Unicode
Bus_date
ဒီနေ့က သဲငယ်လေးဘွဲ့ယူရန်ဝတ်စုံသွားကြည့်ရမည်ဖြစ်သည်။လင်ရပြီးကလေးသာတစ်ယောက်နဲ့တစ်ဗိုက်ဖြစ်လာတာဘွဲ့က ခုမှယူရမယ့်အဖြစ်...သျှားတို့ကတော့ဂင်းနစ်စံချိန်တင်လောက်တယ်
"Babe အဟီး ကိုကို့ကိုမဆူနဲ့နော်"
"ပြော ဘာဖြစ်လို့လဲ မင်းဘာလုပ်ထားလဲ"
"ဟိုလေ ကိုကိုကားမစစ်ထားမိဘူး ကားကဆီကုန်နေတယ် ဖေဖေကြီးကလည်းဒီနေ့ရှယ်ယာရှင်တွေနဲ့ချိန်းထားလို့တဲ့သူ့ကားယူသွားတယ် အဲ့ဒါလေ"
"မင်းကတော့နော် အရေးအကြောင်းဆိုဘာမှအားမကိုးရဘူး"
"ချစ်သဲတုန်ရယ် မဆူပါနဲ့ ကိုကိုလည်းအလုပ်များနေတော့မေ့သွားတာပါ ကိုကိုတို့ဒီနေ့အထူးအဆန်းဖြစ်အောင်busနဲ့သွားကြမယ်လေ"
"တကယ် မင်းစီးနိုင်လို့လားငါတော့မစီးဖူးဘူး"
"ဟားဟား ဆယ်တန်းတုန်းက ကျူရှင်ပြေးရင် busနဲ့မြို့ပတ်နေကြ လာပါကွာ ကလေးကို ကြိုးသိုင်းချီတဲ့ အင်္ကျီနဲ့ ရှေ့မှာပိုက်လိုက်မယ် သဲလေးမချီနဲ့ ဗိုက်ဗိုက်နဲ့မို့"
"အေး ငါသက်သာရင်ပြီးရော နေရာမရရင်ရော"
"ချောင်တဲ့ကားရွေးစီးမှာပေါ့ကွ"
"ပြီးရော သားသားလာ ပါးပါးအင်္ကျီလဲပေးမယ်နော်"
"အူကြူးလေး ပူတူးလေး ရွှေပန်းလေး နောက်ဆိုညီလေးရတော့မယ် ပါးသားလေးက အကြီးဖြစ်ပြီ"
"အူဝါး ဘာ ဘာ"
"ဟာ ခေးသေးသေးလေး ၆လပဲရှိသေးတယ် စကားပြောချင်နေပြီလား ပြောပါးပါးကို ဘာပြောမို့လဲ ဪ ဗိုက်ကိုကိုင်ချင်လို့လား "
"ဟားဟား ကြည့်ရတာ သားကbabeပြောတာနားလည်တယ်ထင်တယ် ဒီတစ်ဗိုက်ပြီးရင်လည်းသားပါးပါးဗိုက်ထဲမှာစုဗူးလေးတွေထပ်စုရတော့မယ်"
"မသာ မင်းလင် ငါကအထီးကြီးကွ ခွဲမွေးတာ၃ခါအပြင်ပိုမွေးလို့မရဘူးလေ ကာလနာရဲ့"
ESTÁS LEYENDO
Ukeတစ်ယောက်၏ဖခင်(Father of a bridegroom🤵)(S1)
RomanceUnicode ~~Zawgyi သားကိုအလွန်ချစ်ပြီးအူတိုသော~~ဦးကျော်ကြား ဖခင်နဲ့လင်ဖြစ်သူ ကြားဗျာများရတဲ့ ~~သျှားမြတ်ကျော် သျှားချစ်သူကျီးကန်းမည်းလေး~အံ့မင်းခန့်🦃 ယောကျာ်းကိုတုန်နေအောင်ချစ်ပါသော်လည်း တစ်ခါ တစ်ခါစိတ်လွတ်တတ်သူ စိတ္တဇရူး~~ ဒေါက်တာရဲနောင...