Part40

5K 437 15
                                    

Unicode
Little warning but not mature💕

"ကိုကို ​ရေ ကိုကို ဆရာခိုရှိလား ရှိရင် babeကို​လိမ်းပေးပါ။"

"ဘာလို့တုန်း ပူတူးရဲ့ အနာဖြစ်လို့လား ဘယ်နားမှာလဲ ပြပြ"

ပြူးပြူးပြာပြာမေး​နေ​သောလင်ကိုဂရုမစိုက်နိုင်။လွန်ခဲ့​သော၆နှစ်​ကျော်ကခံစားခဲ့ရ​သောရင်ခုန်မှုမျိုးကို ယ​နေ့ပြန်လည်ခံစား​နေရသည်။ဆယ်တန်း​အောင်စာရင်းထွက်သည့်​နေ့...သျှား၂ဘာသာဂုဏ်ထူးပါ၍​ဖေကြီးအလွန်​ပျော်ခဲ့ရ​သော​နေ့​ပေါ့။​အ​နေတည်တဲ့ဘိုးဘိုး​​တောင်​'​အောင်ပါ​စေ'သီချင်းနှင့်ကခဲ့သည်။သျှားက ​မြေးဦးမို့အလွန်ချစ်ကြသည်​လေ။ဘွားဘွားမရှိ​တော့​ပေမယ့်ဘိုးဘိုးက သျှားကိုအလွန်ဂရုစိုက်သည်။ဘွားဘွားဆုံး​တော့မှသာ​​မွေးရပ်​မြေတောင်ကြီးမှာအ​ခြေချ​နေခဲ့သည်။အလွန်သန်မာ၍သျှားအ​ဒေါ်​တွေမိသားစုလည်းရှိ၍သျှားတို့သားအဖ စိတ်မပူရဘဲ ​အေး​ဆေးစွာရန်ကုန်မှာ​နေနိုင်ခဲ့သည်။

"ဒီမှာ​လေ မြန်မာတစ်နိုင်ငံလုံး Top tenရတဲ့က​လေးက ဆရာခို နားထင်ပွတ်လို့တဲ့ အဲ့ဒါသျှားလည်းဆရာခိုပွတ်ပြီးပြန်​ဖြေမလားလို့ဆယ်တန်းကို ဟီဟီ"

"အမ် ​ဒီကဘာများလဲလို့လန့်သွားတာဘဲ ဆရာခိုမပွတ်နဲ့ ဘရင်းကြက်​ပေါင်းရည်ဘဲ​သောက် ကိုကိုတိုက်မယ်​လေ"
နဖူး​လေးဖွဖွနမ်းပြီးအသားယူကာ ပခုံး​လေးဖက်ပြီး လင်ပိစိ​လေးကို​ချော့​ပြောရသည်။တစ်ချက် တစ်ချက်ထထ​ဖောက်တတ်၍...

"အဲ့ဒါကြီး​တော့​မသောက်ချင်ဘူး ညှီတယ်"

"ဒါဆို အ​ဖေ့ကိုတိုက်လိုက်မယ် ကုသိုလ်ရ​အောင် အမြင်လည်းကြည်​အောင်​ပေါ့ဟဲဟဲ"

"ကိုကို​နော် လူကြီးကို သွား က​လေး သွား​ခေါ် သျှားနို့​တွေသက်​နေပြီ"

ရှပ်အင်္ကျီရင်ဘတ်မှာအဖြူ​ရောင်နို့ရည်များရွှဲ​နေ၍ အလွန်တရာsexyကျလှပါ​သောအမြွှာတို့ပါးပါး။အိမ်​နေရင်းမို့​ဘောင်းဘီအစိမ်း​ရောင်တိုတို​လေးဝတ်ထားပြီးအဖြူရောင်ရှပ်​လေးနဲ့မို့ မသိလျှင် ​state ကျောင်းသား​လေးအတိုင်းပင်...မည်သူက၂၂နှစ်အရွယ်က​လေး၃​ယောက်အ​ဖေလို့ယုံပါအံ့နည်း။အံ့မင်းခန့်စိတ်မချပါ။သူသာလျှင်ပိုင်ရှင်အစစ်အမှန်ဖြစ်သည်​လေ။
"ပိုင်ရှင်မရှိ​သေးတဲ့ သူ​လေးရယ် ပိုင်ရှင် ကိုယ်ဖြစ်လိုက်ချင်ပါတယ် 🎵🎼"

Ukeတစ်​ယောက်၏ဖခင်(Father of a bridegroom🤵)(S1)Where stories live. Discover now