Part47

4.3K 397 12
                                    

Unicode

"သကြားမုန့်ဖက်ထုပ် ပူပူ​လေး ရမယ်​နော် ​ဟော့ဒီက သကြားမုန့်ဖက်ထုပ်"

သျှား ည၁၂နာရီ​လောက် ​မှေးခနဲ အိပ်​ပျော်သွားစဥ် ရုတ်တရက် သကြားမုန့်ဖက်ထုပ်သည် အသံကြား၍အံ့ဩပြီးနာရီကိုကြည့်မိသည်။၁၂နာရီ ၁၅မိနစ်...
အမ​လေး လူမှဟုတ်ရဲ့လား။ငါက သရဲ​ကြောက်တယ်​နော်။မုန့်သည်က ဒီချိန်ကြီးထွက်ရလား။

​ကြောက်​ကြောက်နှင့်လင်​တော်​မောင်ကိုနှိုး​တော့ ဒင်းက အိမ်မက်ထဲ​ရောက်​နေတာများ ​ဟောက်​တောင်​ဟောက်လို့

"​ခေါ ခလူး..."

"ကိုကို ကိုကို လို့ ကာလနဂါး​ရေ ထအုန်းဟ တကထဲမှဘဲ ​သေ​နေလိုက်တာများ သူ့တက်လုပ်သွားရင်​တောင်သိမှာမဟုတ်ဘူး"

"အွန်း အဲ..သျှား ဘာလဲကွာ အိပ်​နေတာကို"

"ဟိုမှာသကြားမုန့်ဖက်ထုပ်သည်လာလို့ လာ ငါသွားကြည့်မလို့ အားနာပါးနာ နည်းနည်းလောက်ဝယ်စားမယ် ငါသိချင်လို့ လာပါဆို"

"ဘာသိချင်တာလဲ မုန့်ဖက်ထုပ် အ​ရောင်လား"

"ချီးကို အ​ရောင် ရမှာလား လူ​ရောင်းတာလား သရဲ​ရောင်းတာလား သိချင်လို့​ဟေ့"

"မင်းလင်မဟုတ်ရင်ပြီးတာဘဲဟာ ပြန်အိပ်ကွာ"
သျှားခါးကိုဖက်ပြီးအတင်းပြန်လှဲခိုင်း​နေ၍ လက်ကိုဆွဲကာ နားရွက်ကိုလိမ်ဆွဲ​ပေးလိုက်သည်။အိပ်ချင်​ပြေသွား​တော့မှ ပိုက်ဆံအိတ်ယူကာနှစ်​ယောက်သား လမ်းမ​ပေါ်ထွက်လာခဲ့သည်။
လမ်းမီးတိုင်​အောက် လမ်းမ​ပျောက်ဘဲ မုန့်သည်​ပျောက်​နေ​သောလင်နှစ်​ယောက်...​ဈေးသည်က ​အော်​ပြေး ထင်တယ်....

"​ဟေ့​​ကောင် ခုထိ မ​တွေ့ဘူးကွ သရဲလားမသိ ငါ​ကြောက်တယ် ကိုကို"

'ခလုတ်ထိမှ အမိတ' မဟုတ်ဘူး
'သရဲ ​ကြောက်မှ လင်တ' တဲ့ သျှား​မွှေ​ကျော်

"ကိုကိုတစ်​ယောက်လုံးရှိတယ် သဲ​လေး လာမ​ကြောက်နဲ့"

​ပြောသာ​ပြောတာ သရဲ​တွေ့ရင် သူအရင်ဆုံး​​ရှေ့က​ပြေးမှာ...

"အဟွတ် လူ​လေးတို့ အား​ပေးသွားကြပါအုန်း"

ဗြုန်း ဆို မုန့်​တောင်းကြီးရွက်ပြီး ​နောက်က အသံထွက်၍ နှစ်​ယောက်လှည့်ကြည့်လိုက်​တော့

Ukeတစ်​ယောက်၏ဖခင်(Father of a bridegroom🤵)(S1)Opowieści tętniące życiem. Odkryj je teraz