💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၃၇)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀""လွန်း...မတွေ့ရတာတောင်..အတော်ကြာပြီနော်...""
""ဟာ...ကိုခင်ဇော်...""
အရင်က တစ်ရုံးတည်းအတူအလုပ်လုပ်ခဲ့သည့် ကိုခင်ဇော်ကို မမျှော်လင့်ဘဲ လွန်းတွေ့လိုက်ရတော့ ၀မ်းသာသွားမိသည်။
""အခုရက်ပိုင်း လွန်းရဲ့အဒေါ်လင်မယားအကြောင်းကို ကြားလို့ လွန်းဆီ..သတင်းလာမေးသေးတယ်..ဒါပေမယ့်..လွန်းက..အိမ်ထောင်ကျသွားပြီး အိမ်ပြောင်းသွားတယ်ဆိုလို့..""""ဟုတ်တယ်..ကိုခင်ဇော်.""
လွန်း..ခေါင်းလေးငုံ့ထားရင်း ပြောလိုက်သည်။
""ဘယ်လိုဖြစ်ရတာလဲ..လွန်းရယ်..မင်း ကိုထစ်ချုန်းနဲ့ အဆင်ပြေ
မယ်ထင်ထားခဲ့တာ..""ကိုခင်ဇော်စကားကြောင့်..လွန်း မချိမပြုံးလေး ပြုံးလိုက်မိသည်။
""အစ်ကိုထစ်ချုန်းက..မင်းကိုအရမ်းချစ်ခဲ့တာနော်..လွန်း..ကဲပါ.မထူးတော့ပါဘူး..ငါမင်းကိုပြောပြလိုက်တော့မယ်..""ဟု အစချီပြီး..အစ်ကိုထစ်ချုန်းက.သူ့အား..အခကြေးငွေပေးပြီး လွန်းအား.ဂရုစိုက်ခိုင်းသည့်အကြောင်းများကို ပြောပြလေသည်။
ဒီအချိန်မှာ ဒီအကြောင်းတွေကို လွန်း သိတော့ရော..ဘာထူးတော့မှာလဲ..။ အစ်ကိုထစ်ချုန်းနဲ့ လွန်းတို့ရဲ့..
ဇာတ်လမ်းက မစရသေးခင်မှာ ပြီးပါပြီ စာတန်းထိုးခဲ့ပြီးပြီလေ..။
အခုချိန်မှာ အစတွေဆွဲထုတ်ပြီး..ခံစားချက်တွေ ဖော်ထုတ်လို့ရော ဘာထူးတော့မှာလဲ..။ လွန်း ဒီအတိုင်း နာကျင်စွာနဲ့ပြုံးနေမိ၏။""ပြီးခဲ့တာတွေလဲ.ပြီးသွားပါပြီ ကိုခင်ဇော်ရယ်...အတိတ်ကို ပြန်တမ်းတနေဖို့ အချိန် လွန်းဆီမှာ မရှိတော့ပါဘူး..""
လွန်း တွေးဆဆလေးဆိုလိုက်သည်။ ကိုခင်ဇော်လဲ လွန်းကို ဂရုဏာသက်စွာ ငေးကြည့်နေမိ၏။
ထိုအချိန်မျက်နှာချင်းဆိုင်ကနေ.. အရှိန်ပြင်းပြင်းမောင်းနှင်လာသည့် ကားတစ်စီးကလွန်းဆီကို တန်းတန်းမတ်မတ်ကြီးကို ဦးတည်ပြီး မောင်းနှင်လာတာကြောင့်..
ကိုခင်ဇော်..အလျှင်အမြန်နှင့် လွန်းရဲ့ လက်ကို လှမ်းဆွဲလိုက်၏။
YOU ARE READING
ဝိုးတဝါးအိမ်မက်
Romance(ZG) (UNI) 🍀မင်းနဲ့ဆုံတွေ့ခဲ့ရတဲ့. .အချိန်တွေက. အိမ်မက်တစ်ခု..ဟုတ်လား.. အဲ့ဒါဆိုရင်လဲ.. ငါဘယ်တော့မှ. မနိုးထတော့ဘဲ..အိမ်မက်ထဲမှာ. မင်းနဲ့အတူနေချင်တယ်..။ 🍀လွန်းပုံရိပ်🍀 🍂ကိုလွန်းနဲ့.ကျွန်တော့်ကို .စောစောဆုံစည်းခွင့် မပေးခ...