💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၃၆)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
ထိုင်မရ ထမရ..ပျာယာခတ်နေသည့်..ခါးသက်ကိုကြည့်ရင်း..အမေအေးတစ်ယောက် ခေါင်းခါနေမိ၏။""သား..ခါးသက် ငြိမ်ငြိမ်လေးထိုင်နေစမ်းပါ..ဆရာဝန်ကပြောသွားတာဘဲ..ဘာမှစိုးရိမ်စရာမရှိပါဘူးလို့..ပြောသွားတာဘဲလေ..""
ဟုလှမ်းပြောနေသည့်..အမေအေးစကားများက ခါးသက်နားထဲမရောက်..။""ဟာ..မေ့နေတာဘဲ..ကို နိုးလာရင်..သောက်ဖို့အတွက်..ဆန်ပြုတ်..ဟုတ်တယ်..ဆန်ပြုတ်..အမေအေး..ကို အနားမှာဘဲနေဦးနော်..သားဆန်ပြုတ်သွားပြုတ်လိုက်ဦးမယ်..""
""ဟဲ့..သြော်..ဆန်ပြုတ်ကို..ဒေါ်တာ.ကိုပြုတ်ခိုင်းလဲရနေတာဘဲကို..""
""မရပါဘူး..ကိုသောက်ဖို့အတွက်ဆန်ပြုတ်ကို..သားကိုယ်တိုင်ဘဲ သွားပြုတ်မှာ.."""
ပြောပြောဆိုဆိုထွက်သွားသည့်.
ခါးသက်ကိုကြည့်ရင်း အမေအေးမပြုံးဘဲမနေနိုင်.။ အခုကျမှ ဖျတ်ဖျတ်လူး..အသည်းသန် ဂရုစိုက်ပြနေသည့်..ခါးသက်ပုံစံက..ရယ်ချင်စဖွယ်အတိ..။
ဒေါ်လေးတာ..တားနေတဲ့ကြားထဲကနေ..ခါးသက်ကိုယ်တိုင်..မီးဖိုချောင်ထဲဝင်ကာ လွန်းအတွက် ဆန်ပြုတ်ကို..ကိုယ်တိုင်ပြုတ်လေသည်။
တစ်သက်နဲ့တစ်ကိုယ် မီးဖိုချောင်ထဲမဝင်ဖူးသောသူအတွက်တော့..အကြီးမားဆုံးသောစိန်ခေါ်မှုတစ်ခုပင်...။
❤❤❤
""သြော်...ကို..နိုးနေပြီလား..""
အနူးညံ့ဆုံး..မေးလာသော ခါးသက်ကို လွန်းပြန်လည်ပြီး ပြုံးပြလိုက်လေသည်။""ဒီမှာ..ကိုအတွက်..မောင်ကိုယ်တိုင်..ပြုတ်လာတဲ့ ဆန်ပြုတ်လေးသောက်လိုက်ဦးနော်...""
ဆန်ပြုတ်ပန်းကန်လေးကို မြှောက်ရင်းနှင့်ခါးသက်ဆိုသည်။
ဆန်ပြုတ်ပန်းကန်လေးကို..ဘေးနားကစားပွဲပေါ်တင်လိုက်ပြီး..လွန်းရဲနဖူးလေးကို အသာခပ်ဖွဖွ စမ်းကြည့်၏။""အင်း..နည်းနည်းတော့ ကိုယ်ပူကျသွားပြီဘဲ..လာ..ဆန်ပြုတ်လေးသောက်လိုက်ဦး..မောင်ကိုယ်တိုင်ခွံ့ကျွေးမယ်...""
လွန်းတစ်ယောက်..ထူးထူးဆန်းဆန်း အမူယာတွေ ပြောင်းလဲနေသော..ခါးသက်ကို..မျက်လုံးလေးအပြူးသားနှင့်ငေးကြည့်နေမိ၏။
YOU ARE READING
ဝိုးတဝါးအိမ်မက်
Romance(ZG) (UNI) 🍀မင်းနဲ့ဆုံတွေ့ခဲ့ရတဲ့. .အချိန်တွေက. အိမ်မက်တစ်ခု..ဟုတ်လား.. အဲ့ဒါဆိုရင်လဲ.. ငါဘယ်တော့မှ. မနိုးထတော့ဘဲ..အိမ်မက်ထဲမှာ. မင်းနဲ့အတူနေချင်တယ်..။ 🍀လွန်းပုံရိပ်🍀 🍂ကိုလွန်းနဲ့.ကျွန်တော့်ကို .စောစောဆုံစည်းခွင့် မပေးခ...