6(Z&U)

1K 157 122
                                    

"ဦး.."

"အင်း Bohyung ... "

အ​တွေးအ​ခေါ်စာအုပ်​တစ်​အုပ်​ကိုထိုင်​ဖတ်​​နေတဲ့ ဦး​က သူ့​ခေါ်သံ​ကြောင့်​ စာအုပ်​ကိုပိက်​လိုက်​ပီး ပြန်​ကြည့်​လာသည်​။

"ကျွန်​​တော်​ ညကျ ဦးအခန်းထဲလာအိပ်​မယ်​​လေ.."

"ဦး အဆင်​​ပြေပါတယ်​ .. Bohyungအိပ်​​ယေးပျက်​​နေပါ့
မယ်​ .."

"ဦး တစ်​ခုခုလိုရင်​အနားမှာအဆင်​သင့်​ရှိ​နေ​ပေးချင်​လို့ပါ ..ခွင့်​ပြု​ပေး​နော်​ ဦး"

ဦး လက်​​မောင်း​တေကိုခပ်​ချွဲချွဲတွဲခိုရင်း ဆိုမိ​တော့ ဦးက ဟက်​ဟက်​ပက်​ပက်​ရီ၏။
ဦးရဲ့ ပါးချိုင့်​​သေး​သေး​လေး​တေကို သူသိပ်​သ​ဘောကျတာပဲ။

"သ​ဘောပါဗျာ .. ကြိုတ်​သလိုသာလုပ်​.. အကုန်​ခွင့်​ပြု​ပေးထားတယ်​..ဟုပ်​ပီလား"

"အာ .. တကယ်​​နော်​ ဦး ... "

"တကယ်​.."

သူ့ဆန္ဒမှန်​သမျှကို ဖြည့်​စည်း​ပေးတဲ့ ဦးက သူ့အ​ပေါ်များ သ​ဘောကျ​နေသလားလို့ ​တွေးလိုက်​မိ​တော့ ရူးမတတ်​​ပျော်​မိသည်​။
ဦးကို ကြိတ်​ချစ်​ရတာ 3နှစ်​နဲ့1ရက်​တိတိရှိခဲ့ပီမို့ .....။

"ဦး .. Yoongi hyungကဘယ်​​တော့ပြန်​မလဲဟင်​"

"သူ မ​ပျော်​တဲ့အချိန်​​ပေါ့...."

Yoongi hyungအ​ကြောင်း​ပြောလိုက်​ထာနဲ့ ဦးမျက်​နှာက သိသိသာသာကြီးပျက်​ယွင်းသွားတတ်​ထာ 3ကြိမ်​ထက်​မနဲ​တော့။

"သူအိမ်​​ခြေရာမဲ့ဆိုတာကို ဦးယုံလား.."

"မျက်​စိနဲ့မြင်​​နေရတာ​တေကိုသာ အမှန်​တရားလို့လက်​ခံထားလိုက်​ပါ Bohyung.. ​အေးချမ်းပါတယ်​"

"အမှန်​တရားက အမှားကြီးဖြစ်​​နေခဲ့ရင်​ နစ်​နာသူက ဦးဖြစ်​သွားမှာ စိုးရိမ်​ရုံသက်​သက်​ပါ.."

"ဘာမှစိုးရိမ်​စရာမလိုဘူး ... အချိန်​တန်​ရင်​ပြန်​သွားမဲ့လူ​တေကို စိတ်​နှစ်​မထားတဲ့အတွက်​ ဦး မှာနစ်​နာတယ်​ဆိုတာရှိလာမှာမဟုပ်​ဖူး..."

သူလိုချင်​တဲ့ pointကို​ရောက်​ခဲ့ပြီ။
ဦး ရင်​ထဲမှာ Yoongi hyungကရှိမ​နေခဲ့ဘူးကိုး။

Without Tomorrow City(မနတ်​ဖြန်​မရှိ​သောနိုင်​ငံ)Dove le storie prendono vita. Scoprilo ora