Unicode
"အင်း ဟင့် ခေါင်းတွေကိုက်လိုက်တာ မင်းမေကလွှား ဘာကြီးတုန်း စောင်ထဲက"
သျှား အိပ်ရာက နိုးလာပြီးခေါင်းတွေအုံနေ၍စိတ်တိုနေတုန်း စောင်ပုံထဲက ဗိုက်ကိုနမ်းနေသောအသေးလေးကြောင့်လန့်သွားရသည်။"ပါးပါး"
"သားသားခန့် အမလေး ဘာလို့ အထဲဝင်နေတာလဲ စောင်ထဲမှာမွန်းကြပ်ကုန်မှဖြင့်"
"သားသား ဗိုက် ဗိုက် ကို ကြိုက်လို့ ညီလေးတွေရှိသေးလားကြည့်တာ"
သားကနှစ်နှစ်ပြည့်တော့မှာမို့စကားပီသော်လည်းစကားပြောလေးသည်။အသံကိုစိတ်ရှည်ရှည်နားထောင်ရသည်။
"သားသားကလည်း နောက်မမျှော်နဲ့ ပါးပါးမမွေးနိုင်တော့ဘူး သားရဲ့"
"ဟင့် ရဘူး ယူမယ် ညီမလေး တွေလိုချင်သေးတယ် ဟီး ဟင့် ဝါးဝါး"
အတင်းကော့လန်ပြီးခြေထောက်တွေနဲ့ပါကန်နေ၍ သျှား ဗိုက်က ချုပ်ရိုးနေရာကတစ်နှစ်နီးပါးကြာပြီမို့ကျက်သွားသော်လည်းအကန်ခံရလို့တော့မဖြစ်ပေ။ထို့ကြောင့်သားကို ကိုယ်လက်နာနေသည့်ကြားမှ အတင်းပွေ့ကာ ချော့ရသည်။
"တော်ပါတော့ ကိုဒေါသအိုးလေးရဲ့ မွေးပေးမယ် မွေးပေးမယ်နော် တိတ်တော့ ချယ်ရီသီးသွားခူးကြမယ်လေ မလိုက်ဘူးလား ဟော ဘိုးဘိုးကြီးက သားအတွက်မြင်းလေးတစ်ကောင်ဝယ်ပေးထားတယ် ပါးပါးနဲ့ ခြံထဲမှာမြင်းကြီးသွားစီးမယ် သားသားကလိမ္မာပါတယ်နော်ပုစိ"
အတင်းချော့မော့၍မြင်းစီးမည်ဆိုမှငြိမ်သွားကာမျက်စောင်းလေးထိုးပြီးနှာခေါင်းကနဂါးပေါက်စလေးလိုနှာမှုတ်သေးသည်။ ခွေးပေါက်လေး အကျင့်ကိုက ငါနဲ့တစ်ပုံစံတည်း ငအံ့ ငအံ့ အကျင့်လေးနည်းနည်းခွဲပေးလိုက်ရင်ဘာဖြစ်သွားမှာမို့လို့လဲ အကြီးကောင်ကို ငါ့မိတ္တူဆွဲထားတာကျနေတာဘဲ တစ်ပုံတည်းထွက်လာတယ် ရုပ်ရောအကျင့်ရော
"ပါးပါးနာသွားလား အုံဖွ"
သူကန်ပြီးသူ့ပါးပါးနာသွားမည်ကိုတော့စိုးရိမ်သေးသည်။သစ်တော်သီးလိုဗိုက်စူစူလေးကို ဖွဖွလေးနမ်းပြီးအုံဖွလုပ်ပေးသည်။နှုတ်ခမ်းလေးကစူတူတူနှင့် တကယ့်မုန်လာဥကိုက်ထားတဲ့ယုန်ပေါက်စလေးလိုဘဲ။ချစ်လိုက်ရတာ သားလေးကို...
ESTÁS LEYENDO
Ukeတစ်ယောက်၏ဖခင်(Father of a bridegroom🤵)(S1)
RomanceUnicode ~~Zawgyi သားကိုအလွန်ချစ်ပြီးအူတိုသော~~ဦးကျော်ကြား ဖခင်နဲ့လင်ဖြစ်သူ ကြားဗျာများရတဲ့ ~~သျှားမြတ်ကျော် သျှားချစ်သူကျီးကန်းမည်းလေး~အံ့မင်းခန့်🦃 ယောကျာ်းကိုတုန်နေအောင်ချစ်ပါသော်လည်း တစ်ခါ တစ်ခါစိတ်လွတ်တတ်သူ စိတ္တဇရူး~~ ဒေါက်တာရဲနောင...