အပိုင်း🍀၂၅🍀

70 14 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၂၅)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀

      မသရဖီစီစဥ်ပေးတဲ့..ဝိုင်းလေးမှာဘဲ..လွန်းတို့ထိုင်လိုက်ကြသည်။
ထိုဧည့်ခံပွဲကို.တက်ရောက်ကြသည့်..
စိီးပွာရေးရှင်လူကြီး.အများစုက..ခါးသက်ကို လာရောက်နုတ်ဆက်​ကြလေသည်။ လူအများ ပြောချင်အရဆိုရင်..ခါးသက်မိုးကလဲ.
.ပေါ့ပေါ့တန်တန်.လူစားမျိုးမဟုတ်..။
တကယ့်ထူးချွန်ထက်မြတ်လှသည်။
စီးပွားနယ်ပယ်ထဲမှာ..အရေးပါလှသည့်..လူငယ်စီးပွားရေးရှင်.တစ်ဦးဖြစ်မှန်းကို..လွန်း.အခုမှသိရလေသည်။  
      လွန်းတွေးထင်ထားတာထက်ကို..ခါးသက်ပိုပြီး..တော်နေလေသည်။ထစ်ချုန်း၏အဘိုး.ဦးဓနမိုးကလဲ..လွန်းနဲ့ခါးသက်ကို..အပြုံးလေးတစ်ခုနဲ့သာ...အသိမှတ်ပြုခဲ့လေသည်။ဒါတောင်..တခြားစီးပွားရေးရှင်တစ်ဦးကို.လာနုတ်ဆက်ရင်းနဲ့.လမ်းကြုံ.ပြုံးပြသွားခြင်းသာ..။
     ဦးဓနမိုးက..ထစ်ချုန်းကို.မျက်စိဒေါက်ထောက်ကြည့်နေလေသည်။
လွန်းတို့ဆီကို..ခြေဦးလှည့်ဖို့ဟန်ပြင်လိုက်တာနဲ့..တခြားဆီကို.အာရုံလွဲပြီး.သွားခိုင်းလေသည်။ထိုကြောင့်..လွန်းအနားကို.ထစ်ချုန်း..သွားချင်ပေမယ့်..ဘယ်လိုမရောက်​နိုင်တော့..။
       ခါးသက်တစ်ယောက်.တခြားဝိုင်းက..လူကြီးတွေနဲ့ စကားလက်ဆုံ​ကျနေသည့်အချိန်...။လွန်း ဖုန်းထဲ
Message တစ်စောင်ဝင်လာလေသည်။ လွန်းကြည့်လိုက်တော့ ကိုထစ်ချုန်းဆီက..။
""လွန်းလေး..တိုက်ထဲက စာကြည့်ခန်းထဲကို..ရောက်လာခဲ့ပေးပါလား..အစ်ကို.မင်းနဲ့နှစ်ယောက်တည်း.တွေ့ချင်တယ်..လာခဲ့နော်..အစ်ကိုစောင့်နေမယ်..ချစ်တယ်.လွန်းလေး❤.""
လွန်း..ထစ်ချုန်းပို့လာတဲ့.message လေးကို.ကြည့်ရင်း..ဝေခွဲမရဖြစ်နေလေသည်။.နောက်ဆုံးစာကြောင်းဖြစ်တဲ့..ချစ်တယ်လွန်းလေး..ဆိုတဲ့.စကားလေးကိုဘဲ..လွန်း.စိုက်ကြည့်ရင်း..မျက်ရည်များက.ဝေ့ဝဲလို့လာခဲ့လေသည်။
      ခါးသက်ရဲ့အခြေနေကို..လွန်း.လှမ်းပြီးအကဲခတ်လိုက်တော့..စကားဝိုင်းထဲမှာ.လုံးဝနစ်မျောနေသည်ပုံ..။ဒါဟာ..လွန်းနဲ့အစ်ကိုတို့ရဲ့နောက်ဆုံး.နုတ်ဆက်တဲ့အချိန်ဘဲလေ..လို့.လွန်းတွေးပြီး..ထစ်ချုန်းကိုသွားတွေ့ဖို့ရန်..လွန်းဆုံးဖြတ်ချက်ချလိုက်သည်။ 
     အသာ ထိုင်နေရာကနေ လွန်း ထထွက်လာခဲ့ပြီး.တိုက်ကြီးထဲကို.ဝင်လာခဲ့သည်။ စာကြည့်ခန်းဆီကို.လာနေတဲ့တစ်လျောက်လုံး..လွန်းစိတ်ထဲနောက်ကျိနေလျှက်..​။ရင်ထဲက ဝမ်းနည်းစိတ်တွေကို..လွန်း..ထိန်းထားပြီး..မျက်နှာပေါ်မှာ အပြုံးလေးဆင်မြန်ထားလိုက်သည်။ ရင်ထဲက.နာကျင်နေတဲ့စိတ်ခံစားချက်တို့ကို..ချုပ်တီးထားရတာ..လွန်းအတွက်..မလွယ်ကူလှ..။လွန်း.အစ်ကိုထစ်ချုန်းကိုချစ်ခဲ့သည်။..လေးနှစ်လုံးလုံး..အစ်ကိုထစ်ချုန်းရဲ့မျက်နှာကိုငေးမျော်ကြည့်ရင်း..
လွန်း.တစ်ဖက်သတ်ချစ်ခဲ့ရသည်။
     ကိုယ်တန်ဖိုးထားပြီး မြတ်မြတ်နိုးနိုး ချစ်​ခဲ့ရသည့်လူတစ်ယောက်...မိမိမဟုတ်တဲ့..တခြားသူနဲ့..လက်ထပ်သွားသည့်..သတင်းက..အရမ်းကို..ခံရခက်လဲ..အရမ်းလဲ.နာကျင်ရ၏။
    ပါးပြင်ပေါ်သို့..ပေါက်ခနဲ့စီးကျလာသည့်..မျက်ရည်စ.တွေကို..သုတ်ရင်း..လွန်း..စာကြည့်ခန်းထဲဝင်လာခဲ့သည်။
      လွန်းအလာကိုစောင့်မျှော်နေသည့်..ထစ်ချုန်း..။လွန်းလာတာကိုလဲမြင်ရော...လွန်းဆီ.အပြေးလေရောက်လာကာ...လွန်းကိုယ်လေးကို..သူ့ရင်ထဲဆွဲသွင်းပြီး..တင်းကြပ်နေအောင်ဖက်ထားတော့သည်။
""အရမ်းလွမ်းနေတာ..လွန်းလေးရယ်..အစ်ကို..မင်းကို..အရမ်းလွမ်းတယ်..""
လွန်း..ဖျော့တော့စွာ ပြုံးလိုက်ပြီး..ထစ်ချုန်းရဲ့.ကိုယ်ကို..တွန်းထုတ်လိုက်တာကြောင့်..ထစ်ချုန်း..အံံသြစွာ..လွန်းကိုကြည့်လိုက်သည်။
""လွန်း..""
""အစ်ကိုက..မကြာခင်..လက်ထပ်တော့မဲ့သူလေ..တခြားသူတွေ.လွန်းတို့ကို..ဒီလိုပုံစံမျိုးနဲ့..တွေ့သွားရင်..မကောင်းဘူးလေ..အဲ့ဒါကြောင့်..""

ဝိုးတဝါးအိမ်မက်Where stories live. Discover now