10(Z&U)

1.1K 169 65
                                    

"Min Yoongi!!! ခင်​​ဗျား....ထစမ်း..."

နာကျင်​လွန်းလို​တစ်​ညလုံးအိပ်​မ​ပျော်​​ပေမဲ့ မိုးလင်းခါနီး​မှေးခနဲအိပ်​​ပျော်​ရုံရှိ​သေး အတင်းလှုပ်​နှိုး​နေတဲ့ Jung Hoseok​ကြောင့်​ မျက်​လုံးဖွင့်​ကြည့်​လိုက်​သည်​။

"ဘာလဲ .. "

"ဒါဘယ်​လိုဖြစ်​ရတာလဲ.. ဟမ်​...ခင်​ဗျားကြံစည်​ထားတာမလား... "

"​မေးရက်​လိုက်​တာ .. မင်းဘာမှမမှတ်​မိ​တော့ဘူးလား"

"မမှတ်​မိဘူး..​အေး..မမှတ်​မိတာ​ကောင်းတယ်​..ခင်​​ဗျားနဲ့ပက်​သက်​ရင်​အကုန်​​မေ့လိုက်​ချင်​တာ .."

"​မေ့​သွားရင်​လဲ .. ဒီအတိုင်း​လေးပဲထားလိုက်​ပါ​တော့ .. ငါတို့ဘာမှမဖြစ်​ခဲ့ကြဘူးလို့ မင်းသ​ဘောထားလိုက်​"

ထိုအခါ ချစ်​ရသူက ဆံပင်​​တေကိုခပ်​ကြမ်းကြမ်းထိုးဖွရင်း စိတ်​ညစ်​ညူးဟန်​ သက်​ပြင်း​တေအကြိမ်​ကြိမ်​ချ၏။
သူ့အတွက်​​ကြောင့်​နဲ့​တော့ ​ကျေးဇူးပြုပီး စိတ်​မညစ်​ပါနဲ့လား။

"Shit! .. ခ​လေးမသိပါ​စေနဲ့.."

အော်​..အဟား..ဟားဟား... Hoseokရယ်​ .. လို့သာစိတ်​ထဲ နာနာကျင်​ကျင်​​ခေါ်လိုက်​မိ​တော့သည်​။

"စိတ်​ချပါ .. Bohyungလုံးဝမသိ​စေရဘူး.."

"​တော်​​တော်​ပြသနာရှာတာပဲ ခင်​ဗျား"

"ဦး...ဟင့်​"

ကုတင်​​ပေါ်မှာအ​ခြေအတင်​ဖြစ်​​နေကြတဲ့ သူတို့နှစ်​​ယောက်​ကိုအခန်းဝက​နေရပ်​ကြည့်​​နေတဲ့ Bohyungက ခပ်​တိုးတိုး​လေးလှမ်း​ခေါ်ရင်း မျက်​ရည်​ကျပြ၏။
အဲ့မျက်​ရည်​​တေကို​တော့​ကြောက်​မိသား...။
တရားခံက သူပါလို့ အစွပ်​စွဲခံရဖို့ကျိန်း​သေ​နေပီမလား။

"ခ​လေး .. "

"ဦး ရက်​စက်​တယ်​.. လုပ်​ရက်​လိုက်​ကြတာ..."

"မဟုပ်​ဖူး​နော်​ခ​လေး ... ဒါ​တေအားလုံး Min Yoongiကြံစည်​ထားတာ .. ဦး ရှင်းပြမယ်​ကွာ..."

Jung Hoseokက ကုတင်​​ပေါ်က​ပြေးဆင်းရင်း Bohyungကို​ပြေးဖတ်​လိုက်​သည်​။

Without Tomorrow City(မနတ်​ဖြန်​မရှိ​သောနိုင်​ငံ)Hikayelerin yaşadığı yer. Şimdi keşfedin