UNICODE
.
.Jennieအလုပ်မလားဘူး။ ၂ရက်ရှိပြီ။ ဟိုနေ့ညက အဖြစ်ကြောင့်လား။ ဖုန်းလည်းမဆက်ဖြစ်ဘူး။ ဘာလုပ်ရမှန်းလည်း မသိဘူး။
Yeriပါဒီနေ့မလာတော့ ဘယ်လိုစုံစမ်းရမှန်မသိဘူးလေ။ သူ့မိဘတွေကို မေးရမလား...?Seulgi, Ireneတို့စကားတွေကြောင့် ကိုယ့်ကိုကိုယ် မေးခွန်းများစွားမေးခဲ့မိတယ်။
အခုထိ အပြန်အလှန် followထားတဲ့ Chae Instagram accကနေ Lisaနဲ့ dinner dateပုံတွေတွေ့ခဲ့သေးတယ်။
*Chaeတောင် နှလုံးသားကို ပြန်စတင်ဖို့ ကြိုးစားနိုင်နေပြီ။ ငါက ဘာတွေ စိုးရိမ်စိတ်များနေမိတာလဲ...?*
အခုလည်းအလုပ်ကို နည်းနည်းလေးမှ စိတ်မပါတာ။ အမှုတစ်ခုတွက် စွဲချက်ရေးတာတောင် ငွေညစ်ရန်ခြိမ်းခြောက်မှုကို ဘာမှမဆိုင်တဲ့ မဒိန်းမှုနဲ့ ပုဒ်မ မှားတပ်မိတဲ့အထိပဲ။ အရာရာ တက်တက်စင်အောင် တလွဲတွေချည်း လုပ်နေမိတာ။ မှားလို့ပြန်ပြင်ရင်း ရေးလက်စအကုန်လုံးကို deleteထပ်နှိပ်မိသေးတယ်။
လက်ပတ်နာရီကိုလည်း ပြောင်းပြန်ပတ်လာသေးတယ်။ သူအခုထိ အဲ့ဒါကို မသိသေးဘူး။ မနက်ကဆို breakfastစားတာ ပေါင်မုန့်ကင်လည်း တူးတယ်။ Nutella ချောကလက်ယို ကိုလည်း ဇွန်းနဲ့ခပ်ပြီး ကော်ဖီထဲ ထည့်မွှေမိသေးတယ်။
အဆိုးဆုံးကတော့ အိမ်နေရင်းစီး ယုန်ရုပ်ပါတဲ့ ဖိနပ်ကြီးနဲ့ အလုပ်ရောက်လာတာပဲ။
အခုလည်း Lap top screenကြီးကို ငူငိုင်စွာ ထိုင်ကြည့်နေတယ်။စိတ်နဲ့ ကိုယ်နဲ့ကို မကပ်တာ။ ဘာလုပ်လုပ် အဆင်မပြေဘူး။ ဗိုက်ဆာတဲ့အပြင် စိတ်ထဲလည်း မွန်းကြပ်လာတာနဲ့ အပြင်သွားဖို့စဉ်းစားလိုက်တယ်။
"ငါ...မနက်စာလည်းကောင်းကောင်း မစားရသေးဘူး ဗိုက်ဆာလို့ မုန့်သွားစားဦးမယ်"
"ဟုတ်"
"နင်တို့ဘာမှာဦးမလဲ"
"ရပါတယ် မမှာတော့ဘူး noona"
%%%%%%%$$$%%%%%%%
Subway's ဆိုင်တစ်ဆိုင်ဆီကို ကားမောင်းထွက်ခဲ့တယ်။ ဟုတ်တယ် အဲ့ဒီယုန်ရုပ်ဖိနပ်ကြီးနဲ့ပဲ။
YOU ARE READING
My Love, It's You! {Completed}U+Z
FanfictionJisoo unnieကို အချိန်တွေအကြာကြီး တစ်ဖက်သတ်ချစ်နေတဲ့ Jen, အခက်အခဲမျိုးစုံ အသိုင်းအဝိုင်းရဲ့ သဘောမတူနိုင်မှုမျိုးစုံကြားကနေ အားတင်းပြီး တည်ဆောက်ထားတဲ့ Roséနဲ့ Jisooရဲ့ relationship, Rosé ကို ငယ်ဘဝထဲကချစ်ခင်ခဲ့တဲ့ friend zoneထဲရောက်နေရသူ Lisa Jisoo u...