UNICODE
Parallel Worldကို အချိန်ပိုပေးနေရလို့ ဒါလေးနောက်ကျသွားတယ်။ Miyanhae guys.
%%%%%%$$$%%%%%%
နောက်နေ့မနက် ဆိုဖာပေါ်မှာ နိုးလာခဲ့တယ်။ ခေါင်းအုံးနဲ့စောင်ရှိနေပေမဲ့ ငါဘာလို့ အိပ်ခန်းထဲရှိမနေပါလိမ့်လို့ တွေးနေမိတယ်။
နှာခေါင်းထဲတိုးဝင်လာတဲ့ အနံ့တစ်ခု၊ ကင်မ်ချီထမင်းကြော်ပဲ...ဗိုက်က အလိုလိုဆာလာတယ်။ ထထိုင်လိုက်ချိန် နားထင်က စူးခနဲ့ပဲ။"ခေါင်းကိုက်လိုက်တာ..."
သူထသွားပြီး မီးဖိုခန်းဆီရောက်တော့...
"Jennie?"
"နိုးပြီလားunnie, ရေညှိဟင်းရည်လုပ်ထားပေးတယ်၊ ခဏနေ ထမင်းကြော်လည်းရတော့မယ်"
"ဒီကို ဘယ်လိုရောက်နေတာလဲ"
"မမှတ်မိဘူးလား၊ ညကတည်းကရောက်တာလေ unnieကမူးနေတာကိုး"
"Oh..."
"ဝရန်တာမှာတင် မူးပြီးအိပ်သွားတာ အိပ်ခန်းထိရွေ့ပေးဖို့ကျ မနိုင်တာနဲ့ ဧည့်ခန်းဆိုဖာပေါ်ပဲ ခေါ်ခဲ့ရတယ်။"
"ဪ...ကျေးဇူး...ညက နင်ဒီမှာပဲအိပ်တာလား"
"အင်း တစ်ယောက်ထဲထားခဲ့ရမှာ စိတ်မချလို့"
"ဘာစိတ်မချစရာရှိလို့လဲ၊ ညက ဘယ်လိုအိပ်ခဲ့လဲ"
"ဟိုဘက် couchမှာပေါ့"
"အားနာစရာ"
"အားနာစရာမလိုပါဘူး၊ လာ မနက်စာရပြီ ပြီးရင် ခေါင်းကိုက်ပျောက်အောင် ဆေးသောက်ရမယ်"
"အင်းပါ...ငါခေါင်းကိုက်နေတာ ဘယ်လိုသိလဲ"
"ညက အများကြီးသောက်ထားတယ်လေ"
"ငါဘာလို့များ...oh! မှတ်မိပြီ...ငါတကယ် မေ့ထားမိတာ...ငါတို့ လမ်းခွဲခဲ့တာပဲ...ငါနဲ့ Chae လမ်းခွဲခဲ့တာပဲ..."
ချက်ချင်း သူမျက်နှာပျက်သွားတာသတိထားမိတယ်။
"လာပါ အရင်ဆုံး စားလိုက်ဦး၊ စိတ်ညစ်စရာကို အကြိမ်ကြိမ်တွေးနေတာ ကောင်းကျိုးမရှိဘူး၊ ပြီးတာက ပြီးသွားပြီ Just move on unnie"
YOU ARE READING
My Love, It's You! {Completed}U+Z
FanfictionJisoo unnieကို အချိန်တွေအကြာကြီး တစ်ဖက်သတ်ချစ်နေတဲ့ Jen, အခက်အခဲမျိုးစုံ အသိုင်းအဝိုင်းရဲ့ သဘောမတူနိုင်မှုမျိုးစုံကြားကနေ အားတင်းပြီး တည်ဆောက်ထားတဲ့ Roséနဲ့ Jisooရဲ့ relationship, Rosé ကို ငယ်ဘဝထဲကချစ်ခင်ခဲ့တဲ့ friend zoneထဲရောက်နေရသူ Lisa Jisoo u...