Part.19

5.1K 786 132
                                    

Zawgyi+Unicode.
တုတ်တုတ်တောင်မလှုပ်တဲ့မြေအောက်တံခါးကြောင့် ထုရိုက်နေခြင်းကို ဂျင်းလက်လျော့လိုက်သည် ။

ပိန်းပိတ်မှောင်နေတဲ့ ဒီအခန်းကြီး အမှောင်ထဲက မျက်လုံးပေါင်းများစွာ က သူ့ ကို စိုက်ကြည့်နေသလိုခံစားနေရသည်ကထူးဆန်းသည်

သို့သော်ဂျင်းကျင့်သားရနေခဲ့ပြီ..။

ကျောမလုံတာထက်ဆိုးတဲ့ ဆိုးရွားသောခံစားချက်ကြောင့် လှိုက်ခနဲ ပျို့ တတ်လာကာ လေတွေရော အစာအိမ်မှ အချဉ်ဖောက်ကာ အမြှုပ်လိုအရည်တွေပါထွက်ကျလာသည် ။

ဒါကိုလည်း ကျင့်သားရနေတာဂျင်းကြာပြီပေါ့

မနက်စာမစားမိခဲ့ခြင်းကိုပင်ကျေးဇူးတင်ရမလို ။မဟုတ်ရင်အစာတွေပါထွက်ကျလာလိမ့်မည် ။

သို့ သော်အန်လိုက်သည့်အရည်တွေက မြေအောက်ခန်းရဲ့စိုထိုင်းထိုင်းအနံ့ အသက်ကို ပိုလို့ ဆိုးဝါးသွားစေတဲ့အခါ ပြန်အန်ချင်လာခဲ့ပြန်သည် ။

လုံးလည်ချာလည်လိုက်လို့ မောပန်းသွားတဲ့နောက် အားနည်းနေတဲ့ကိုယ်ဟာ တစ်ဖန်လဲခွေသွားခဲ့သည် ။

အယိုင်ယိုင်ထလို့ အမှောင်ထဲကျင့်သားရသွားတဲ့အခါ ဖျော့တော့တဲ့မီးလုံးလေးကြောင့် ဂျင်းအားတတ်သွားသည် ။

ထိုနေရာကို တရွေ့ ရွေ့ ကုန်းသွားပြန်တော့
တကယ်တော့ အပ်တစ်ထောက်စာလောက်သာဟနေတဲ့နံရံတစ်ဖက်ကြားက အလင်းရောင်လေးသာ..။

သူပဲအမြင်မှားပြီး မီးလုံးလို့တောင်မြင်မိလိုက်တာလား..။

သို့ သော်နည်းနည်းရတဲ့ အလင်းလေးနဲ့ ဘေးဘီဝဲယာအကြည့် ။

ဟင် ကိုကို !!

ဒီ​နေရာမှာ ဘာလို့ လာအိပ်နေတာပါလိမ့် ။ ရွှံမြေတွေပေါ်မှာလေ ။

ကိုကိုဝတ်နေကြကြွေဖြူရောင်ရှပ်လေးနဲ့နှစ်ခြိုက်စွာအိပ်နေသည်မှာ မျက်တောင်လေးတွေပင်စင်းကျလို့

မာယာသီချင်းသည် (Sakura Dancing in the Rain)Where stories live. Discover now