Bonus💎

6.1K 480 84
                                    

Unicode & Zawgyi
__________________

Unicode
_________

"Kooရေ...အရမ်းနာနေပြီ၊တော်ပြီလို့"

"ပြီးတော့မယ်...ခဏလေး သည်းခံထားနော်"

"အား!!!စပ်တယ်...ဂျွန်ဂျောင်ကု ခင်ဗျား "

မနက်စောစောစီးစီး ဧည့်ခန်းထဲမှာ ကမ္ဘာပျက်နေတဲ့ Seok jinကြောင့် အိမ်နီးနားချင်းတွေ ကြားလျှင် တစ်မျိုးတစ်မည်ထင်ချင်စရာပင်။သို့ပေမဲ့ Jung kookအိမ်က သီးသန့်ခြံဝင်းအတွင်းမှာ ဆောက်ထားလို့သာ တော်ပေသည်။

"Jinရာ လက်ကို ဓားရှတာ အဲ့လောက်နာစရာလား"

Seok jinသည် လက်ညိုးက လောလောလတ်လတ် ရထားသည့် ဒဏ်ရာကို တဖူးဖူးမှုတ်ရင်း နှုတ်ခမ်းထော်ကာ သူ့ကို မျက်လုံးလှန်ကြည့်သည်။

"အော်...အခုတော့ ဒီလိုပြောပြီပေါ့ ဟုတ်လား၊ကိုယ့်အသား မဟုတ်တိုင်း ကိုယ်ချင်းစာစိတ်ကိုမရှိဘူး၊ညကျမှ Kooအိပ်နေတုန်း လက်ကို ဓားနဲ့လာလှီးပေးမယ်သိလား၊နာလား...မနာလား သိရတာပေါ့"

"ဟာ..Jinကလည်းကကွာ..ကိုယ်ချင်းမစာလို့မဟုတ်ပါဘူး"

"မသိဘူး...ပြောတာက ပြောတာပဲ၊ငြိုငြင်တာလား..အချစ်ပေါ့တာလား။မပေါင်းချင်လည်း ရတယ်နော်"

အခြေအနေက တစ်စတစ်စ ပြင်းထန်လာသည်မို့ Jung Kook မနေသာတော့ပေ။အရက်ပြန်ဘူးအဖုံးကို အမြန်ပိတ်၊ဆေးဘူးကိုသူ့နေရာသူပြန်ထားကာ စိတ်ကောက်နေတဲ့ ကောင်လေးကို အမြန်ချော့ဖို့ ပြင်ရသည်။Seok jin ထိုင်နေတဲ့ couch ပေါ်ကိုတက်ကာ အနားတိုးထိုင်တော့ မျက်စောင်းက ချာကနဲ အဆစ်ပါလာသည်။

"ပစ်စရာလား...ကိုကို ဘယ်လောက်ချစ်တာ Jinလည်း သိသားနဲ့ကွာ၊Jinထိခိုက်မှာစိုးလို့ ကိုကိုက ဟင်းမချက်ခိုင်းဘူးလေ။jinက ကိုကို့စကားနားမထောင်ဘဲ ဟင်းချက်တော့ အခုလက်ကို ဓားထိပြီမဟုတ်လား။နောက်နေ့တွေကျရင် ကိုကိုပဲ မနက်စာပြင်ပေးမယ်..ဟုတ်ပြီလား"

အိမ်ထောင်သက် ၂နှစ်အတွင်းမှာ မျိုးစုံကြိုးခုန်နေသည့် သူတို့နှစ်ယောက်အိမ်ထောင်ရေးကတော့  စိတ်ကောက်လိုက် ချော့လိုက်နှင့်..အချိန်တန်ရင် ပြန်အဆင်ပြေသွားကြစမြဲပင်။ဒါပေမဲ့ Seok Jin စိတ်ကောက်လျှင်တော့ Jung kookကြောက်ရသည်။တစ်ခါစိတ်ကောက်လျှင် တစ်ပတ်ဆယ်ရက်ခန့် စကားမပြောတော့သည့် Seok jinကို Jung kookက အသေအလဲ ပြန်ချော့ရတတ်သည်။အောက်ကျနောက်ကျခံပြီး ပြန်ချော့လျှင်တောင် မသိချင်ယောင်ဆောင်နေတတ်သည် အထိ စိတ်ကြီးသည်။အခုလည်း အချိန်မှီမချော့လျှင် ကောက်မည့်အရေးကြောင့် လေပြေလေးနဲ့ နားဝင်အောင် ပြောရသည်။

For Your Eyes Only【မင်းအတွက်သာ】|| JINKOOK ✓Where stories live. Discover now