အပိုင်း🍀၃၅🍀

108 15 4
                                    

ဒါကဇော်ဂျီသမားတွေအတွက်ပါ..။
💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၃၅)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
   
""နေလင်းသာ...မင်းဘာတွေလျှောက်လုပ်နေတာလဲ...""

လူရှင်းသည့်တစ်နေရာကိုရောက်တော့..ခါးသက်.. နေလင်းသာကို စိုက်ကြည့်ရင်းမေးလိုက်သည်။

""အဲ့မေးခွန်းက..နေ..ကိုကို့ကိုမေးရမှာမဟုတ်ဘူးလား..ပြောစမ်းပါဦး..ကိုကိုဘာတွေလျှောက်လုပ်နေတာလဲ...
အစ်ကိုDကိုသတ်သွားတဲ့လူကို..အစ်ကိုDရဲ့နေရာမှာ ကိုကိုမို့အစားထိုးရက်တယ်နော်...ကိုကိုမို့လုပ်ရက်တယ်...အစ်ကိုDအပေါ်မှာ..အားနာတဲ့စိတ်မဖြစ်ဘူးလား..""

နေလင်းသာ စကားများကြောင့် ခါးသက် အနည်းငယ် တွေဝေသွားလေသည်။

""ငါ.သူ့ကို Dနေရာမှာအစားထိုးဖို့ကြိုးစားနေတာမဟုတ်ဘူး..နေ..ထားပါ..ငါလုပ်နေတဲ့ အရာကို ငါတစ်ယောက်တည်းဘဲ သိတယ်....မင်းက.ဘယ်လိုသိသွားရတာလဲ....""

""အဟက်...ကိုကိုရယ်..နေကိုအထင်မသေးစမ်းပါနဲ့.....ပိုက်ဆံရှိရင်..အရာရာလုပ်လို့နေတဲ့ခေတ်ကြီးထဲမှာ..ကိုလွန်းပုံရိပ်ရဲ့အတိတ်တံခါးကို လှပ်ကြည့်ဖို့ နည်းလမ်းတွေက အများကြီးပါ..""

နေလင်းသာ က ခပ်ထေ့ထေ့ပြုံးရင်း ဆိုသည်။

""ဘာလဲ ကိုလွန်းပုံရိပ်ရဲ့နောက်ကြောင်းတွေကို..သိလာတာနဲ့ဘဲ...ဒီကိုအပြေးလေးရောက်လာတယ်ဆိုပါတော့...""

""ဒါပေါ့...နေရဲ့အစ်ကို့ကိုသတ်သွားတဲ့..လူသတ်သမားကို နေကိုယ်တိုင်.အပြစ်ဒဏ်ခတ်မလို့ ရောက်လာတာ...ကိုကို..""

""သူကို ပြစ်ဒဏ်ခတ်မဲ့သူက..ငါတစ်ယောက်တည်းဘဲရှိတယ်နေလင်းသာ....မင်းသူ့ကိုထိဖို့မကြိုးစားတာဘဲကောင်းလိမ့်မယ်.. ""

ခါးသက်စကားဆုံးတော့.
..ခြောက်ကပ်စွာနဲ့.နေလင်းသာရယ်သည်။

""ဟား...ဟား..ဟား...ဘာလဲကိုကို...
ကိုကိုက..သူ့ကို..ကိုကိုရဲ့ရင်ခွင်ထဲက..နှလုံးသားအကျဥ်းထောင်မှာချုပ်ထားပြီး အပြစ်ပေးဖို့စီစဥ်နေတာလား...""

""မင်းတော်တော့...""

""မတော်နိုင်ဘူးကိုကို....နေမြင်နေရတယ်...ကိုကို.စိတ်တွေမပြတ်သားတော့ဘူး..အဲ့လူကြီးရဲ့..မာယာတွေအောက်မှာ..ကိုကိုရဲ့စိတ်တွေ..ယိမ်းယိုင်နေပြီဆိုတာကို...ကိုကိုသတိထားမိရဲ့လား   .""

ဝိုးတဝါးအိမ်မက်Where stories live. Discover now