အပိုင်း🍀၂၉🍀

76 14 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၂၉)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
           လွန်း..​နဖူးပေါ်က ဒဏ်ရာကိုလက်နဲ့ဖိထားရင်း..ထရပ်ဖို့ကြိုးစားကြည့်ပေမယ့်လဲ..ခေါင်းထဲ..အရမ်းမူးလာကာ...နေရာမှာဘဲ..သတိလစ်သွားလေတော့သည်။ ခါးသက် နောက်ကိုပြန်လှည့်ကြည့်လိုက်တော့..ကြမ်းပြင်ပေါ်မှာ ငြိမ်သက်နေတဲ့လွန်းကိုတွေ့လိုက်ရသည်။.လွန်းရဲ့ပါးပြင်ပေါ်က သွေးတွေကိုမြင်လိုက်ရတော့  ခါးသက်..ရင်ထဲ.ဒိန်းခနဲ့​ဖြစ်သွားသည်။
""ဟာ...ကိုလွန်းပုံရိပ်..ကိုလွန်းပုံရိပ်..ခင်ဗျားသတိထားဦးလေ..""
ခါးသက်ရင်ထဲ မီးတောက်တွေလောင်မြိုက်နေသလိုမျိုးခံစားလိုက်ရသည်။ စိုးရိပ်တကြီးနဲ့ လွန်းအနားကို..အသွား..။ကြမ်းပြင်ပေါ်က ပန်းအိုးကွဲတစ်ခုကို..ခါးသက်တင်နင်းမိသွားလေသည်။
""အ့..."
ပန်းအိုးကွဲစက ခါးသက်ရဲ့ခြေထောက်ထဲကို နက်နဲစွာစူးဝင်သွားပေမယ့်လဲ..ခါးသက်အရေးမစိုက်..။ဒီအတိုင်း..သူ့ခြေထောက်မှာ စူးသွားတဲ့..ပန်းအိုးကွဲစကိုဆွဲထုတ်လိုက်ပြီး..လွှင့်ပစ်လိုက်၏။
    . လွန်းရဲ့အနားကိုရောက်သွားတော့ ခါးသက်အရမ်းဘဲထိတ်ပြာသွားသည်။လွန်းရဲ့ကိုယ်လေးကို ပွေ့ချီလိုက်သည်။ ပန်းအိုးကွဲစူးထားသည့်ခြေထောက်က အရမ်းကိုနာကျင်နေသောလည်း  ခါးသက် အံ့ကြိတ်ပြီး..လွန်းကို ပွေ့ချီပြီး..စာကြည့်ခန်းထဲကနေ ထွက်လာခဲ့သည်။
    ခြေထောက်ဆီကနာကျင်မှုတွေကို  မေ့လျော့နေပြီး..လွန်းကိုသာ..ခါးသက်စိတ်ပူနေမိ၏။ကားရှိသည့်ဆီကို..ခါးသက်ဖိနပ်မပါ ခြေဗလာနဲ့ရောက်လာခဲ့လေသည်။လွန်းကို..ကားနောက်ခန်းထဲထည့်လိုက်ပြီး..ခါးသက်ကားပေါ်ကို ဒီအတိုင်း ခြေဗလာနဲ့ဘဲတက်လာခဲ့သည်။  
       ပါးပြင်ပေါ် သူ့အလိုလိုစီးကျလာတဲ့ မျက်ရည်တွေကိုသုတ်ပြီး..ကားလေးကို.​နီးစပ်ရာအသိဆရာဝန်တစ်ဦး၏ဆေးခန်းရှိရာဆီကိုဦးတည်ပြီးမောင်းလာခဲ့လေသည်။
""တောင်းပန်ပါတယ်..တောင်းပန်ပါတယ်...ခင်ဗျားဘာမှမဖြစ်ပါစေနဲ့..
ကျေးဇူးပြုပြီး..ခင်​ဗျားဘာမှမဖြစ်ပါစေနဲ့..""
❤❤❤
         ခါးသက်ဆေးခန်းကိုရောက်တော့..လွန်းကိုပွေ့ချီပြီး ဆေးခန်းထဲဝင်လာခဲ့လေသည်။
""ကိုကျော်မိုး...ကိုကျော်မိုး..လုပ်ပါဦးဗျာ..ကျွန်တော်ကိုကူပါဦး. ""
ဆေးခန်းထဲ ဝင်ရောက်သည့်..ခါးသက်ကြောင့်..ဆရာဝန်လေးကျော်မိုး
ထိတ်ပျာသွားရလေသည်။တော်သေးသည်..။လူနာရှင်းနေသည့်အချိန်မို့သာ.။
     ""လာ..လာ..ခါးသက်.ဒီမှာ..ချ..ဘာဖြစ်လာတာလဲ..""
ကျော်မိုး..ညွှန်ပြတဲ့ကုတင်ပေါ်..ခါးသက်.လွန်းကိုယ်လေးကိုချပေးလိုက်သည်။ စိတ်တွေလှုပ်ရှားပြီး..ခါးသက်ရင်တွေပူနေရ၏။
""အခြေနေက..စိုးရိမ်ရလား..ဆေးရုံထိသွားစရာလိုလား..""
ခါးသက်..အမောတကောနဲ့မေးလိုက်သည်။
""ဟင့်အင်း..အခြေနေကအရမ်းကြီးမစိုးရိမ်ရပါဘူး..""
ဟုဒေါက်တာကျော်မိုးပြောမှသာ..ခါးသက်...သက်ပြင်းချနိုင်တော့သည်။
   ⏱အချိန်အနည်းငယ်ကြာသော်⏱..
ဒေါက်တာကျော်မိုးတစ်ယောက်. 
  .လွန်းနဖူးကဒဏ်ရာကိုနှစ်ချက်လောက်ချုပ်လိုက်ရပြီး..ဆေးထည့်ကာ..ပတ်တီးစည်းပေးလိုက်သည်။
""ကဲ..စိုးရိမ်စရာမလိုတော့ဘူ...ဒါပေမယ့်..လူနာက..အားအရမ်းနည်းနေသေးတယ်..တစ်ပတ်လောက်ဖြစ်ဖြစ်..နားခိုင်းဖို့တော့လိုမယ်ကွ..""
""ဟုတ်.ကျေးဇူးပါ..ကိုကျော်မိုး..အ့...""
ခါးသက်မိုး..စိတ်အေးသွားကာ..ကျေးဇူးတင်စကားဆိုလိုက်သည်။ စောစောက..သွေးပူနေတုန်းမနှင့် လွန်းကိုစိုးရိမ်နေသည့်စိတ်တို့ကြီးစိုးနေလေသောကြောင့်.ခြေထောက်ကဒဏ်ရာက..ခါးသက်သတိမပြုခဲ့ပေ..။
အခုတော့..ခါးသက်စိတ်တို့ကိုလျှော့ချလိုက်တော့..ခြေထောက်ကဒဏ်ရာက တဆစ်ဆစ်နာကျင်လာကာ...ခြေထောက်တောင်..ထောက်လို့မရတော့ပေ..။
  ""ဟာ.ခါးသက်..မင်းပါ..ဒဏ်ရာရလားတာ..ပြစမ်း..ပြစမ်း..""
ဒေါက်တာကျော်မိုး..ခေါင်းနပန်းကြီးသွားကာ..ခါးသက်ကို..တခြားကုတင်ပေါ်ထိုင်ခိုင်းလိုက်ပြီး..ဒဏ်ရာကို..ကြည့်ပေးလေသည်။
""ဟေ့ကောင်.မင်းရဲ့ဒဏ်ရာက.မသေးဘူးကွ...မင်းကွာစောစောကမပြောဘူး...""
ဒေါက်တာကျော်မိုးက တတွတ်တွတ်နဲ့.အပြစ်တင်ပြောဆိုပြီး..ခါးသက်ခြေထောက်ကဒဏ်ရာကို..ရေဆေး..ဆေးထည့်ပေးပြီး..ပတ်တီး​စည်းပေးလိုက်သည်။
❤❤❤
     ကုတင်ပေါ်က လွန်းကိုကြည့်ရင်း..ခါးသက်ရင်ထဲကို..နာကျင်နေမိသည်။.ဘာဖြစ်လို့လဲ..။သူရင်ထဲမှာရှိတဲ့..နှလုံးသားက..Dနဲ့အတူသေဆုံးသွားပြီမဟုတ်ဘူးလား..။ဒါကိုဘာဖြစ်လို့..ရှေ့မှာလှဲလှောင်းနေတဲ့..ထိုလူအတွက်နဲ့..မိမိ၏နှလုံးသားကခုန်နေရသနည်း..။ဘာလို့လဲ..။သူနာကျင်တာကိုမြင်ရင်..မိမိရင်ထဲကပါနာကျင်လာသည်။ထိုသူဘေးနားမှာ..မိမိမဟုတ်သော.တခြားသူတွေရှိနေတာကိုမ​ကြိုက်..။  ထိုသူက..အခုမှ..မိမိရဲ့စိတ်အစဥ်ကို..စိုးမိုးထားခြင်းမဟုတ်ခဲ့..။ဟိုးအရင်ကတည်းက.စိုးမိုးထားခဲ့ခြင်းဖြစ်သည်။Dသေဆုံးကာစ..ခါးသက်ရင်ထဲ..ဖော်မပြနိုင်လောက်အောင်...ဝမ်းနည်းပူဆွေးခဲ့ရလေသည်။ထိုအချိန်တုန်းက..Dကိုသေဆုံးအောင်ပြုလုပ်ခဲ့သည့်..တရားခံကို..ခါးသက်လိုက်ရှာပြီး.သတ်ဖို့အထိကိုတွေးခဲ့ဖူးလေသည်။
     သို့ပေမယ့်..တကယ်တန်း.လွန်းပုံရိပ်ဆိုသောသူကို..ခါးသက်တွေ့လိုက်ရတော့...မမြင်ရတဲ့..ညှို့ဓာတ်တွေနဲ့အတူ..ခါးသက်တစ်ယောက်..လွန်းရဲ့ဖမ်းစားခြင်းကိုခံလိုက်ရလေသည်။
     လွန်းကိုစတွေ့ကာစအချိန်တုန်းကတည်းက.ခါးသက်ရင်ထဲ..အမည်​မသိခံစားချက်တစ်မျိုးက..လွှမ်းမိုးလို့နေပြီဖြစ်သည်။
     သို့ပေမယ့်..ခါးသက်အသိစိတ်ထဲတွင်တော့..လွန်းပုံရိပ်ဆိုသော.အနှီလူသားသည်..သူအရမ်းချစ်ရတဲ့ချစ်သူ..Dကိုသတ်ခဲ့သည့်တရားခံဟူ၍စွဲမြဲနေခဲ့လေသည်။ထိုအစွဲကနေအစပြု၍..အမုန်းတရားတို့ပေါက်ဖွားလာခဲ့သည်။.အမုန်းတရားတို့ကိုအစပြုလို့.Dအတွက်လက်စားခြေဖို့ရန်..ခါးသက်ကြံစည်ကာ.လွန်းပုံရိပ်ကို.စောင့်ကြည့်ခဲ့လေသည်။
     လွန်းပုံရိပ်ကိုစောင့်ကြည့်ရင်းနှင့်..ခါးသက်ရင်ထဲ..အမုန်းတရားတွေနဲ့အတူ..နူးညံ့သိမ်မွေ့လှသည့်.ချစ်ခြင်းတစ်ခု.ကပ်ညှိမွေးဖွားလာခဲ့သည်ကိုတော့..ခါးသက်သတိမပြုမိခဲ့ပေ..။

ဝိုးတဝါးအိမ်မက်Where stories live. Discover now