For your eyes only-15

7K 551 77
                                    

Unicode
_________

အအေးဓာတ်က ပိုပြီးစိမ့်လာတာနဲ့အမျှ ခြေအဆစ်နေရာက ပိုကိုက်လာသည်။သွေးစတို့က စီးကပ်ကပ်ဖြစ်နေရာမှ ခြောက်စပြုလာသည်မို့ ခြေထောက်ကို အုပ်ကိုင်ထားလိုက်ရင်း..

"ဦးလေးကြီး...ဒီမှာပဲ ရပ်ပေးပါ"

မြေကြီးပေါ် ခြေထောက်ချလိုက်တာနဲ့ ယိုင်ခနဲ ဖြစ်သွားတဲ့ သူ့ကို ဒရိုင်ဘာဦးလေးကြီးကို စိုးရိမ်တဲ့အကြည့်နဲ့ ကြည့်နေသည်။

"မောင်ရင်....ရ ရဲ့လား"

"ရတယ်...ရတယ်။ကျွန်တော် အဆင်ပြေပါတယ်"

ခြေထောက်တစ်ဖက် ထော့နင်းထော့နင်းနဲ့ လမ်းလျှောက်ရတဲ့ ဒုက္ခက မသေးပေ။ရင်ထဲမှာ မီးတောက်လို လောင်မြိုက်နေသည့် စိုးရိမ်စိတ်ကြောင့်သာ သူ ဒီလောက်အထိ တင်းခံနိုင်နေတာ။ဒါတွေအားလုံး ဟိုဟာလေးကြောင့်..။အပြင်သွားရင်လည်း သူ့ကို သတိတော့ပေးသွားသင့်တာပေါ့။လူကို စိတ်ပူအောင် လုပ်တဲ့နေရာမှာ ကင်ဆော့ဂျင် တို့က ဆရာကြီး။

"But I can't get this shit outta my head......"

ရုတ်တရက် ထမြည်လာသော Ringtoneသံကြောင့် ဖုန်းကို ကပျာကယာ ဖွင့်ကြည့်မိတော့ သူမသိသည့် နံပါတ်စိမ်းတစ်ခုမို့ ခပ်မြန်မြန်ပဲ ကိုင်လိုက်သည်။

"Hello...Kooလား"

Kooလားလို့ မေးသည့်အသံဟာ ပုံမှန်အသံလား။ကြောက်ပြီး ထိတ်လန့်နေမလား။အန္တရာယ် တစ်ခုခု ကြုံနေရတဲ့ အခြေအနေလား ဆိုတာ ဂျောင်ကု ခေါင်းထဲမှာ အမြန်အဖြေရှာမိသည်။

"ကင်ဆော့ဂျင်..မင်းဘယ်က ဆက်နေတာလဲ"

"ကျွန်တော် Sun စားသောက်ဆိုင်မှာ..."

"ဘာ! ဘယ်သူနဲ့လဲ"

"Golden Sky Company က CEOနဲ့"

"အေး အဲ့မှာနေ တခြားဘယ်နေရာမှ မရွေ့နဲ့။ ငါချက်ချင်းလာခဲ့မယ်"

သဝန်တိုမှုကနေ ဒေါသအဖြစ်သို့ပြောင်းလဲသွားကာ ခြေထောက်က နာကျင်မှုကို ဥပေက္ခာ ပြုလျက် ခြေလှမ်းတို့က ဆိုင်တွင်း တစ်နေရာသို့ ဦးတည်သွားနေမိသည်။

တွေ့ပါပြီ။ချောင်ကျကျ စားပွဲဝိုင်းတစ်နေရာမှာ မျက်နှာချင်းဆိုင်ပြီး အပြုံးတွေ ဖလှယ်နေတဲ့ နှစ်ယောက်။

For Your Eyes Only【မင်းအတွက်သာ】|| JINKOOK ✓Where stories live. Discover now