UNICODE
.
.အတူတူကပြီး စားပွဲမှာ သူငယ်ချင်းတွေနဲ့ဝိုင်းဖွဲ့ထိုင်ရင်း စကားတွေပြောဖြစ်ကြတယ်။
Yeriက ရုတ်တရက်..."Jennie နင်ပထမနှစ် နှစ်စတုန်းက ကြိုက်ခဲ့တဲ့ ဟိုအစ်မကြီးက အခုဒီမှာဆရာမပြန်ဖြစ်နေပြီတဲ့"
Jenဆီက လေဆာပစ်နေတဲ့အကြည့်နဲ့ Jisooရဲ့ မျက်ခုံးပင့်ကြည့်တဲ့အကြည့်တွေကို တပြိုင်ထဲလက်ခံရရှိလိုက်တယ်။
"ဘယ်အစ်မကြီးလဲ"
"ဘယ်သူမှ မဟုတ်ပါဘူး unnie, သူလျှောက်ပြော..."
"Ya...နင် မနက်အစောကြီးကျောင်းလာပြီး စာကြည့်တိုက်မှာ သွားချောင်းဖူးတဲ့ Song Jihyo unnieကို မေ့လိုက်ပြီလား"
"ဪ...Jenက အဲ့လောက်တောင်သူ့ကို ကြိုက်ခဲ့တာလား"
"ဒါပေါ့ ကောင်လေးတွေကိုချေသလောက် အစ်မကြီးတွေကိုဆို သူကချည်း...အား!"
ခုံအောက်ကနေ ခြေထောက်ကို အကန်ခံလိုက်ရတာပါ။
"unnie သူလျှောက်ပြောနေတာ"
"နင်မကြိုက်ခဲ့လို့လား"
"Yerim! အရင်ကအကြောင်းတွေအခုမှ ပြန်ပြောမနေနဲ့"
"ကျောင်းသားဟောင်းတွေ့စုံပွဲမှာ အရင်ကအကြောင်းပြန်ပြောတာ သဘာဝပဲလေ"
"Jennieကြိုက်ခဲ့တဲ့ အစ်မကြီးတွေ ဘယ်နှယောက်လောက်ရှိလဲ"
Jisooက ခပ်ပြုံးပြုံးနဲ့ အဲ့လိုကြီးမေးတော့ Jenကြက်သီးတောင်ထတယ်။
Yeriကို မျက်လုံးနဲ့စကားလှမ်းပြောနေမိတယ်။
*နင်သေချင်နေလား*
*ငါက ကူညီနေတာဟဲ့ အဖြစ်မရှိတဲ့နင့်ကို ငါကယ်မှဖြစ်တော့မယ်ဆိုပြီး တွေးမိလို့ပါ*
"အများကြီးပဲပေါ့ Jisoo unnieရယ်၊ သူက လွယ်လွယ်နဲ့ ချစ်တတ်တဲ့လူမျိုး"
"မဟုတ်ပါဘူး!"
"WOW အများကြီးကိုး"
"သူက ဘယ်သူ့ကိုမှ တစ်လပြည့်အောင် မcrushဘူး၊ Jihyo unnieကိုတော့ လပိုင်းလောက်ကြာတယ်။ နောက်ဆုံးအချစ်နဲ့မတွေ့ခင်အထိဆိုပါတော့"
ESTÁS LEYENDO
My Love, It's You! {Completed}U+Z
FanficJisoo unnieကို အချိန်တွေအကြာကြီး တစ်ဖက်သတ်ချစ်နေတဲ့ Jen, အခက်အခဲမျိုးစုံ အသိုင်းအဝိုင်းရဲ့ သဘောမတူနိုင်မှုမျိုးစုံကြားကနေ အားတင်းပြီး တည်ဆောက်ထားတဲ့ Roséနဲ့ Jisooရဲ့ relationship, Rosé ကို ငယ်ဘဝထဲကချစ်ခင်ခဲ့တဲ့ friend zoneထဲရောက်နေရသူ Lisa Jisoo u...