Part15

9.1K 828 35
                                    

Unicode

(mediaကပုံ​လေးက သျှားတို့ခိုး​ပြေး​တော့​နေတဲ့တစ်ထပ်အိမ်​လေးပါ🏡)

ချစ်ရ​သော သားငယ်၏ဝမ်းနည်းတကြီးငိုသံကိုကြားရ​လေ ဦး​ကျော်ကြား​ဒေါသထွက်​လေဖြစ်သည်။

စိတ်ပျက်လက်ပျက်နှင့် က​လေးချီပြီး သားငယ်ကဆတ်ကော့လက်​ကော့ထွက်သွား​လေပြီ။သူကငိုချင်​နေတုန်း။​​ဒေါ်ခင်မမကိုလည်း ကြိမ်း​မောင်း​နေသည်မှာရစရာမရှိ။ဦးမင်းခန့်​ချော့တာလည်းနားမဝင်​တော့ သူနှင့်တည့်သည့်သူမရှိ​တော့​ပေ။ တစ်အိမ်လုံးပတ်ရမ်း​နေသည်။

"လာပါ​စေဦး ​ခွေးမသား"

"ရှင် အဲ့လိုမ​ပြောနဲ့ အဲ့​တော့ကျွန်မက ဘာဖြစ်သွားလဲ"

"​ခွေးအ​မေ​ပေါ့"

"ဘာ​ပြောတယ် ရှင်ကြီး"

"ဦးရှင်ကြီးတင်မလို့လား ဘာဖြစ်​နေတာလဲ ခင်ဗျားသားမှား​နေတာ​နော် ကျုပ်​​ဒေါသ​တွေခင်ဗျားတို့အ​ပေါ်ပုံကျသွားမယ် "

မှုန်ယို​နေ​သောဦး​ကျော်ကြားမှာ နာဠာဂီရိဆင်ကြီးအရက်ကိုး​မောင်း​သောက်သလို တစ်အိမ်လုံးကိုဟိန်း​ဟောက်​နေသည်။

"​ဒေါ်​နှောင်း သွား ခင်ဗျား ကားလက်မှတ်သွားဖြတ် ၃​စောင်​နော် ကျုပ်အတွက်လည်းပါတယ်မြန်မြန်သွား"

"ဟုတ်ကဲ့ဆရာ"

ကြောက်စရာ​ကောင်း​သော ခန့်ညားသည့်လူကြီးတစ်​ယောက်၏ အသံဩဩက ကြားသမျှလူတိုင်း​သေးထွက်​အောင်လန့်ဖျန့်စေ​​လောက်သည်။

"​ခေး​ရေ ပူတူး​ရေ ကိုကို့ babe​လေး​ရေ ကိုကိုမုန့်​တွေဝယ်လာတယ် လာယူပါဦး။ပါးပါး​လေးရဲ့"

"လာပါဦး။ ဒီကိုခဏ​လောက်ကြွခဲ့ပါဦး။"

"ဪ ဦး​လေး ကျ​နော် မုန့်​တွေဝယ်လာတာ ဦး​လေးတို့အတွက်လည်းပါတယ် babe​ရော"

"ခုမှ​မေးမ​နေနဲ့။မသာ လူလိမ်လူညာ လူယုတ်မာ ​သေနာကျ ဒယ်အိုး​လောက်မှ​ဇောက်မနက်တဲ့​ကောင်"

"စ​ကောလုပ်ပါ ဦး​လေးရယ်"

"မရဘူး မင်းကဒယ်အိုး မသာ​လေးရဲ့"

Ukeတစ်​ယောက်၏ဖခင်(Father of a bridegroom🤵)(S1)Donde viven las historias. Descúbrelo ahora