အပိုင်း🍀၂၈🍀

69 15 0
                                    


💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၂၈)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
          နန်းဦးရင်ထဲမှာ..လွန်းကိုသနားနေမိသည့်စိတ်တွေကလည်း..တားမနိုင်အောင်ဖြစ်ပေါ်လို့နေလေသည်။
❤❤❤
          စာကြည့်ခန်းထဲမှာ.ကြမ်းတိုက်နေသည့်လွန်း.ကို နန်းဦးစိတ်မကောင်း..။ဖြူဖျော့နေသည့်..မျက်နှာအသားရည်ကြောင့်ရယ်..နောက်ပြီး..စတွေ့တုန်းက..နီရဲနေတဲ့နုတ်ခမ်းလေးကပါ..အရောင်ဖျော့နေလေသည်။ နဖူးပေါ်မှာ..တွဲလွဲခိုနေသည့် ချွေးစက်တွေကိုကြည့်ရင်း နန်းဦးရင်ထဲမကောင်း...။တစ်ချက်တစ်ချက် ပြန့်လွင့်လာတဲ့..ခါးသက်မိုးနဲ့နေလင်းသာတို့၏ရယ်သံတို့ကြောင့်..နန်းဦး ခံပြင်းဒေါသထွက်ရသေးသည်။
""ကိုရိပ်...""
နန်းဦး..ကြင်နာမှုအပြည့်နဲ့ခေါ်လိုက်တော့..နန်းဦးကို..မော်ကြည့်လိုက်သည့်လွန်း...ခေါင်းထဲမိုက်ခနဲ့ဖြစ်သွားပြီး..ခန္ဓာကိုယ်လေး..ယိမ်းယိုင်သွားလေသည်။ နန်းဦး  စိတ်ပူသွားပြီး..လွန်းကိုယ်လေးကိုပြေးထိန်းလိုက်သည်။
""ရ..ရတယ်.ရုတ်တရက်အသံကြားလိုက်ရတော့..နည်းနည်းလန့်သွားလို့ပါ..""
လွန်း.နန်းဦးလက်ထဲကနေ..အသာရုန်းထွက်လိုက်သည်။ နန်းဦး...လွန်း..ရဲ့နဖူးလေးကို..မဝံ့မရဲစမ်းကြည့်လိုက်တော့...မီးခဲကိုကိုင်လိုက်ရသလိုမျိုး..ဖြစ်သွားတာကြောင့်.နန်းဦးထိတ်လန့်သွားရလေသည်။
""ဟာ..ကိုယ်တွေ  ဒီလောက်ထိ ကျစ်ကျစ်တောက်ပူနေတာကို..ဘာလို့.မပြောရတာလဲ...""
""ရတယ်..ငါဘာမှမဖြစ်ဘူး..""
""ဘာ..ဘာမှမဖြစ်ဘူးလဲ..ဒီလောက်.ကိုယ်တွေပူပြီး..ဖျားနေတာကို..ဟင်..ခြေထောက်ကလဲ..မနေ့ကထက်..ပိုပြီးယောင်နေသလိုဘဲ..ကိုရိပ်ရယ်..ကိုယ့်ကိုယ်ဂရုစိုက်ပါဗျာ..""
နန်းဦး စိတ်မကောင်းစွာ ဆိုလိုက်သည်။
""မဖြစ်ဘူး..လာ...ကျွန်တော်. ကိုရိပ်ကိုဆေးခန်းလိုက်ပို့ပေးမယ်..".
""ဟင့်အင်း..ရတယ်..မပို့ပေးနဲ့.နန်းဦး...အဖျား​ပျောက်ဆေးသောက်လိုက်လို့ရှိရင်..ကောင်းသွားမှာ..မပူပါနဲ့..ငါအမြဲဖြစ်နေကျ..ဒီလောက်ကတော့..ငါ့ခံနိုင်ရည်ရှိပါတယ်..""
လွန်း ဖျော့တော့စွာပြုံးရင်းဆိုလာလေသည်။
""ဟုတ်ပြီလေ..အဲ့ဒါဆိုရင် နားနားနေနေ.. နေပါဟုတ်ပြီလား..
လာ...ဒီမှာ ခဏထိုင်နေ...ကျွန်တော်..
ကိုရိပ်အစား..သန့်ရှင်းရေးကူလုပ်ပေးမယ်နော်..."
""ဟာ..မဟုတ်တာ..မင်းက..ဧည့်သည်လေ...ငါဘာမှမဖြစ်ဘူး..ငါလုပ်နိုင်တယ်..""
""ကိုရိပ်...ကျွန်တော်လုပ်ပေးချင်လို့ပါ..ကိုရိပ်က..နေမကောင်းဖြစ်နေတာလေ...ခဏလောက်နားနေလိုက်ပါ..""
နန်းဦး..လွန်းပုခုံးနှစ်ဘက်ကို..အသာချုပ်ကိုင်ပြီး..ထိုင်ခုံပေါ်ထိုင်စေသည်။ ဒါကိုလွန်းက..လက်မခံဘဲ..ခေါင်းမာစွာငြင်းဆန်..ရုန်းကန်နေလေသည်။
တစ်ယောက်ကလည်း..ဇွတ်အတင်း..ပုခုံးနှစ်ဘက်ကိုချုပ်ကိုင်ပြီးဇွတ်ထိုင်ခိုင်း..တစ်ယောက်ကလဲရုန်းဆိုတော့...လွန်းကိုယ်လေးက..နန်းဦးရင်ခွင်ထဲရောက်သွားသလိုနန်းဦးလက်တွေကလဲ..လွန်းရဲ့ခါးကို..ဖက်ထားသလို...အခြေနေမျိုးကိုရောက်သွားလေတော့သည်။ထိုအချိန်..
    ""ဒါ...ဘာဖြစ်နေကြတာလဲ...ဟမ်..
အခန်းထဲမှာဖြစ်ချင်းတိုင်းကိုဖြစ်နေကြတယ်ပေါ့လေ...အရှက်တရားကိုတစ်စက်လေးမှမရှိကြတော့ဘူးလား..""
ဟိန်းခနဲ့ထွက်ပေါ်လာသည့်..ဒေါသတွေနဲ့ပြည့်နှက်နေသည့်..ခါးသက်၏အသံ...။
     လွန်း ထိတ်လန့်သွားရသလို.နန်းဦးမှာလဲ.ထိတ်ပျာသွားရလေသည်။
""မ..မဟုတ်ဘူး..."
နန်းဦး.နဲ့လွန်း..လူချင်းခွဲလိုက်ကြပြီး..နန်းဦးကရှင်းပြဖို့ရန်..ကြိုးစားလိုက်သည်။
""ဟွန့်...ဒီလောက်..လက်ပူး​လက်ကြပ်..မိနေတာကို..ခင်ဗျားတို့က.ဗြောင်လိမ်နေချင်ကြသေးတယ်နော်..ကိုလွန်းပုံရိပ်..ခင်ဗျားကလေ...ဖြူစင်ချင်ယောင်..ရိုးသားချင်ယောင်ဆောင်ပြီး..တွေ့သမျှယောကျ်ားတိုင်းကို..လိုက်ပြီးမြူဆွယ်နေတော့တာဘဲနော်..""
နေလင်းသာက..လွန်းကိုကြည့်ရင်း..နှာခေါင်းရှုံ့ကာ..အထင်မြင်သေးစွာနဲ့ပြောလာလေသည်။
""အဟက်...နေလင်းသာ..မင်းလိုကောင်ကများ..ကိုရိပ်ကို..ပြောရဲသေးတယ်နော်...ကိုရိပ်ကို မင်းလို...အရှက်မရှိတဲ့ကောင်လို့များထင်နေတာလား.""
နန်းဦးက စိတ်တိုတိုနဲ့..နေလင်းသာကို..ပက်ခနဲ့..ပြန်ပြောလိုက်၏။
နန်းဦးစကားများက...နေလင်းသာ၏အရှိုက်ကို..တိုက်ရိုက်ထိမှန်လေသောကြောင့်..နေလင်းသာ.ရှုးရှုးရှဲရှဲ.ဖြစ်သွားလေသည်။
""တော်စမ်းပါ..နန်းဦး..နေလင်းသာ..ကို.အဲ့ဒီအရှက်မရှိတဲ့လူကြီးနဲ့..နှိုင်းယှဥ်ပြမနေနဲ့...ဒီမှာနန်းဦး..မင်းက..အဲ့လူရဲ့မာယာလှည့်ကွက်မှာ..ကျရှုံးနေတဲ့သူဆိုတော့...သူ့ကို..ဖြူစင်ရိုးသားတဲ့သူလို့ဘဲ..မြင်နေမှာဘဲ..ငါပြောလိုက်မယ်..သူကလေ...အရမ်းကိုစက်ဆုပ်ဖို့ကောင်းအောင်ကို..မာယာများလွန်းတဲ့..သတ္တဝါတစ်ကောင်ကွ..""
ခါးသက်က..လွန်းကို..လက်ညိုးငေါက်ငေါက်ထိုးရင်း..ဆိုလာလေသည်။ ခါးသက်စကားများက.ရင့်သီးလွန်းလှတာကြောင့်..လွန်းရင်ဘတ်ထဲအောင့်တက်သွားရလောက်ထိကို..
နာကျင်သွားရလေသည်။
     ""ဘာကွ...ခါးသက်မိုး..မင်း..မင်း..
အရမ်းကိုရက်စက်တဲ့ကောင်ဘဲကွာ..
ကိုယ့်ရဲ့အိမ်ထောင်ဘက်ကို..မင်းမို့..အခုလိုတွေပြောရက်တယ်..တောက်စ်..""
နန်းဦး..လက်သီးကိုကျစ်ကျစ်ပါအောင်..ဆုပ်ကိုင်ထားရင်းဆိုလိုက်လေသည်။
""အဟက်...ဒီမှာကိုနန်းဦး...ကိုကိုဘာသာ.ကိုကို..သူ့ရဲ့အိမ်ထောင်ဘက်ကို..သူပြောချင်တာပြောမယ်..လုပ်ချင်တာလုပ်မယ်..ကိုနန်းဦးနဲ့ဘာမှမဆိုင်ဘူး...ဘေးလူက..ဘေးလူလိုနေပါ...နောက်ပြီး..အဲ့လူကြီးက..ကြောင်သူတော်ယောင်ဆောင်နေတာ...ဒီမှာ..ကိုလွန်းပုံရိပ်..ခင်​ဗျား..
အရမ်းကိုတော်ပါတယ်..အခုမှ.တွေ့တာတောင်.၂ရက်မပြည့်သေးတဲ့..လူကို..ခင်ဗျားဘက်ပါအောင်..ဖမ်းစားနိုင်တာ..တော်လွန်းပါတယ်..""
နေလင်းသာက..ခနဲ့တဲ့တဲ့ ဆိုလိုက်တော့..နန်းဦး..ဒေါသထွက်သွားကာ..
နေလင်းသာကို..လက်သီးနဲ့ထိုးဖို့ရန်.ဟန်ပြင်လိုက်၏။
""ဟာ..တောက်...မလောက်လေးမလောက်စားကောင်ကများ..သေချင်နေတာလား.""
နဂိုအခံ..စိတ်ဆတ်လွယ်တဲ့.နန်းဦးတစ်ယောက်..အရမ်းကိုဒေါသ​ထွက်သွားရလေသည်။
""မ..မလုပ်ပါနဲ့..နန်းဦး..""
လွန်း..အလျှင်အမြန်..နန်းဦးကို..တားလိုက်ရလေသည်။
""အဟက်..ဘာ..သေချင်နေတာက..ကိုနန်းဦးမဟုတ်ဘူးလား..ခင်ဗျားက.ဘာလဲ...ဒီ​လို..မူယာမာယာများနေတဲ့..အဲ့လူကြီးကို..ခင်ဗျားက..ကြိုက်နေတာလား...""
နေလင်းသာက..နန်းဦးကို.ပြန်ပြီး..
ပက်ခနဲ့.ရန်လုပ်လေသည်။
""ဟာ..ဒီအကောင်တော့..""
""ခွပ်..""
နန်းဦးအနေနဲ့..စိတ်မထိန်းနိုင်တော့ဘဲ..နေလင်းသာကို..ဆွဲထိုးပစ်လိုက်လေသည်။ ရုတ်တရက်ကြီး..အ​ခြေနေတွေကတင်းမာသွားတာကြောင့်..လွန်းရော ခါးသက်ပါ..မှင်သက်သွားရလေသည်။ နေလင်းသာကလဲ..မကျေနပ်ဖြစ်သွားကာ..နန်းဦးကို.ပြန်လည်ခုခံရင်းနှင့်..နှစ်​ယောက်သား..ကြမ်းပြင်ပေါ်မှာ..လုံးထွေးလို့​သွားလေသည်။
     လွန်းတစ်ကိုယ်လုံးထူပူသွားရသလို..ခေါင်းတစ်လုံးလဲ..နောက်ကျိလို့သွားရလေသည်။ခါးသက်က..နေလင်းသာနဲ့နန်းဦးတို့နှစ်ယောက်ကို..ဖြေဖြန်ပေးဖို့ကြိုးစားလိုက်သည်။
  ခါးသက်က..နေလင်းသာကို..ဆွဲထားလိုက်သလို..လွန်းကလဲ..နန်းဦးကို..ဆွဲတားလိုက်ရ၏။ နေလင်းသာ..တစ်ယောက်..ရှုပ်ယှက်ခတ်သွားတဲ့အဝတ်စားတွေကို..ပြုပြင်လိုက်ပြီး..
""တောက်...မကျေနပ်ဘူး..ကျွန်တော်..ဒီနေ့..အစော်ကားခံခဲ့ရတာ..ခင်ဗျားကြောင့်.ဘဲ..လွန်းပုံရိပ်..ခင်ဗျားကိုအရမ်းမုန်းတယ်..""
""ဖြန်း...""
နေလင်းသာ..ကလွန်းကို စပ်ဆုပ်ဖွယ်ရာစိုက်ကြည့်ရင်း..ပြောရင်းနှင့်..လွန်းရဲ့ပါးပြင်ကို...ခပ်ပြင်းပြင်းရိုက်လိုက်လေသည်။ လွန်းပါးတစ်ခြမ်းလုံး.ထူပူသွားရသလို..မျက်လုံးများလဲ..ပြာဝေသွားလေသည်။ခါးသက်ရော..နန်းဦးပါ...ကြောင်အ..သွားလေသည်။
နေလင်းသာက..လွန်းရဲ့ပါးကိုရိုက်ပြီးတာနဲ့..ထိုနေရာကနေ..ထွက်ပြေးသွားလေသည်။
""ဟာ..ဒီကောင်...မိုက်ရိုင်းလွန်းလှချည့်လား..."".
နန်းဦးအသိစိတ်ပြန်ဝင်လာကာ..နေလင်းသာနောက်ကို လိုက်ဖို့ရန် ဟန်ပြင်လိုက်သည်။
""နန်းဦး...""
လွန်း..အလျှင်အမြန်..နန်းဦးရဲ့လက်ကိုဖမ်းဆွဲကိုင်ရင်း..တားလိုက်လေသည်။
""ခင်ဗျားကလေ..တော်တော်ကို..သောက်ပြဿနာရှာတဲ့ကောင်ဘဲ..
ခင်ဗျားပျော်သွားပြီမလား..ဟမ်..
ခင်ဗျားအရမ်းပျော်သွားပြီမဟုတ်လား..""
ခါးသက်က..လွန်းကိုစူးရဲစွာ..စိုက်ကြည့်ရင်း..ပြောလိုက်ပြီး.လွန်းရဲ့ကိုယ်လေးကို..အနောက်သို့တွန်းပစ်လိုက်လေသည်။ အနည်းယိမ်းယိုင်သွားသည့်..လွန်းရဲ့ကိုယ်ကို..နန်းဦးက..ဖမ်းထိန်းပေးလိုက်သည်။
"""ပြဿနာအရင်စရှာတာ..မင်းတို့လေ..ကိုရိပ်နဲ့ဘာမှမဆိုင်ဘူး..""
""နောက်ပြီး..မင်း..ဒီညနေကစပြီး.. Hotelမှာဘဲသွားနေတော့..ငါ့အိမ်မှာမင်းကိုလက်မခံနိုင်တော့ဘူး.."
ခါးသက်က..နန်းဦးကို..ပြောရင်း.ထိုနေရာကနေ..လှည့်ထွက်သွားလေသည်။လွန်း..နေရာမှာဘဲ.ထိုင်ချလိုက်ရင်း..အသံတိတ်.မျက်ရည်ကျနေမိ၏။.သူ့ဘဝမှာ..အခုလောက်ထိ..အပြောဆိုတစ်ခါမှ မခံခဲ့ရပေ..။
     လွန်းဘာအမှားများလုပ်ခဲ့မိလို့..ဒီလောက်ထိ..အပြောဆိုခံနေရတာလဲ..။လွန်းလုပ်ခဲ့မိတာက..တကယ့်ကို.မတော်တဆ.ဖြစ်ခဲ့တာလေ..။လွန်း..တမင်သက်သက်..Dလင်းသာကိုသတ်ခဲ့တာလဲမဟုတ်ဘူး..။နောက်ပြီး..နန်းဦးကို.လဲ..မမြူဆွယ်ခဲ့ဖူးဘူး..။အယုတ်စွဆုံးပြောရရင်...ခါးသက်စေခိုင်း​တဲ့အတိုင်း..လွန်းလိုက်လုပ်နေတာဘဲလေ..။နောက်ပြီး..ခါးသက်နဲ့နေလင်းသာတို့ကြားမှာလဲ..လွန်းတစ်ခါမှ ဝင်မပါခဲ့ဖူးဘူး..။
ခါးသက်မိုး..ငါဘာတွေ..လုပ်ပေးမှ..မင်းကျေနပ်မှာလဲ...။ လွန်းတွေးရင်းတွေးရင်းနဲ့..ပါးပြင်ပေါ်မျက်ရည်များက.စီးကျလို့နေ၏။
""မငိုပါနဲ့..ကိုရိပ်ရယ်..ကျွန်တော်တောင်းပန်ပါတယ်...ကျွန်တော်ကြောင့်ဖြစ်ရတာပါ.ကျွန်တော်တကယ်တောင်းပန်ပါတယ်...""
​နန်ဦး..လွန်းငိုနေတာကြည့်ရင်း..ရင်ထဲမကောင်း..။လွန်းပါးပြင်ပေါ်က..မျက်ရည်တွေကို..သုတ်ပေးချင်ပေမယ့်..သူမသုတ်ရဲဘူး.။သူနောက်ထပ်..လွန်းရဲ့အသားကိုမထိဝံ့တော့ဘူး..။သူ့ကြောင့်..လွန်း.အပြောဆိုခံခဲ့ရတာလေ..။နန်းဦး..အံ့ကိုကြိတ်ရင်း..ရင်ထဲကြိတ်မနိုင်ခဲမရဖြစ်နေလေသည်။
""ဒီမှာ..ငါအကုန်လုံး..စီစဥ်ပြီးသွားပြီ..မင်းသွားတော့.နန်းဦး..""
ခါးသက်ရောက်လာပြီး.ပြောလိုက်တော့..နန်းဦးမျက်လုံးအစုံမှိတ်ပြီး..
ထထွက်သွားလေသည်။
    သူရှိနေရင်..လွန်းအတွက်..ခက်ခဲနေမှာကို..သူမလိုလားဘူး..။နန်းဦး..
ခါးသက်စီစဥ်ပေးလိုက်တဲ့..ကားပေါ်ကိုမတက်ချင်ဘဲ.တက်လိုက်ရ၏။
""မင်းရဲ့ပစ္စည်းတွေကို..ငါနောက်မှ..လာပို့ပေးတော့မယ်..""
နန်းဦး..နာကျင်စွာပြုံးရင်းနဲ့..တလှိမ့်ချင်းလိမ့်ထွက်သွားသည့်..ကားနောက်ပါသွားလေတော့သည်။
ကံကောင်းပါစေ.ကိုရိပ်..။
❤❤❤
       လွန်း..ပါးပြင်ပေါ်ကမျက်ရည်တွေသုတ်ပြီး အထ...ခေါင်းထဲမူးမိုက်သွားလေသည်။ ရင်ဘတ်ထဲက အရမ်းကိုနာကျင်နေသည်။ လွန်းအားတင်းပြီး..ထရပ်လိုက်သည်။ထိုအချိန်..စာကြည့်ခန်းထဲကိုခါးသက် ပြန်ဝင်လာခဲ့သည်..။
""လွန်းပုံရိပ်..ခင်​ဗျားကလေ..တော်တော်ကိုပြဿနာရှာတဲ့လူဘဲ..ခင်​ဗျား..ပျော်နေပြီမလား..ဟမ်..ပြောလေ..ခင်ဗျားကလေ..အရှက်တရာနည်းနည်းလေးမှကို..မရှိတဲ့သူဘဲ..အိမ်ကိုလာလည်တဲ့သူကိုတောင်..ခင်ဗျားအလွတ်မပေးဘဲ..မြူဆွယ်ရဲသေးတယ်နော်..""
ခါးသက်က..လွန်းရဲ့ပုခုံးနှစ်ဘက်ကို
ခပ်ကြမ်းကြမ်းဆုပ်ကိုင်ပြီး.ခါရမ်းရင်း..ပြောလိုက်လေသည်။လွန်းအနေနဲ့..ခေါင်းထဲမူးနောက်နေတာကြောင့်..ဘာတစ်ခွန်းမှ..ပြန်မပြောနိုင်ဘဲ..ငိုဘဲငိုနေခဲ့လေသည်။
""အဟက်..ခင်ဗျားကလေ..ခင်ဗျားကိုပြောလိုက်လို့ရှိရင်..အမြဲတမ်းငိုဖို့ဘဲတတ်တယ်..အရမ်းကိုပျော့ညံ့လွန်းပြီး...မာယာအရမ်းများတဲ့..မိန်းမပျက်တစ်ဦးလိုဘဲ...ယောကျ်ားတကာနဲ့ပျော်ပါး​ချင်နေတာလား..""
ရင့်သီးမောက်မာစွာ ထွက်ပေါ်လာသည့်..ခါးသက်စကားတွေကို..လွန်းသည်းမခံနိုင်တော့..။ခါးသက်ရဲ့ပါးကို..လွန်းအားကုန် ရိုက်ချပစ်လိုက်သည်။
""ဖြန်း..""
ရုတ်တရက်..ပါးရိုက်ခံလိုက်ရသည့်..ခါးသက်..ဒေါသထွက်သွားကာ..လွန်းရဲ့ကိုယ်ကို..ဒေါသတကြီးနဲ့..အနောက်သို့..တွန်းပစ်လိုက်လေသည်။ အားကလဲပါ..။နောက်ပြီးလွန်းအနေနဲ့..မူးမိုက်နေတာကြောင့်..​အနောက်ကို..ခြေပစ်လက်ပစ်နဲ့..ပစ်လဲကျသွားလေသည်။
""ဒုန်း...""
""ခလွမ်း...""
..လွန်းရဲ့နဖူးက..ဘေးနားက..စာကြည့်စားပွဲအစွန်းနဲ့..ပစ်တိုက်မိလိုက်တာကြောင့်..လွန်းနဖူး.ပေါက်သွားသလို..စားပွဲပေါ်မှာတင်ထားသည့်..ပန်းအိုးလဲ..ကျကွဲသွားလေသည်။.ပန်းအိုးကွဲစတွေက.နေရာအနှံ့ပြန့်ကျဲလို့သွားလေသည်။
     လွန်း..ပါးပြင်ပေါ်..သွေးများကလဲ..မြင်မကောင်းစီးကျလို့လာခဲ့သည်။လွန်း..​နဖူးပေါ်က ဒဏ်ရာကိုလက်နဲ့ဖိထားရင်း..ထရပ်ဖို့ကြိုးစားကြည့်ပေမယ့်လဲ..ခေါင်းထဲ..အရမ်းမူးလာကာ...နေရာမှာဘဲ..သတိလစ်သွားလေတော့သည်။     
❤❤❤
အပိုင်း🍓၂၉🍓မျှော်ပေးကြဦးနောိ😁😁😁။ မကြာစေရပါဘူး..။၂ရက်ဘဲစောင့်😘😘။
                 ⭐ညှို့စက်ကွင်း⭐

ဝိုးတဝါးအိမ်မက်Where stories live. Discover now