Unicode
သျှားပျောက်သွား၍ ခေါင်းမီးတောက်ပြီး အံ့မင်းခန့် မျက်နှာတစ်ခုလုံးနီမြန်းကာ ခြေဖဝါးသွေးခြေဥပြီးဖိနပ်ပေါက်သည်အထိ စက်ရုံဝန်းထဲလိုက်ရှာမိသည်။
မတွေ့...
"ဟားbabe မနောက်နဲ့နော် ထွက်ခဲ့ ကိုကို့ကိုစိတ်ဆိုးနေတာလား babe"
စက်ရုံမှူးနဲ့ မန်နေဂျာတွေကအစ ...လုပ်သားတွေပါမကျန် အကုန်စစ်မေးသော်လည်း အစအန မရ။ကားတွေနှင့်ပတ်ရှာကြည့်ပြီးပြီ။ ဖေကြီးလည်းဖုန်းဆက်ပြီးပြီ။babeပျောက်နေတာသေချာသွားပြီ။အံ့မင်းခန့် စိတ်တိုတိုနှင့် ကိုယ့်ခေါင်းကိုယ်..
ထုမယ်ထင်ပါသလား။ မထုနိုင်ပေါင်။ဘေးက လေကြောရှည်အာချောင်နေသော စက်ရုံမှူးနှင့် မန်နေဂျာကိုသာ ခေါင်းပြောင်ပြောင်နှစ်လုံးကို ထိပ်ချင်းတိုက်ပေးလိုက်သည်။
"ငါ့လင်ပျောက်သွားပြီကွ ဘယ်သူတာဝန်ယူမလဲပြော"အားလုံးလန့်နေကြသည်။အနုမြူဗုံးပေါက်တာထက်ဆိုးတယ်လေ....ဘောစ့်ကလင်တရူး...
နောက်ဆုံး မျက်လုံးနီပြီးမူမမှန်သော အရက်နံ့ထွက်နေသည့် အလုပ်သမားတစ်ယောက်ကို အံ့ ဆွဲထုတ်လိုက်သည်။
"မင်းကို ငါ မသင်္ကာဘူး ပြောစမ်းဟေ့ကောင် ဒီပုံထဲက ကောင်လေးကို မင်းဘာလုပ်လိုက်လဲ"
"ကျ ကျနော် မဟုတ်ဘူး"
"ဘယ်သူလဲ ပြော မပြောရင် သေတာထက်ပိုဆိုးသွားမယ်နော်"
"ပြော ပြောပါ့မယ် "
စိတ်မရှည်၍ ညို့သကျည်းကိုဖြတ်ကန်လိုက်သည့်အံ့..
သူကန်ပြီးသူ့ခြေထောက်သူပြန်ကိုင်ကာ ခုန်ဆွ ခုန်ဆွဖြစ်နေသည်။ဖိနပ်ပေါက်ထားတာကိုး..."ခွေးမသား မြန်မြန်ပြော လေကြောရှည်မနေနဲ့ ရှည်တာမှန်သမျှ ဖြတ်ပစ်လိုက်မယ်"
စိတ်တိုနေသောဘောစ့်ကြောင့် ထိုလူမှာ သူ့ သူငယ်ချင်း မွှေထားတာကိုပြောပြလိုက်ရသည်။
နောက်ဆုံး အံ့တို့ ရောက်သွားတော့ မြင်လိုက်ရသည့်မြင်ကွင်းက....
ŞİMDİ OKUDUĞUN
Ukeတစ်ယောက်၏ဖခင်(Father of a bridegroom🤵)(S1)
RomantizmUnicode ~~Zawgyi သားကိုအလွန်ချစ်ပြီးအူတိုသော~~ဦးကျော်ကြား ဖခင်နဲ့လင်ဖြစ်သူ ကြားဗျာများရတဲ့ ~~သျှားမြတ်ကျော် သျှားချစ်သူကျီးကန်းမည်းလေး~အံ့မင်းခန့်🦃 ယောကျာ်းကိုတုန်နေအောင်ချစ်ပါသော်လည်း တစ်ခါ တစ်ခါစိတ်လွတ်တတ်သူ စိတ္တဇရူး~~ ဒေါက်တာရဲနောင...