ZG
💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၁၉)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
ထစ်ချုန်း.ရှေ့မှာရပ်နေတဲ့.ခါးသက်ကို..စူးရဲစွာစိုက်ကြည့်နေသည်။""ခါးသက်..ငါမင်းနဲ့.အရေးမပါတဲ့.ကစားပွဲတွေ လိုက်ကစားနေဖို့..အချိန်မရှိဘူး..လွန်း.ဘယ်မှာလဲ.ဒီအချိန်မှာ...ငါလွန်းရဲ့ဘေးနားမှာရှိနေပေးပြီး..သူ့ကိုနှစ်သိမ့်ပေးရဦးမယ်.""
ထစ်ချုန်း..စကားများကြောင့်..ခါးသက်.၏နုတ်ခမ်းလေးတွေ.တွန့်ကွေးသွားရုံလေး.ပြုံးလိုက်သည်။
""နှစ်သိမ့်ပေးရမဲ့အလုပ်က..သူ့ရဲ့ယောက်ျားဖြစ်တဲ့..ကျွန်တော်ကဘဲ..လုပ်ပေးလိုက်ပါ့မယ်..မဆိုင်တဲ့..ကိုကြီးကတော့..ဘေးဖယ်နေရမှာ
လေ..မဟုတ်ဘူးလား..""""တော်တော့ ..ခါးသက်..လျှာအရိုးမရှိတိုင်း.လျှောက်ပြောမနေနဲ့..Dလင်းသာကို..တစ်ကမ္ဘာထင်ပြီး..ချစ်ခဲ့တဲ့မင်းက..သူ့ကိုသေအောင်လုပ်ခဲ့မိတဲ့...လွန်းကို..လက်ဖျားနဲ့တောင်မထိဘူးဆိုတာကို..ငါသိတယ်..ခါးသက်.""
ထစ်ချုန်းက.ခါးသက်ရဲ့မျက်ဝန်းတွေကို.သေချာစိုက်ကြည့်ပြီး.ဆိုလိုက်သည်။ ထစ်ချုန်း.ခါးသက်ကိုယုံသည်..။ဒီကောင်လေးက.ဂျစ်ကန်ကန်လေးဆိုပေမယ့်..။
သူ့ရဲ့အတွင်းစိတ်ကလေးကတော့ ဖြူသည်..။.ယုတ်မာမှုဆိုသည့်အရာက.ခါးသက်နဲ့လားလားမှမဆိုင်သည့်အရာ.။
ဒီကောင်လေးကို..သူ့မုန်းတီးနေပေမယ့်..သူ့ရဲ့အကျင့်စရိုက်ကိုတော့.ထစ်ချုန်းကောင်းကောင်းယုံကြည်သည်။""အဟက်...ကိုကြီး.ကျွန်တော်အကြောင်းကိုသိသလို..အိုက်တင်မျိုးတွေ.လာလုပ်မနေနဲ့..ကျွန်တော့်အကြောင်းတွေကို..ကိုကြီးဘာတစ်ခုမှမသိဘူး..နောက်ပြီး..ကိုလွန်းက..Dနဲ့ဆင်တယ်လေ..Dနေရာမှာ.အစားထိုးဖို့.အတွက်.ကိုလွန်းက..အသင့်တော်ဆုံးဘဲ..ကိုကြီးတစ်ခါလောက်လေးဘဲဖြစ်ဖြစ်.. ဟော့ဒီက.ညီလေးကို.အလျော့ပေးလို့မရဘူးလား..""
ခါးသက်မိုး၏.ခနဲ့တဲ့တဲ့ စကားများကြောင့်..ထစ်ချုန်း.မျက်နှာက တင်းမာသွားသည်။
""ခါးသက်.မင်းရင်ထဲမှာ..တကယ်မုန်းတီးနေတဲ့သူက..ငါနော်..လွန်းမဟုတ်ဘူး..နောက်ပြီး..လွန်းကို..Dနေရာမှာ....ဘယ်လိုစိတ်မျိုးနဲ့များ.မင်းက....အစားထိုးဖို့.တွေးရဲရတာလဲ...""
YOU ARE READING
ဝိုးတဝါးအိမျမကျ
Romance(ZG) (UNI) 🍀မင်းနဲ့ဆုံတွေ့ခဲ့ရတဲ့. .အချိန်တွေက. အိမ်မက်တစ်ခု..ဟုတ်လား.. အဲ့ဒါဆိုရင်လဲ.. ငါဘယ်တော့မှ. မနိုးထတော့ဘဲ..အိမ်မက်ထဲမှာ. မင်းနဲ့အတူနေချင်တယ်..။ 🍀လွန်းပုံရိပ်🍀 🍂ကိုလွန်းနဲ့.ကျွန်တော့်ကို .စောစောဆုံစည်းခွင့် မပေးခ...