပြီးမှ ဓားနဲ့ပါးပါးလေး ပြန်လှီးကာ ခေါက်ဆွဲပြုတ်ပေါ်အသာတင်လိုက်သည်။ဒီလောက်ဆို Koo သဘောကျလောက်မှာပါ။
"Jin ဘာတွေလုပ်နေတာလဲ အစောကြီး"
ရုတ်တရက် နောက်ကနေ ခေါ်လိုက်တဲ့ ဂျောင်ကု
အသံကြောင့် သူ့ကိုယ်လေးတုန်သွားသည် အထိလန့်သွားရသည်။"ဟို...ဟို..Kooတို့ မနက်စာ စားဖို့ လုပ်နေတာပါ"
"ဒီလောက်အေးနေတာကိုကွာ.."
ဂျောင်ကုက ပြောပြောဆိုဆိုနဲ့ ဝတ်ထားတဲ့ ဆွယ်တာအကျီ အထူကြီးကို သူ့ကိုယ်ပေါ် ခြုံပေးလိုက်တော့ အံ့သြမှုနဲ့ အတူ ကြည်နူးရပြန်သည်။
ကျွန်တော့်ကို အဲ့ဒီလို ဂရုစိုက်မှုတွေ မပြပါနဲ့လား။ကျွန်တော် တိမ်းညွှတ်မိသွားရင် ကုစရာဆေးရှိမှာ မဟုတ်တော့ဘူး။
"အဟမ်း...ဟမ်း"
အခန်းထဲဝင်လာတဲ့ ထယ်ယောင်း အသံကြောင့် သူ လန့်ဖျတ်သွားကာ ဦးနှောက်ကို တစ်ခုခုက အချက်ပေးလိုက်သလို လက်ကလည်း Koo ဝတ်ပေးထား သည့် ဆွယ်တာ အကျီကို အတင်းချွတ်ပစ်လိုက်သည်။သူ့ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေတဲ့ Koo ရဲ့မျက်လုံးတွေကို ဥပေက္ခာ ပြုကာ......
"ကျွန်တော် မအေးပါဘူး။ Koo ဘာသာဝတ်ထားနော်..ကျွန်တော် လုပ်စရာလေးတွေ ရှိလို့"
ထိုသို့ ပြောပြီး အခန်းအပြင်ဘက်သို့ အတင်းကမူးရှုးထိုး ထွက်လိုက်မိသည်။မနေ့ညက အခြားတစ်ယောက်ကို နမ်းခဲ့ပြီး အခု ကျွန်တော့်ကို ဂရုစိုက်မပြပါနဲ့လား။တစ်ဖက်လူ အရမ်းခံစားသွားရလိမ့်မယ်။
YOU ARE READING
For Your Eyes Only【မင်းအတွက်သာ】|| JINKOOK ✓