Episode 6, Wants and Needs

2K 199 30
                                    

UNICODE

သူ Sooရဲ့ အပေါ်Sweaterကို ချွတ်ပေးလိုက်တယ်။ shirt လက်ရှည်အနက်ရောင်တစ်ထပ်ကိုတော့ မချွတ်တော့ဘူး။ ဘောင်းဘီက ခါးပတ်အကြပ်ပတ်ထားတာကိုလည်း ဖြုတ်ပေးလိုက်တယ်။ အခုမှ သူမ သက်တောင့်သက်သာ ပိုရှိသွားပုံပဲ။

အိပ်ပျော်နေတဲ့သူမကို စောင်ခြုံပေးရင်း နှုတ်ခမ်းတွေကိုကြည့်မိတယ်။

ဒီနှုတ်ခမ်း‌လေးက Roséနဲ့ အနမ်းတွေပေးနေခဲ့တာကို မြင်ယောင်လာမိပြီး ရင်ထဲက စူးခနဲဖြစ်လာတယ်။

‌knock**

"Nini ya ommaပါ"

အမေက အခန်းတခါးဖွင့်ဝင်လာတယ်။

"အဆင်ပြေလား သမီး၊ သူရော ဘာလိုလဲ"

"အဆင်ပြေပါတယ်၊ သူ့ကို သမီးကုတင်ပေးထားပြီး ဒီည သမီး ဆိုဖာပေါ်ပဲ အိပ်လိုက်မယ်"

"အင်းပါ၊ လိုတာရှိလား လာမေးတာ"

အမေက ကုတင်ဘေးက ဓာတ်ပုံကိုလှမ်းကြည့်တယ်။ သူအမြန် မှောက်လိုက်တယ်။

"ငါအကြိမ်ကြိမ်မြင်ပြီးသားပါ၊ အခုမှ ဘာတွေ ဖုံးကွယ်နေ..."

"သူ...သူမြင်မှာစိုးလို့"

"နင့်လူကဖြင့် သေသလိုအိပ်နေတာကို"

"Ommaကလည်း"

"‌ကလေးမက သေချာကြည့်လေ လှလေပဲ၊ ‌မူးပြီး အိပ်နေတာတောင် အလှမပျက်ဘူး။ နင်ကြိုက်ရင်လည်း ကြိုက်ချင်စရာပါပဲ"

"ဒီတိုင်း လှလို့သက်သက်တော့ မကဘူး‌ပေါ့ အမေရယ်"

သူက ပြောရင်း Sooကို ငေးကြည့်နေပြန်တယ်။

"Jennie"

"ဟင်"

"အိပ်တော့၊ စိတ်‌ထဲ အတွေးတွေ များမနေနဲ့"

"ဘာ...ဘာအတွေး များမိလို့လဲ!"

"ဒီတိုင်းစိတ်ရှုပ်မခံပဲ အိပ်တော့လို့ ပြောတာပါ၊ ပင်ပန်းလာတယ်မလား။ သူ့ဘာသာ မလုံမလဲနဲ့...စိတ်ကို စုစည်းထားစမ်း ဒီကလေးမ"

"Omma!"

အမေက အခန်းထဲက ထွက်သွားတယ်။ သူလည်း သက်ပြင်းချပြီး ဆိုဖာပေါ်လှဲချလိုက်တယ်။ Sooကို ကြည့်မိတိုင်း တခြားသူနဲ့ နမ်းနေတဲ့ သူမရဲ့ နှုတ်ခမ်းတွေကြောင့် ခံစားရခက်တယ်။

My Love, It's You! {Completed}U+ZWhere stories live. Discover now