အပိုင်း🍀၂၇🍀

71 16 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၂၇)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
       ဆေးခန်းကနေ အိမ်ကိုပြန်ရောက်လာတော့..လွန်း..ကိုယ့်ဘာသာ.ကားပေါ်ကနေဆင်းဖို့ဟန်ပြင်လိုက်သည်။ခါးသက်လဲ..ကားပေါ်ကနေညအလျှင်မြန်ဆင်းသွားပြီး..လွန်းဘက်က..ကားတံခါးကိုဆွဲဖွင့်လိုက်ပြီး..လွန်းကို..ပွေ့ချီလိုက်လေသည်။
""ခါးသက်မိုး..မင်းငါ့ကို..ပွေ့ချီစရာမလိုဘူး..ဖယ်..ငါ့ဘာသာ..
လမ်းလျှောက်နိုင်တယ်.. ""
""ဒီမှာ...ခင်ဗျားကို..ချီချင်လို့..ချီနေတယ်လို့များထင်နေတာလား..ဒီမှာ..ဖြစ်နိုင်ရင်လေ..ခင်ဗျားအသားကိုတောင်..မထိချင်ဘူး သိလား..မနက်ဖြန်.အိမ်ကို..ဧည့်သည်တစ်ဦးလာမှာ​..အဲ့ဒီဧည့်သည်ကို..ခင်ဗျားဘဲဧည့်ခံရမှာ..မနက်ကျမှ..အနာကိုဗန်းပြပြီး..မလုပ်နိုင်ဘူး..အသံမကြားချင်လို့..ခင်ဗျားကို..အခုလိုလုပ်ပေးနေရတာ ရှင်းလား..""
ဘောက်ဆတ်ဆတ်နဲ့ ခါးသက်ကပြောလိုက်လေသည်။
""ရတယ်..မလိုဘူး..ငါ့ဘာသာ လမ်းလျှောက်နိုင်တယ်..စိတ်ချ..ငါလုပ်နေကျအလုပ်တွေ..လစ်ဟာသွားတာမျိုး မရှိစေရဘူး..""
လွန်း..ဆိုရင်း..ကားပေါ်ကနေ ဆင်းလိုက်ရာ..​အပူလောင်ထားသည့်  ခြေထောက်က နာကျင်သွားတာကြောင့်..လွန်းမျက်နှာလေးမဲ့ကျသွားသည်။
    ခါးသက်စိတ်မရှ​ည်စွာနဲ့..လွန်းကိုယ်လေးကို..ဆွေ့ခနဲ့ကောက်ပွေ့လ်ိုက်သည်။
""မလိုဘူးလို့..ပြောနေတယ်လေ..""
""အသာငြိမ်နေစမ်းပါ.."
ခါးသက်..စိတ်မရှည်ဟန်နဲ့..ဟန့်လိုက်သည်။ လွန်းလဲ..ဘာတစ်ခွန်းမှမပြောတော့ဘဲ..ငြိမ်နေလိုက်သည်။
   ခါးသက် လွန်းကို အခန်းထဲထိ လိုက်ပို့ပေးလိုက်သည်။သို့ပေမယ့် နှစ်ယောက်သား ဘာစကားတစ်ခွန်းမီမဆိုဘဲ ငြိမ်သက်နေခဲ့လေသည်။ သူတို့နှစ်​ယောက်ကြားမှာ အေးစက်နေတဲ့ရေခဲနရံထုကြီးတစ်ခုတည်​ရှိနေသလို..။အခြေနေက အေးစက်ပြီးတင်းမာနေခဲ့လေသည်။
❤❤❤❤
     ခြေထောက်ကအနာကြောင့်
တစ်ညလုံး လွန်းအိပ်မပျော်ခဲ့ဘူး..။
မနက်လင်းလာတော့..လွန်းထပြီး..
ရေမိုးချိုး..အဝတ်စားလဲနေတုန်း လွန်းအခန်းထဲ..ခါးသက်ဝင်လာလေသည်။
""ခင်ဗျားနိုးနေပြီလား.""
""အင်း..မင်းက ဘာလာလုပ်တာလဲ""
လွန်း.လိုရင်းဘဲမေးလိုက်သည်။
""ခင်ဗျား...ခြေထောက်က သက်သာလား..ဆေးရောလိမ်းပြီးပြီလား..""
""သက်သာတယ်..မင်းစိတ်မပူပါနဲ့..ငါအလုပ်တွေ မပျက်စေရဘူး..စိတ်ချ"""
လွန်းကို..ခါးသက်..တွေတွေလေး ငေးစိုက်ကြည့်နေမိ၏..။လွန်းရဲ့အမူယာတွေက ခါတိုင်းနဲ့မတူ..အေးစက်လွန်းလှသည်။အလုပ်ရှင်နဲ့ အလုပ်သမား.ဆက်ဆံရေးပုံစံမျိုးနဲ့သာ..ပြောဆိုနေသော..လွန်းရဲ့ပုံစံက..ခါးသက်ရင်ကို ကြေကွဲစေခဲ့သည်။
❤❤❤
        ""ခါး...""
""ဟာ...လာ..နန်းဦး..""
""ဟဲ..ဟဲ..ငါ့ကောင်ကြီး..အရမ်းချောလာသလိုဘဲ..""
""အဟင်း...ဒီလိုပါဘဲကွာ..ဒါနဲ့.အမေအေး.ရော နေကောင်းရဲ့လား..""
""အင်း ဒေါင်ဒေါင်မြည် ပါဘဲကွာ..
သြော် ဒါနဲ့ အမေအေးက..မင်းတို့ဆီကိုလာလည်ဥိီးမှာတဲ့...ဒါနဲ့မင်းရဲ့အသစ်စက်စက်..ဇနီးချောလေးနဲ့ ငါ့ကိုမိတ်ဆက်ပေးဦးလေကွာ..ဟဲ.ဟဲ""
နန်းဦးက.ဆိုလိုက်တော့..ခါးသက်.မဲ့ပြုံးလေးပြုံးလိုက်မိသည်။
    မီးဖိုချောင်ထဲကနေ  အအေးတစ်ခွက်ကိုင်ပြီး..လွန်းထွက်လာလေသည်။နန်းဦး..လွန်းကိုသတိလက်လွှတ်ငေးကြည့်နေမိ၏။
    ခါးသက်.ယောကျ်ားလေးတစ်ယောက်ကို တရားလက်ထပ်လိုက်သည်ဆိုသော သတင်းကို နန်းဦးကြားလိုက်ရတုန်းဆိုရင်..တကယ့်ကို..အံ့သြခဲ့ရလေသည်။ သို့ပေမယ့်..နန်းဦးရှေ့က..လွန်းကို..မြင်လိုက်ရတော့ သိပ်ပြီးမအံ့သြမိတော့..။
     ခါးသက်လက်ထပ်လိုက်တဲ့..ကောင်လေးရဲ့ရုပ်သွင်က..ဖြူစင်ပြီး.ချစ်စဖွယ်ကောင်းလွန်းနေသည်။
နောက်ပြီး..တချို့သော.မိန်းမချောလေးတွေထက်တောင်..ထိုကောင်လေးကပိုပြီးချောမောနေသေး၏။
""အဟမ်း...အအေးသောက်ဦး..""
လွန်းကို..သတိလက်လွတ်ငေးမောကြည့်နေသည့်  နန်းဦးကို..ခါးသက်ချောင်းဟန့်ပြီး..သတိပေးလိုက်လေသည်။
    ထိုအခါကျမှ  နန်းဦးတစ်ယောက်..ရှက်ရယ်ရယ်ပြီး..လွန်း..ချပေးတဲ့အအေးကိုသောက်လိုက်သည်။
""တွေ့ရတာဝမ်းသာပါတယ်..ကိုယ်နာမည်က နန်းဦးပါ..ခါးသက်ရဲ့သူငယ်ချင်းပါ.."
နန်းဦးကို လွန်း နူးညံ့သိမ်မွေ့စွာပြုံးပြလိုက်သည်။ ဒါကိုမြင်သွားသည့် ခါးသက်..ရင်ထဲအောင့်ခနဲ့ဖြစ်သွားကာ..
""ဒီမှာ..ဘာရပ်လုပ်နေတာတုန်း.သွား..ကားထဲက.နန်းဦးရဲ့ပစ္စည်းတွေကို..သွားသယ်ပြီး..သူနေမဲ့အခန်းထဲ..သွားထားလိုက်..""
အမိန့်သံဆန်ဆန်ထွက်ပေါ်လာသည့်..ခါးသက်စကားများကြောင့်..နန်းဦးကွက်ခနဲ့မျက်နှာပျက်သွားပေမယ့်.လွန်းကတော့..ဘာမှ..မခံစားရတဲ့ပုံစံမျိုးနဲ့..နန်းဦးကိုပြုံးပြရင်း.ထိုနေရာကနေထွက်သွားလေသည်။
   ""ဟေ့ကောင် ခါးသက်.မင်းဘယ်လို ပြောလိုက်တာလဲ..ကလေးသနားပါတယ်ကွာ..""
""ဘာ..ဖူး..ကလေး..ဟုတ်လား..အဟား...ဟား...ဟား...""
နန်းဦးစကားကြောင့်..ခါးသက်.အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
""ဟ...မင်းက ဘာထရယ်ရတာလဲ..""
""ဒီမှာ..နန်းဦး..သူက..မင်းနဲ့ငါထက်..၁နှစ်တောင်..ကြီးတယ်ကွ..""
""ဟာ...အဲ့ဒါဆိုရင်..မင်း..သူ့ကိုပိုပြီး..ရိုရိုသေသေဆက်ဆံသင့်တာပေါ့ကွ..မင်းနော်..နိုင်လို့ရတယ်ဆိုပြီး..ဇွတ်အနိုင်ကျင့်မနေနဲ့..ဟိုကထားသွားမှ..အသည်း.ကွဲကျန်ခဲ့မယ်..အဟင်း.အဟင်း..""
နန်းဦးစကားကြောင့်..ခါးသက်မျက်နှာတည်သွားကာ..
""ပေါက်တကရ တွေလျှောက်ပြောမနေနဲ့..ကဲပြောပါဦး..မင်းကဒီမှာ အချိန်ဘယ်လောက်ကြာကြာ နေမှာလဲ..""
"ဟီး..အစကတော့..၂ရက်လောက်နေပြီး..ပြန်မလို့ဘဲ..ဒါပေမယ့်..ငါ့ရဲ့မရီးလေးက..ချစ်စရာလေးဆိုတော့..တစ်ပတ်လောက်နေဖြစ်မယ်ထင်တယ်.ဒါတောင်အလုပ်တွေကြောင့်နော်..ဖြစ်နိုင်ရင်..တစ်လလောက်ကိုနေချင်တာ.""
နန်းဦးက စပ်ဖြီးဖြီးနဲ့ဆိုလိုက်လေသည်။ ထိုအချိန် ပစ္စည်းတွေကိုမနိုင်မနင်းသယ်လာတဲ့ လွန်းကို..လှမ်းကြည့်လိုက်သည့် နန်းဦးမျက်ဝန်းတွေက..အရောင်တစ်မျိုးလက်နေလေသည်။လွန်းကို..နန်းဦးက.စိုက်ကြည့်နေသည်ကို  ခါးသက်မကြိုက်..။
နောက်တော့  နန်းဦးက..လွန်းရဲ့အနားကိုလျှင်မြန်စွာချဥ်းကပ်သွားပြီး..လွန်းလက်ထဲက..ပစ္စည်းတစ်ချို့ကို..ယူ​လိုက်သည်။ နောက်တော့နှစ်ဦးသား.အပြုံးတွေကို ဖယ်လှယ်နေကြပြန်သည်။ ခါးသက် မကျေနပ်တဲ့စိတ်တွေက.တဖွားဖွား..။
""အဲ့ပစ္စည်းတွေကို ချခဲ့လိုက်တော့..သွား..မီးဖိုချောင်ထဲမှာ..ဒေါ်လေးတာကိုသွားကူပေးလိုက်..""
ခါးသက်စကားကြောင့် နန်းဦး ခါးသက်ကိုမျက်စောင်းတစ်ချက်ပစ်ထိုးလိုက်သည်။ လွန်း ဘာစကားတစ်ခွန်းမှမဆို..ခါးသက်စေခိုင်းတဲ့အတိုင်း..မီးဖိုချောင်ထဲကိုဝင်သွားလေသည်။ မီးဖိုချောင်ထဲဝင်သွားသည့်..လွန်းကိုမျက်တောင်မခတ်စတမ်းငေးစိုက်ကြည့်နေသည့်..နန်းဦး.ကြောင့်...ခါးသက်ရင်ထဲနင်တင်တင်ကြီး..ခံစားလိုက်ရလေသည်။နန်းဦး..ဒီအကောင်.ဘာဖြစ်နေတာလဲ..။
လွန်းပုံရိပ်..ခင်ဗျားကရော ဘာလဲ.။
ခါးသက် အံ့ကိုကြိတ်လိုက်ရင်း..မဆီမဆိုင်လွန်းအပေါ်မှာ..ဒေါသတွေထွက်နေလေတော့သည်။
❤❤❤
     ."ရ..ရပါတယ်..ကိုယ့်ဘာသာ လုပ်ပါ့မယ်..."
""မဟုတ်တာဘဲ..ကျွန်တော်လုပ်ပေးပါရစေ..ကိုရိပ်... ""
""ဟင်..""
""ဟီး..ကျွန်တော်..ကိုလွန်းပုံရိပ်က်ို..ကိုရိပ်လို့ဘဲခေါ်မယ်နော်..ရလား..""
""အင်း..မင်းစိတ်ကြိုက်ခေါ်ပါ..ရပါတယ်..ဖယ်ပေးပါ..ငါ့ဘာသာ.ဘဲလိမ်းလိုက်မယ်..""
""ဟာ...မဟုတ်တာ...ကျွန်တော်လိမ်းပေးချင်လို့ပါနော်...ကိုရိပ်..""
လွန်းအခန်းထဲကနေ..ထွက်ပေါ်လာတဲ့စကားသံတွေကြောင့်..ခါးသက်..ရင်ထဲ..ဒေါသများလှိုင်းထန်နေလေသည်။ ဒေါသကြောင့်..အလိုလိုနေရင်း..လွန်းအခန်းထဲကို..ခါးသက်ရောက်သွားလေသည်။
ကုတင်ပေါ်မှာ လွန်းကထိုင်နေပြီး..လွန်းရဲ့ရှေ့ကြမ်းပြင်အောက်မှာ..နန်းဦးက..ဒူးထောက်ထိုင်နေကာ..လွန်းရဲ့ခြေထောက်ကို..တယုတယနဲ့..ဆေးလိမ်းပေးနေသည်ကိုတွေ့လိုက်ရလေသည်။ လွန်းက..အားနာစွာ..ပြုံးနေလေသည်။
      ထိုမြင်ကွင်းကိုမြင်လိုက်ရတော့..ခါးသက် သတိလက်လွတ်နဲ့..
""ကိုလွန်းပုံရိပ်...ခင်ဗျား..အရမ်းကိုသာယာနေတာလား..ဟမ်..တွေ့သမျှယောကျ်ားတိုင်းနဲ့..ပလူးပလဲ နေတတ်တာက..ခင်ဗျားရဲ့အကျင့်လား..""
ရင့်သီးစွာထွက်ပေါ်လာသည့်..ခါးသက်စကားကြောင့်..လွန်း..ရင်ထဲနာကျင်သွားရလေသည်။
နန်းဦးက ပျာပျာသလဲ ထရပ်လိုက်ရင်း...
""ခါးသက်..မင်းဘယ်လိုပြောလိုက်တာလဲ...ဟမ်..ငါ့က..ကိုရိပ်ခြေထောက်ကအနာကို..မြင်လို့..ဆေးလိမ်းပေးနေတာကွ..""
""အဟက်..မလိုပါဘူး..သူ့ရဲ့ယောကျ်ားငါတစ်ယောက်လုံးရှိနေတာဘဲ..မင်းက..ဘာကိစ္စနဲ့ သူ့ရဲ့ခြေထောက်ကိုဆေးလိမ်းပေး​ရတာလဲ..ဒီမှာ နန်းဦး..မင်း..သူ့နဲ့တွေ့တာမှ..၂၄နာရီတောင်မပြည့်သေးဘူး..အရမ်းကို..အိုဗာတွေလုပ်ပြမ​နေနဲ့..""
ခါးသက်တင်းမာစွာ ပြောလိုက်တော့ နန်းဦးမျက်နှာပျက်သွားလေသည်။
""တော်တော့  ခါးသက်မိုး..သူ့က မင်းရဲ့ဧည့်သည်...နောက်ဆို ငါအနေထိုင်ဆင်ခြင်ပါ့မယ်..ရပြီလား..""
လွန်း..အေးစက်စွာ ကြားဝင်ပြောလိုက်သည်။ မကြိုက်ဘူး..။ခင်ဗျားကျွန်တော့်ကို..အေးတိအေးစက်ပြောဆိုဆက်ဆံနေတာကို..။မကြိုက်ဘူး..ခင်ဗျားတခြားတစ်ယောက်နဲ့.
ပြုံးရယ်ပြီး..စကားပြောနေတာကို..။
ခါးသက်စိတ်ရှုပ်ထွေးစွာ..ခေါင်းကိုခါရမ်းလိုက်သည်။
""Sorry ကိုရိပ်..ကျွန်တော်မတွေးလိုက်မိဘူး..ခါးသက်က..သဝန်အရမ်းတိုတတ်တဲ့လူစားမျိုးလေ..sorry ခါးသက်..ငါ့ရဲ့လုပ်ရပ်က...နည်းနည်းလေး..လွန်သွားတယ်..စိတ်ထဲမထားပါနဲ့..သူငယ်ချင်း..""
နန်းဦးကပြောပြီး..အခန်းထဲကနေထွက်သွားလေသည်။ နန်းဦးအခန်းထဲကနေ ထွက်သွားတော့မှ..ခါးသက်..လွန်းကိုစူးရဲစိုက်ကြည့်လိုက်လေသည်။
""ဒီမှာ..ခင်ဗျားကိုယ့်.. သိက္ခာ နဲ့ကိုယ်နေပါ..ခင်​ဗျားက.အိမ်ထောင်သည်နော်...အနေထိုင်ဆင်​ခြင်.""
""အဟက်..ဒီမှာခါးသက်..မင်းနဲ့ငါက..ဟန်ဆောင်လက်ထပ်ထားတာနော်...တကယ်အတည်ကြီး.လက်ထပ်ထားတဲ့ပုံစံမျိုးတော့  လာမလုပ်နဲ့..ငါမကြိုက်ဘူး...""
""ခင်ဗျား..အရမ်းကို..သတ္တိ​တွေ
ရှိပြနေတယ်ပေါ့လေ...ဒီမှာ..ခင်ဗျားနဲ့ကျွန်တော်က..ဟန်ဆောင်လက်ထပ်ထားတယ်ဆိုပေမယ့်လဲ..အများအမြင်မှာတော့..လင်မယားဘဲ..
အဲ့တော့..သူများကဲ့ရဲ့စရာမဖြစ်အောင်..အနေထိုင်ဆင်ခြင်ပါ..OK""
ခါးသက်က သူပြောချင်ရာပြောပြီး..ထွက်သွားလေသည်။လွန်းမှာသာ..ခံပြင်းဒေါသထွက်ရင်း..ကျန်ရစ်ခဲ့ရလေသည်။
❤❤❤
        ""ကိုရိပ်...နေမကောင်းဘူးလား..
မျက်နှာက ဖြူဖတ်ဖြူရော်နဲ့..""
""နေကောင်းပါတယ်..နန်းဦးရဲ့..""
""ခြေထောက်ရော..သက်သာရဲ့လား..""
ဖြူဖျော့နေတဲ့..လွန်းရဲ့မျက်နှာလေးကိုကြည့်ရင်း..နန်းဦးစိတ်ပူနေမိ၏။
ကိုယ်ပူ..မပူ..  လွန်းရဲနဖူးလေးကို..စမ်းကြည့်ချင်ပေမယ့်လဲ..နန်းဦး..အနေနဲ့ လွန်းရဲ့နဖူးလေးကိုမထိရဲ..။ဘာဖြစ်လို့လဲဆိုတော့..သူတို့နှစ်ယောက်ကို  မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်နေတဲ့ ခါးသက်ကြောင့်ဖြစ်သည်။
  ""သက်သာတယ် နန်းဦး..ကိုယ်တကယ်ဘာမှမဖြစ်ဘူး..""
လွန်းဖျော့တော့စွာပြုံးရင်းဆိုလိုက်သည်။
""အဟမ်း...ကိုလွန်းပုံရိပ်..ခင်ဗျားကို..စာကြည့်ခန်းထဲ..သန့်ရှင်းလုပ်ခိုင်းထားတာ လုပ်ပြီးပြီလား..""
အေးစက်စွာထွက်ပေါ်လာသည့်..ခါးသက်စကားများကြောင့်..နန်းဦးသက်ပြင်းရှိုက်လိုက်မိသည်။
     လွန်းအနေနဲ့...ဘာတစ်ခွန်းမှမတုံ့ပြန်ဘဲ...စာကြည့်ခန်းဘက်ကိုထွက်သွားမည်အလုပ်...
""သြော်..သေသေချာချာလေး..ကြမ်းကို...ပြောင်နေအောင်..တိုက်ထားနော်..ကျွန်တော်အသန့်ကြိုက်တယ်ဆိုတာကို...ခင်ဗျားအသိဆုံးပါ...""
နန်းဦးမနေနိုင်တော့..ခါးသက်ဆီကို...လျှောက်လာခဲ့လိုက်သည်။
""ဟေ့ကောင်...မင်းအရမ်းလွန်နေပြီနော်...မင်း..ကိုရိပ်ကို..အရမ်းကြီးအနိုင်ကျင့်လွန်းနေတယ်..
မင်းချစ်လို့..သူ့ကိုလက်ထပ်ခဲ့တာလား..ဒါမှမဟုတ်..အနိုင်ကျင့်ဖို့သက်သက်..လက်ထပ်ခဲ့တာလား.""
""မင်းနဲ့မဆိုင်ဘူး..နန်းဦး..""
""မင်း...""
""ကိုကို...ကိုကို...""
နန်းဦး..ခါးသက်ကို..ရန်တွေ့ဖို့ရန်ဟန်ပြင်လိုက်စဥ်..တိုက်ထဲကို..ကိုကိုဆိုပြီး.ပြေးဝင်လာသည့်..နေလင်းသာကြောင့်..စကားတွေကိုရပ်တန့်လိုက်ရလေသည်။နေလင်းသာ..က..ခါးသက်ဘေးနားကိုဝင်ထိုင်ပြီး.ခါးသက်၏ခါးကိုဖက်လိုက်လေသည်။
""သြော်..ကိုနန်းဦး..ရောက်နေတာလား...""
""အင်း..""
နန်းဦး အင်းတစ်လုံးတည်းသာပြန်ဖြေပြီး..ထိုနေရာကနေ..လှည့်ထွက်လာခဲ့လေသည်။.မနေ့ညကတော့..သူနဲ့လွန်းကို..စွပ်စွဲချက်တွေ တင်ခဲ့တဲ့သူက.။
တခြားကောင်လေးတစ်ယောက်နဲ့..လက်ပွန်းတတီး နေထိုင်တာကျတော့ တရားသတဲ့လား...။နေလင်းသာက. နန်းဦးတို့စသိကတည်းက..ခါးသက်အပေါ်မှာ..စိတ်ဝင်စားနေခဲ့သည်ကို နန်းဦးရိပ်စားမိပြီးသားဖြစ်သည်။
   သို့ပေမယ့်..ခါးသက်က နေလင်းသာကို စိတ်မဝင်စားခဲ့သလို..။ပြတ်ပြတ်သားသားလဲ မငြင်းဆန်ခဲ့ပေ..။
အရင်တုန်းကတော့ ပြဿနာမရှိခဲ့ပေမယ့်...။အခု..ခါးသက်ဘေးနားမှာ..လွန်းရှိနေပြီလေ..။ဒါကိုတောင်..
သူတို့တွေက..အနေထိုင်မဆင်ခြင်ဘဲ..အရင်တုန်းကအတိုင်း..ပြောဆိုဆက်ဆံနေကြတုန်းဘဲလား..။လွန်းကိုကျတော့..အလုပ်သမားတစ်ဦးလို..အနိူင်ကျင့်ချင်တိုင်းကျင့်နေသည့်..ခါးသက်ကို..နန်းဦး..စိတ်ပျက်နေမိ၏။နောက်ပြီး...နန်းဦးရင်ထဲမှာ..လွန်းကိုသနားနေမိသည့်စိတ်တွေကလည်း..တားမနိုင်အောင်ဖြစ်ပေါ်လို့နေလေသည်။
❤❤❤
အပိုင်း🍓၂၈🍓 မနက်ဖြန်ကျမှဘဲဖတ်တော့နော် ။ဦးရေးတော့ရေးနေတာဘဲ..မပြီးဘူး😔😔😔😔။
                         ⭐ညှို့စက်ကွင်း⭐

ဝိုးတဝါးအိမ်မက်Where stories live. Discover now