9(Z/U)

1.1K 155 63
                                    

မိုးရွာပီးမှပူလာတဲ့​နေက မီးထ​တောက်​လုမတတ်​ပူ​လောင်​လွန်းတယ်​။
သို့​သော်​..သူက​တော့ ပူဖို့မစဉ်းစားမိ​သေး။
Jung Hoseokအင်​ကျီအပွကြီးကိုဝတ်​ကာ ခြံထဲက​မြေကွက်​လပ်​ကျယ်​မှာ နှင်းဆီအပင်​​ပေါက်​​တေကို စိုက်​ဖို့ တူးဆွ​နေရသည်​။

"ဟူး .. ​မောလိုက်​တာ .. ​နေကလဲအလင်း​ရောင်​ရရုံပဲလင်း​ပေးပီး မပူရင်​​ကောင်းသား ..."

"ဘုက်​!"

သူ့မျက်​စိ​ရှေ့ကိုကျလာတဲ့​ရေသန့်​ဗူး​လေး​ကြောင့်​ ​မော့ကြည့်​လိုက်​​တော့ Jung Hoseokက သူ့ကိုလက်​ပိုက်​ကြည့်​​နေ၏။

"မ​သေ​အောင်​ဒီ​ရေ​လေးနဲ့အသက်​ဆက်​လိုက်​ပါအုံး Min Yoongi"

"​ကျေးဇူး....."

"​ကျေးဇူးအတင်​ခံချင်​လို့လုပ်​​ပေး​တာမဟုပ်​ဖူး. ​သေသွားရင်​မနှိပ်​စက်​ရ​တော့မှာစိုးလို့.."

ပြန်​​ပြောချင်​​နေတဲ့စကားလုံး​တေကိုမျိုသိပ်​ရင်း လက်​ထဲက​ရေဗူးကိုသာ ​မော့ချလိုက်​မိတယ်​။
မင်းနဲ့ပက်​သက်​သမျှနာကျင်​စရာ​တေ​ဒီ​ရေနဲ့အတူ​မြော​စေ။

"ပန်း​တေက အကုန်​အနီချည်းပဲလား..Jung Hoseok"

"အခြားဘာအ​ရောင်​​တေမြင်​​နေ​သေးလို့လဲခင်​ဗျားက"

"​တောင်းပန်​ပါတယ်.. "

တွေ​ဝေခြင်းမရှိဘဲ ​တောင်းပန်​လိုက်​တယ်​​နော်​။
မှားသည်​ဖြစ်​​စေ မမှားသည်​ဖြစ်​​စေ မင်းကိုချစ်​တာမလို့..။

"Bohyungက အနီ​ရောင်​ကြိုတ်​တယ်​​လေ .. ​နောက်​ဆိုဒီအိမ်​ကသူ့အိမ်​ဖြစ်​လာ​တော့မှာဆို​တော့ သူကြိုတ်​တာ​လေး​တေနဲ့ပဲ ပြည့်​​နေ​စေချင်​လို့.."

"​အော်​..."

ဘာမှမဖြစ်​သလိုဟန်​​ဆောင်​​ကောင်းတတ်​ချင်​တယ်​။
လိမ့်​ခနဲကျသွားတဲ့မျက်​ရည်​စ​တေက Jung Hoseokရဲ့အိမ်​စီးဖိနပ်​ပါးတစ်​ရံ​ပေါ်မှာ စိုစွတ်​လို့။
ကွဲသွားတဲ့နှလုံးသားက​တော့ သူနင်း​ခြေစရာမလိုဘဲ အလိုလို​ကြေမွ​နေပီးသားပါပဲ။

"ခင်​ဗျားငို​နေတယ်​ .. အဟက်​.. ကြည့်​ရတာကန့်​လန့်​ကြီးကွာ..အမြဲအ​ကြောတင်း​နေတဲ့ခင်​​ဗျားမျက်​ရည်​​တေက ခုကိုယ့်​​ခြေ​ထောက်​​ပေါ်မှာပါလား..."

Without Tomorrow City(မနတ်​ဖြန်​မရှိ​သောနိုင်​ငံ)Où les histoires vivent. Découvrez maintenant