12(Z&U)

1.1K 145 91
                                    

ဒယ်​ဂူမြို့ရဲ့အထင်​ကရ စား​သောက်​ဆိုင်​​လေးမှာ မနတ်​​စော​စော ဆိုင်​စဖွင့်​ထဲက သူ​ရောက်​​နေတာ ခုဆို​နေ့လည်​စာစားချိန်​ပင်​​ရောက်​​နေပြီ။

အ​ကြောင်းရင်းက​တော့ သူ့Yoongi က Sunday​တေဆို ဒီဆိုင်​​လေးမှာလာစားတတ်​တယ်​လို့သိထားလို့ ...အနဲဆုံးလူမမြင်​ရ​တောင်​ တစ်​​နေရာမှာတစ်​​လေထဲရှူ​နေတယ်​ဆိုတဲ့ ခံစားချက်​နဲ့တင်​လုံ​လောက်​ပီမို့.....။

စားပွဲ​ပေါ်က sprite ဗူး​လေးက အ​အေးပြယ်​လို့ ပူ​လော​လောနဲ့​သောက်​လိုက်​ရင်​ အရသာသိပ်​မထိ​တော့​ပေ။

"ဘာလို့​ရောက်​မလာ​သေးတာလဲ ..."

လက်​သည်း​တေနဲ့စားပွဲကို တစ်​​ဒေါက်​​ဒေါက်​​ခေါက်​ရင်း ဖုန်းထဲက ​​ကြော်​ငြာ​လေးတစ်​ပုဒ်​ကိုထပ်​ခါထပ်​ခါကြည့်​​နေမိသည်​။
သူ့Yoongi က ပြုံးလိုက်​ရင်​သိပ်​​ချောတယ်​။
သို့​သော်​...အတိတ်​​တေတုံးက​လောက်​​တော့ အပြုံးဟာ အသက်​ဝင်​မ​နေ​တော့ဘဲ အ​ရောင်​​တေ​ဖျော့​နေခဲ့၏။

အတိတ်​ကိုအချိန်​ခရီးသွားနဲ့ပြန်​သွားပီး ​ချော့မြူလို့ရရင်​​ကောင်းသား။
အတိတ်​ဆိုတာ​ကောင်းကင်​နဲ့တူတယ်​။
လက်​တစ်​ဖတ်​နဲ့​ခေါ်လို့မရတဲ့​ကောင်းကင်​ကို လက်​နှစ်​ဖတ်​နဲ့​ခေါ်လဲအရာမထင်​သလို​ပေါ့။
သူတို့အတိတ်​ကလဲ ဘယ်​လိုမှပြန်​ပြင်​ဆင်​လို့မရနိုင်​​တော့ဘူး​လေ။

"ဟဲ့..လာပီ..လာပီ... ငါတို့စာအုပ်​ဖတ်​ချင်​​ယောင်​​ဆောင်​​နေကြမယ်​ .. နင့်​ဖုန်းကိုမသိမသာ​လေးချိန်​ထား​နော်​"

"​အေးပါဟယ်​.. Oppaကfree style ​လေးနဲ့လဲ ကြည့်​လို့​ကောင်း​နေတာပဲ..ငါ​တော့ရူးချင်​လာပီ"

ဘေးဝိုင်းက တိုးကြိတ်​ကြိတ်​အသံ​တေ​ကြောင့်​ သူပက်​ဝန်းကျင်​ကို အကဲခက်​ကြည့်​လိုက်​​တော့ သူ့မျက်​နှာချင်းဆိုင်​ တစ်​ဝိုင်း​ကျော်​မှာ မန်​​နေဂျာနဲ့အတူ စားစရာ​တေမှာ​နေတဲ့ သူ့Yoongi​လေး။

ဘယ်​​လောက်​ပဲမသိသာ​အောင်​ ဖုံးအုပ်​ထားပါ​စေ မျက်​လုံး​သေး​သေး​လေး​တေကိုကြည့်​ရုံနဲ့ မှတ်​မိ​နေတဲ့ အနက်​ရှိုင်းဆုံးတစ်​​နေရာက သူ့ရင်​ဘက်​ထဲမှာရှိ​နေသည်​​လေ။

Without Tomorrow City(မနတ်​ဖြန်​မရှိ​သောနိုင်​ငံ)Hikayelerin yaşadığı yer. Şimdi keşfedin