Soo ။ ။ "ဘာမှာမလဲ ကြိုက်တာပြော"
Jen ။ ။ "နေ့လည်စာအတူစားဖို့ကို ဒီလိုဆိုင်မျိုးထိခေါ်လာမယ်မထင်ခဲ့ဘူး"
အကောင်းစား တရုတ်စားသောက်ဆိုင်တစ်ခု။ သူတို့က အပေါ်ထပ် ပေါ်တီဂိုက နှစ်ယောက်စားပွဲမှာ ထိုင်နေကြတယ်။ ဆိုင်ကအကြီးကြီးပဲ။ အစားအသောက်ကလည်း ကြယ်ငါးပွင့်အဆင့် ဟော်တယ်တစ်ခုနီးပါး ကောင်းမွန်တယ်။
"တကယ်က...အဟမ်း...အင်တာနက်ကနေ 50% discount ကူပွန်ပေါက်ထားလို့၊ အဲ့တာ ကူပွန်က သုံးလို့ရမှာ ဒီနေ့နောက်ဆုံးပဲ၊ တစ်ယောက်ထဲ လာစားရရင်လည်း မတန်သေးဘူးလေ၊ ဟုတ်တယ်မလား...hee...မိသားစုနဲ့ လာဖို့ကျတော့လည်း အဖေက သက်သက်လွတ်သမား၊ အမေ ဂျပန်မှာ အစ်မနဲ့အတူရှိနေတာ ဆိုတော့..."
"ဒီလိုကိုး...haha...ကျွန်မကို ခေါ်လာလို့ပဲ ကျေးဇူးတင်ပါတယ်ရှင်။ ဒီလိုဆို ကြိုက်တာ မှာပြီနော်...ဒီနေ့ ကျွန်မ ကံကောင်းနေတယ်လို့ပဲ မှတ်လိုက်တော့မယ်"
"အင်း...ဒီဆိုင်က ဖက်ထုပ်က နာမည်ကြီးတယ်၊ ဝက်သားပေါင်းရောပဲ...ခေါက်ဆွဲကြော်၊ ထမင်းပေါင်းလည်း ကောင်းတယ်...မင်းကြိုက်တာစား၊ အာ...ကူပွန်က ပါဆယ်အတွက်တော့ မရဘူးနော်"
"ဒီက ပါဆယ်ပါဆွဲမဲ့ ရုပ်ပေါက်နေလို့လား..."
"Haha...အထင်မှားသွားလို့ sorry"
"ဟွန့်...လူကို သူ့လို အစားပုတ်တယ်ထင်နေလား မသိဘူး"
"Jenက အများကြီးမစားနိုင်ဘူးလား"
"စားနိုင်ပါတယ် unnieရဲ့"
သူတို့ မှာစရာရှိတာ မှာပြီး အစားအသောက် လာချမှာကို စောင့်နေကြတယ်။ စကားလေး ဘာလေးပြောရင်းပေါ့။
ပြောနေရင်းက စကားစပ်ဆက်မိပြီး...
"Chaeနဲ့ဆို ပိုတန်မှာ သူက အများကြီးစားနိုင်တာရယ်...သူက တကယ် foodieလေးလေ...စားသလောက် ဝိတ်လည်း မတက်ဘူး haha..."
ပြောပြီးမှ ချက်ချင်း အားနာသွားတယ်။ Jenကိုကြည့်လိုက်တော့ သူက ရေတစ်ခွက်ယူသောက်ရင်း အကြည့်တွေလွှဲသွားတယ်။ ခဏနေတော့မှ သူက အပြင်ဘက်ကို ခပ်ငေးငေးကြည့်ရင်း ပြောတယ်။
YOU ARE READING
My Love, It's You! {Completed}U+Z
FanfictionJisoo unnieကို အချိန်တွေအကြာကြီး တစ်ဖက်သတ်ချစ်နေတဲ့ Jen, အခက်အခဲမျိုးစုံ အသိုင်းအဝိုင်းရဲ့ သဘောမတူနိုင်မှုမျိုးစုံကြားကနေ အားတင်းပြီး တည်ဆောက်ထားတဲ့ Roséနဲ့ Jisooရဲ့ relationship, Rosé ကို ငယ်ဘဝထဲကချစ်ခင်ခဲ့တဲ့ friend zoneထဲရောက်နေရသူ Lisa Jisoo u...