For your eyes only-11 {U & Z}

5.3K 526 52
                                    

Unicode
_________

အချိန်ကာလဆိုသည့်ရထားလေးသည် တစ်နှစ်တာဆိုသည့် အကွာအဝေးကို တရွေ့ရွေ့ ခုတ်မောင်းသွားလေသည်။

အပူတပြင်းလိုက်ရှာမိတာမျိုးတွေ မနေနိုင်မထိုင်လွမ်းတာမျိုးတွေက သူ့အတွက် ကျော်လွန်သွားခဲ့ပြီ။
ဘာမှ မဖြစ်သလို တိတ်တိတ်လေး နာကျင်နေဖို့ပါပဲ။
သေရာပါ ဒဏ်ရာတွေဟာ..တော်တော်နဲ့မကျက်တတ်ဘူးမဟုတ်လား။

တစ်နှစ်ဆိုသည့် အချိန်ကာလ အတောအတွင်းမှာ အတတ်နိုင်ဆုံး သူ့ကိုယ်သူ အေးချမ်းအောင်နေသည်။အလုပ်ကိုပဲ အမြဲတစေ အာရုံစိုက်ကြိုးစားသည်။

ဘဏ်အတွက် လုံခြုံရေး ပရိုဂရမ်တွေဆွဲသည်။game software တွေရေးသည်။ကိုရီးယားမှာနေပေမဲ့ နိုင်ငံခြားက အလုပ်တွေကို ဆက်သွယ်ပြီး ရုံးထိုင်ကာ၂၄နာရီလုံး မအားလပ်ရအောင် အလုပ်ကိုပဲ အာရုံစိုက်ဖြစ်သည်။

နာတာရှည် ရောဂါ တစ်ခုလို စိတ်ထဲစွဲနေသည့် မပျော်ရွှင်ခြင်းအကြောင်းအရာတွေကို သူ မေ့ပစ်ချင်သည်။

တစ်ခါတစ်လေဆို စာအုပ်တစ်အုပ်ဖတ်ပြီး တမြေ့မြေ့ခံစားမယ်။ကြည့်ချင်တဲ့ ရုပ်ရှင်ကားတွေ ရွေးကြည့်မယ်။

ချွင်းချက်အနေနဲ့ ပန်းရောင်အရာဝတ္ထုမှန်သမျှ မုန်းတယ်။အသားဖြူဖြူ ခပ်သွယ်သွယ်ကောင်လေးတွေ တွေ့ရင် ဝေးဝေးကရှောင်တယ်။တစ်ဘဝလုံးစာအတွက် နောက်ထပ် ဘယ်သူ့ကိုမှ မေတ္တာတွေ သစ္စာတွေ မပေးဖြစ်အောင် နေထိုင်တယ်။

တော်ပြီပေါ့...ဘဝမှာ တစ်ခါပဲ ချစ်ဖူးခဲ့ပြီး...တစ်ခါပဲ အညာခံရတာ လုံလောက်ခဲ့ပြီပေါ့။

"Jeon...အလုပ်တွေ အရမ်းပင်ပန်းနေပြီလား။ ငါ ဇက်​ကြောနှိပ်ပေးရမလား"

"ရတယ်..ထယ်...နေ..နေ.."

ဒီတစ်နှစ်အတွင်းမှာ ထယ်ယောင်းက သူ့ကို တစ်ကယ်ပဲ ဂရုစိုက်ပါတယ်။ဆေးတိုက်တာက အစ ခေါင်းလျှော်ပြီး ဆံပင်ရေသုတ်ပေးတာက အဆုံးအသေးအမွှားအရာအားလုံး ဂရုစိုက်သည်။

သူ့အချစ်ကို မျှော်လင့်နေတဲ့ ထယ့်ကို တကယ်ပဲ အချစ်တွေ ပြန်ပေးချင်မိပါသည်။ဒါပေမဲ့...သူငယ်ချင်းထက်မပိုတဲ့ ကိုယ့်နှလုံးသားကိုပဲ အပြစ်တင်ရတော့မလား။

For Your Eyes Only【မင်းအတွက်သာ】|| JINKOOK ✓Where stories live. Discover now