UNICODE
"အဖေ သူက သမီးရဲ့လက်ထောက်ပါ"
"တွေ့ရတာ ဝမ်းသာပါတယ် သူဌေး၊ ကျွန်မကKim Jennieပါ၊ အကောင်းဆုံးကြိုးစားနေပါတယ်"
"အင်းအင်း တာဝန်ကျေလိုက်ပါဦး"
ဒီလိုနဲ့ အစည်းအဝေးဆက်လုပ်ဖြစ်ကြတယ်။ လိုအပ်တာလေးတချို့ မှာပြီး Sooအဖေက ပြန်သွားတယ်။ Sooက သူ့အဖေကိုပြန်လိုက်ပို့ရတယ်။
သူပြန်လာတော့ Yeri, Chanwooနဲ့ Jinhwanတို့က နေ့လည်စာစားဖို့ ထွက်သွားနှင့်ကြပြီ။
"Jennie, နေ့လည်စာ မစားသေးဘူးလား"
"unnieကိုစောင့်နေတာ၊ ဒီနေ့ unnie ဆိုင်မသွားဘူးမလား၊ Luch boxယူလာတာတွေ့တယ်။ အတူစားရအောင်"
"အင်း..."
Chaeပြောထားတာကိုတော့ သူပြန်တွေးမိသေးတယ်။
"ဒါဆို...အနေအထိုင်ဆင်ခြင်ကွာ၊ နောက်ဆို သူနဲ့နှစ်ယောက်ထဲမရှိစေနဲ့ ...""တခြားသူတွေရောJen"
"အပြင်မှာ သွားစားကြတယ်လေ"
"ဪ..."
*နေ့လည်စာစားတာပဲ...ရပါတယ်လေ၊ babe chipmunkလည်း မသိလောက်ပါဘူး*
"စားရအောင်လေ၊ ကျွန်မ ကြက်ဥလိပ်လည်း ပါတယ်၊ unnieရော ဘာယူလာတာလဲ"
"အာ...ဂင်မ်ဘက်" (ရေညှိထမင်းလိပ်)
သူတို့ ရုံးခန်းအလယ်က ဧည့်ခန်းစားပွဲမှာပဲ အတူစားဖြစ်ကြတယ်။
"unnie, ဒါလည်းယူ၊ ကောင်းတယ်မလား အမေ လုပ်ပေးလိုက်တာ"
"အင်း အရသာရှိတယ်"
*ပျော်ပျော်နေတတ်တဲ့ unnieက ဒီနေ့ ဘာလို့ အရင်နဲ့ မတူပါလိမ့်၊ အလုပ်တွေကြောင့် စိတ်ပင်ပန်းနေတာများလား*
"အဟွတ်...ဟွတ်..."
Jisoo ရုတ်တရက် သီးသွားတော့ သူက ရေအမြန်ယူပေးတယ်။
"ရရဲ့လား..."
ကျောကုန်းကိုလည်း ပုတ်ပေးမိတယ်။ ဒါပေမဲ့ သူ့လက်ကို Sooက အသာလေး ဖယ်ထုတ်လိုက်တယ်။
"ငါအဆင်ပြေပါတယ်"
"အင်း...ကင်မ်ချီက စပ်လို့လား၊ ကြက်ဥလိပ်စားလိုက်ရော့..."
YOU ARE READING
My Love, It's You! {Completed}U+Z
FanfictionJisoo unnieကို အချိန်တွေအကြာကြီး တစ်ဖက်သတ်ချစ်နေတဲ့ Jen, အခက်အခဲမျိုးစုံ အသိုင်းအဝိုင်းရဲ့ သဘောမတူနိုင်မှုမျိုးစုံကြားကနေ အားတင်းပြီး တည်ဆောက်ထားတဲ့ Roséနဲ့ Jisooရဲ့ relationship, Rosé ကို ငယ်ဘဝထဲကချစ်ခင်ခဲ့တဲ့ friend zoneထဲရောက်နေရသူ Lisa Jisoo u...