For your eyes only - 3

6.1K 605 25
                                    

Unicode
_________

" JK.."

ခေါ်သံကြားတော့ လှည့်ကြည့်လိုက်တော့ ဟိုနေ့က လူရှုပ်သုံးယောက်။

ဂျောင်ကု ကျစ်ကနဲ စုပ်သပ်လိုက်ကာ ‌ေြခလှမ်း‌ေတွကို ရပ်ပစ်လိုက်၏။ တကယ့်ကို အာရုံနောက်စရာ အရှုပ်ထုပ်တွေ။

"နေပါဦး..ဟိုနေ့က ကိစ္စကို နောက်တစ်ခေါက်ြပန်စဉ်းစား...."

" S o r r y "

ထိုစကားတစ်ခွန်းကိုသာ ပြောပြီး ပြန်လှည့်မကြည့်တော့ဘဲ လှည့်ထွက်လာခဲ့သည်။ခြေရာခံမိမှာစိုးလို့ ကားတောင်ယူမလာဘဲ ခြေလျင်လျှောက်ကာမှ ဒီလူတွေနဲ့ တည့်တည့်တိုးရပြန်သည်။ကိုရီးယားကိုပြန်ရောက်ကတည်းက သူနဲ့အလုပ်တွဲလုပ်ချင်သူတွေ အတော်များများ သူ့နောက်ကို ကြွက်ချောင်းသလိုလိုက်ချောင်းနေကြတာဖြစ်သည်။

"အစ်ကိုကြီး"

ကျစ်! လာပြန်ပြီ။

"အစ်ကိုကြီး.."

စိတ်ညစ်စရာကောင်းလောက်အောင် ခေါ်သည့်အသံက လှည့်မကြည့်သည့်တိုင် ဘယ်သူလဲဆိုတာ သိသည်။တစ်လောကလုံးမှာ သူ့​ကို အစ်ကိုကြီးလို့ခေါ်တာ ဟိုရှပ်ပြာ တစ်ယောက်ပဲရှိသည်လေ။

ဆံပင်တွေကြားထဲ လက်ချောင်းတွေနဲ့ ထိုးဖွလိုက်ပြီး ပါးစောင်ကိုလျှာဖြင့်ထိုးကာ မျက်လုံးတွေကို မှေးစင်းကြည့်လိုက်တော့ ထိုကောင်လေးက ဝမ်းသာအားရဖြင့် အနားကိုကပ်လာသည်။

"အစ်ကိုကြီး...ထပ်​တွေ့ပြန်ပြီနော်။ ဝမ်းသာလိုက်တာ။ အစ်ကိုကြီးနာမည်က JKလား။ ခုနက ဟိုလူကြီးတွေခေါ်သံကြားလိုက်လို့....JK..."

စကားမဆုံးမီ သူ့ လက်ချောင်းတွေက ကောင်လေးနှုတ်ခမ်းပေါ် အလျင်အမြန်ပိတ်လိုက်သည်။ဒီဟာလေးက ဘယ်လိုပြောပြောမရပါလား။ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ပြောချင်ရာကို ဇွတ်ပြောချတတ်သည်။

"မင်း ဘာလို့ အကျယ်ကြီးပြောနေတာလဲ။ ပတ်ဝန်းကျင်ကို နည်းနည်းမှ သောက်ဂရုမစိုက်တတ်တာလား"

ခပ်ကြိတ်ကြိတ်မာန်မဲလိုက်တော့မှ မျက်လုံးလေးပြူးကာ  မလုံသလို ဘေးဘီဝဲယာကိုကြည့်နေသည်။ပြီးတော့မှ မျက်နှာငယ်လေးနဲ့ အသံတိတ်ကျသွားသည်။သို့သော် ခဏပင်။ကြောက်လန့်ပြီး နေရာမှာတင်ရပ်မသွား။သူ့နောက်ကနေ ထပ်ကြပ်မကွာ အမှီလိုက်လာပြီး ပခုံးဘေးသို့ယှဥ်လျှောက်လာသည်။

For Your Eyes Only【မင်းအတွက်သာ】|| JINKOOK ✓Where stories live. Discover now